ပိုလန်နဲ့ပွဲစဉ်က ဂီရောက်ရဲ့ ချော့ပ်ကန်ချက်ကို ဘယ်သူသင်ပေးထားတာလဲလို့ အိုဇေးလ် စနောက်ခဲ့

ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပိုလန်ဘက်ကိုဂိုးသွင်းယူခဲ့တဲ့ ဂီရောက်ကို ဂုဏ်ပြုချီးမြှင့်သူတွေထဲမှာတော့

အာဆင်နယ်အသင်းဖော်ဟောင်း အိုဇေးလ်က တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

ဒီသွင်းဂိုးကြောင့် ဂီရောက်ဟာ ပြင်သစ်အသင်းသမိုင်းတစ်လျှောက်ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်တယ်။

အိုဇေးလ်ဟာ တစ်ချိန်က ပရီးမီးယားလိဂ်မှာ ‘ဖန်တီးမှုဘုရင်’ လို့ နာမည်ကြီးသူဖြစ်ပြီး

ပိုလန်ဘက်ကို ဂီရောက်သွင်းယူခဲ့တဲ့ပုံစံမျိုးဟာ သူ့ရဲ့ ကစားဟန်တစ်ခုနဲ့ တူညီနေတဲ့အတွက် အချင်းချင်းစနောက်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။

အေစီမီလန်တိုက်စစ်မှူးဟာ ပိုလန်ဂိုးသမားဆက်ဇနီဖမ်းရခက်ဖို့အတွက် ဘယ်ခြေမြေထောက်ကန်ချက်နဲ့ဂိုးသွင်းသွားခဲ့တာဖြစ်တယ်။

သူ့ရဲ့ကန်ချက်က အရှိန်ပါသလိုမြေကြီးနဲ့တစ်ချက်ချင်းပုတ်ပြီးသွားခဲ့တာဖြစ်လို့ ဆက်ဇနီကာကွယ်ဖို့မတတ်နိုင်ခဲ့ပါဘူး။

ပြင်သစ်နဲ့ ပိုလန်တို့ကစားနေစဉ်အတွင်း အိုဇေးလ်က “ကောင်းလိုက်တဲ့ဂိုး၊ ဘရို…မင်းကိုဘယ်သူသင်ပေးထားတာလဲ” လို့ တွစ်တာပေါ်မှာရေးသားခဲ့တာဖြစ်တယ်။

အိုဇေးလ်ဟာ ကြံ့ခိုင်မှုအားကိုးကစားနိုင်သူမဟုတ်ပေမဲ့ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ ဖန်တီးမှုနဲ့ ဂိုးကန်သွင်းချက်နည်းစနစ်တွေကို

အာဆင်နယ်အသင်းဆီသယ်ဆောင်လာခဲ့သူဖြစ်ပြီး ဂီရောက်ကတော့အသင်းဖော်ဟောင်းရဲ့စတိုင်နဲ့အမြတ်ထုတ်နိုင်ခဲ့တာဖြစ်တယ်။

၂၀၁၉ ခုနှစ်အတွင်း အင်တာဗျူးတစ်ခုမှာတော့ အိုဇေးလ်က သူတီထွင်ထားတဲ့မြေထောက်ကန်ချက်(ချော့ပ်ကန်ချက်)နဲ့ ပတ်သတ်လို့

“ကစားသမားတစ်ယောက်အနေနဲ့ အမြဲတမ်းအသစ်အဆန်းကိုရှာဖွေဖော်ထုတ်ချင်တယ်။

ဒါကြောင့် အသစ်တစ်ခုကိုတွေးမိရင် ကွင်းထဲမှာစမ်းပြီးလုပ်ကြည့်ချင်တယ်။ ဒီနည်းနစ်(ချော့ပ်ကန်ချက်)ဟာ

ဘောလုံးကိုပြင်းပြင်းထန်ထန်ရိုက်ခတ်မိတာကြောင့် ဂိုးသမားကမြန်မြန်ဆန်ဆန်နဲ့ရပ်တန့်ဖို့ခက်ခဲလာမှာဖြစ်တယ်” လို့ ဆိုခဲ့ဖူးပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်ကစားသမားဘဝမှာ လီဗာပူးဂိုးသမားမစ်ဂ်နိုလက်ရဲ့ဂိုးပေါက်ထဲကို ချော့ပ်ကန်ချက်နဲ့ဂိုးသွင်းယူခဲ့ဖူးသူဖြစ်တယ်။

zawgyi

ပိုလန္နဲ႔ပြဲစဥ္က ဂီေရာက္ရဲ႕ ေခ်ာ့ပ္ကန္ခ်က္ကို ဘယ္သူသင္ေပးထားတာလဲလို႔ အိုေဇးလ္ စေနာက္ခဲ့

ကမာၻ႔ဖလား ၁၆ သင္းအဆင့္ပြဲစဥ္မွာ ပိုလန္ဘက္ကိုဂိုးသြင္းယူခဲ့တဲ့ ဂီေရာက္ကို ဂုဏ္ျပဳခ်ီးျမႇင့္သူေတြထဲမွာေတာ့

အာဆင္နယ္အသင္းေဖာ္ေဟာင္း အိုေဇးလ္က တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

ဒီသြင္းဂိုးေၾကာင့္ ဂီေရာက္ဟာ ျပင္သစ္အသင္းသမိုင္းတစ္ေလွ်ာက္ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္တယ္။

အိုေဇးလ္ဟာ တစ္ခ်ိန္က ပရီးမီးယားလိဂ္မွာ ‘ဖန္တီးမႈဘုရင္’ လို႔ နာမည္ႀကီးသူျဖစ္ၿပီး

ပိုလန္ဘက္ကို ဂီေရာက္သြင္းယူခဲ့တဲ့ပုံစံမ်ိဳးဟာ သူ႔ရဲ႕ ကစားဟန္တစ္ခုနဲ႔ တူညီေနတဲ့အတြက္ အခ်င္းခ်င္းစေနာက္လိုက္တဲ့ သေဘာလည္းျဖစ္ပါတယ္။

ေအစီမီလန္တိုက္စစ္မႉးဟာ ပိုလန္ဂိုးသမားဆက္ဇနီဖမ္းရခက္ဖို႔အတြက္ ဘယ္ေျခေျမေထာက္ကန္ခ်က္နဲ႔ဂိုးသြင္းသြားခဲ့တာျဖစ္တယ္။

သူ႔ရဲ႕ကန္ခ်က္က အရွိန္ပါသလိုေျမႀကီးနဲ႔တစ္ခ်က္ခ်င္းပုတ္ၿပီးသြားခဲ့တာျဖစ္လို႔ ဆက္ဇနီကာကြယ္ဖို႔မတတ္ႏိုင္ခဲ့ပါဘူး။

ျပင္သစ္နဲ႔ ပိုလန္တို႔ကစားေနစဥ္အတြင္း အိုေဇးလ္က “ေကာင္းလိုက္တဲ့ဂိုး၊ ဘ႐ို…မင္းကိုဘယ္သူသင္ေပးထားတာလဲ” လို႔ တြစ္တာေပၚမွာေရးသားခဲ့တာျဖစ္တယ္။

အိုေဇးလ္ဟာ ႀကံ့ခိုင္မႈအားကိုးကစားႏိုင္သူမဟုတ္ေပမဲ့ သူ႔ရဲ႕ထင္ရွားေက်ာ္ၾကားလွတဲ့ ဖန္တီးမႈနဲ႔ ဂိုးကန္သြင္းခ်က္နည္းစနစ္ေတြကို

အာဆင္နယ္အသင္းဆီသယ္ေဆာင္လာခဲ့သူျဖစ္ၿပီး ဂီေရာက္ကေတာ့အသင္းေဖာ္ေဟာင္းရဲ႕စတိုင္နဲ႔အျမတ္ထုတ္ႏိုင္ခဲ့တာျဖစ္တယ္။

၂၀၁၉ ခုႏွစ္အတြင္း အင္တာဗ်ဴးတစ္ခုမွာေတာ့ အိုေဇးလ္က သူတီထြင္ထားတဲ့ေျမေထာက္ကန္ခ်က္(ေခ်ာ့ပ္ကန္ခ်က္)နဲ႔ ပတ္သတ္လို႔

“ကစားသမားတစ္ေယာက္အေနနဲ႔ အၿမဲတမ္းအသစ္အဆန္းကိုရွာေဖြေဖာ္ထုတ္ခ်င္တယ္။

ဒါေၾကာင့္ အသစ္တစ္ခုကိုေတြးမိရင္ ကြင္းထဲမွာစမ္းၿပီးလုပ္ၾကည့္ခ်င္တယ္။ ဒီနည္းနစ္(ေခ်ာ့ပ္ကန္ခ်က္)ဟာ

ေဘာလုံးကိုျပင္းျပင္းထန္ထန္႐ိုက္ခတ္မိတာေၾကာင့္ ဂိုးသမားကျမန္ျမန္ဆန္ဆန္နဲ႔ရပ္တန႔္ဖို႔ခက္ခဲလာမွာျဖစ္တယ္” လို႔ ဆိုခဲ့ဖူးပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္ကစားသမားဘဝမွာ လီဗာပူးဂိုးသမားမစ္ဂ္ႏိုလက္ရဲ႕ဂိုးေပါက္ထဲကို ေခ်ာ့ပ္ကန္ခ်က္နဲ႔ဂိုးသြင္းယူခဲ့ဖူးသူျဖစ္တယ္။