ပိုမိုရင့်ကျက်လာသူအနေနဲ့ ဘာစီလိုနာကို ပြန်ရောက်လာတဲ့ ထရာအိုရီ

ဘာစီလိုနာအငှားအပြောင်းအရွှေ့ဟာ အဒါမာထရာအိုရီအတွက်ကတော့

အိမ်ပြန်ရောက်လာသလိုပါပဲ။

အဲဒီစပိန်သားဟာ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက သူ့ရဲ့ဇာတိကလပ်ကနေ

အင်္ဂလန်ကို ထွက်ခွာသွားခဲ့တာဖြစ်ပြီး အခုတော့

ပိုမိုရင့်ကျက်လာသူအနေနဲ့ ဘာစီလိုနာကို ပြန်ရောက်လာခဲ့တာပါ။

ဘာစီလိုနာဟာ ၂၆ နှစ်အရွယ် အဲဒီဝုဗ်တောင်ပံကစားသမားကို

ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့တာဆိုပေမယ့် အငှားသက်တမ်းကုန်ရင်

ယူရိုသန်း ၃၀ ဝန်းကျင်နဲ့အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ထည့်သွင်းထားပါတယ်။

ထရာအိုရီဟာ ကလေးဘ၀ ၈ နှစ်အရွယ်ကတည်းက

လာမာစီယာအကယ်အမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး

အသက်အရွယ်အဆင့်ဆင့်မှာ ခြေစွမ်းပြနိုင်ခဲ့တာပါ။

ဘာစီလိုနာနဲ့ ယူအီးအက်ဖ်အေလိဂ်မှာ ဗိုလ်စွဲခဲ့ပြီးနောက်

အသင်းကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။

လာလီဂါပွဲဦးထွက်မှာ နေမာအစား လူစားဝင်ခဲ့တာဖြစ်ပြီး

ချန်ပီယံလိဂ်ပွဲဦးထွက်မှာတော့ ဖာဘရီဂတ်စ်အစား လူစားဝင်ခဲ့တာပါ။

ဒါပေမဲ့ အသင်းကြီးကစားသမားဘဝအစပိုင်းမှာ

အခွင့်အရေးသိပ်မရတာကြောင့် ၂၀၁၅ သြဂုတ်မှာ

အင်္ဂလန်က ဗီလာကို ထွက်ခွာခဲ့ပါတယ်။

ဗီလာမှာ တစ်ရာသီသာခံခဲ့ပြီး အဲဒီနောက် မစ်ဒယ်ဘရော့ကို

ပြောင်းခဲ့ကာ အဲဒီမှာတော့ ၂ နှစ်ကြာကစားခဲ့ပါတယ်။

၂၀၁၈ ကျမှ အဲဒီအချိန်က ကလပ်စံချိန်တင်ကြေးနဲ့

ဝုဗ်ကိုရောက်ခဲ့ကာ မြေခွေးတွေအတွက် ၁၅၄ ပွဲမှာ ၁၁ ဂိုးသွင်းပေးခဲ့တာပါ။

သတင်းတွေအရ ထရာအိုရီဟာ သူ့ကိုလစာပိုပေးတဲ့စပါးကို ငြင်းဆန်ခဲ့ပြီး

လစာပိုနည်းတဲ့ ဇာတိကလပ်ကိုသာ ပြန်သွားခဲ့တာလို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ်

သတ်မှတ်ခံထားရတဲ့ ထရာအိုရီဟာ ၂၀၁၈-၁၉ ရာသီစကတည်းက

ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားထက်မဆို လိမ်ခေါက်မှုပိုလုပ်နိုင်ခဲ့ပါတယ်။

zawgyi

ပိုမိုရင့္က်က္လာသူအေနနဲ႔ ဘာစီလိုနာကို ျပန္ေရာက္လာတဲ့ ထရာအိုရီ

ဘာစီလိုနာအငွားအေျပာင္းအေ႐ႊ႕ဟာ အဒါမာထရာအိုရီအတြက္ကေတာ့

အိမ္ျပန္ေရာက္လာသလိုပါပဲ။

အဲဒီစပိန္သားဟာ လြန္ခဲ့တဲ့ ၇ ႏွစ္တုန္းက သူ႔ရဲ႕ဇာတိကလပ္ကေန

အဂၤလန္ကို ထြက္ခြာသြားခဲ့တာျဖစ္ၿပီး အခုေတာ့

ပိုမိုရင့္က်က္လာသူအေနနဲ႔ ဘာစီလိုနာကို ျပန္ေရာက္လာခဲ့တာပါ။

ဘာစီလိုနာဟာ ၂၆ ႏွစ္အ႐ြယ္ အဲဒီဝုဗ္ေတာင္ပံကစားသမားကို

ရာသီကုန္အထိ အငွားနဲ႔ ေခၚယူခဲ့တာဆိုေပမယ့္ အငွားသက္တမ္းကုန္ရင္

ယူ႐ိုသန္း ၃၀ ဝန္းက်င္နဲ႔အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ထည့္သြင္းထားပါတယ္။

ထရာအိုရီဟာ ကေလးဘ၀ ၈ ႏွစ္အ႐ြယ္ကတည္းက

လာမာစီယာအကယ္အမီကို ေရာက္ရွိေနခဲ့တာျဖစ္ၿပီး

အသက္အ႐ြယ္အဆင့္ဆင့္မွာ ေျခစြမ္းျပႏိုင္ခဲ့တာပါ။

ဘာစီလိုနာနဲ႔ ယူအီးအက္ဖ္ေအလိဂ္မွာ ဗိုလ္စြဲခဲ့ၿပီးေနာက္

အသင္းႀကီးမွာ ပထမဆုံးအႀကိမ္အျဖစ္ ပြဲဦးထြက္ခြင့္ရခဲ့ပါတယ္။

လာလီဂါပြဲဦးထြက္မွာ ေနမာအစား လူစားဝင္ခဲ့တာျဖစ္ၿပီး

ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာေတာ့ ဖာဘရီဂတ္စ္အစား လူစားဝင္ခဲ့တာပါ။

ဒါေပမဲ့ အသင္းႀကီးကစားသမားဘဝအစပိုင္းမွာ

အခြင့္အေရးသိပ္မရတာေၾကာင့္ ၂၀၁၅ ၾသဂုတ္မွာ

အဂၤလန္က ဗီလာကို ထြက္ခြာခဲ့ပါတယ္။

ဗီလာမွာ တစ္ရာသီသာခံခဲ့ၿပီး အဲဒီေနာက္ မစ္ဒယ္ဘေရာ့ကို

ေျပာင္းခဲ့ကာ အဲဒီမွာေတာ့ ၂ ႏွစ္ၾကာကစားခဲ့ပါတယ္။

၂၀၁၈ က်မွ အဲဒီအခ်ိန္က ကလပ္စံခ်ိန္တင္ေၾကးနဲ႔

ဝုဗ္ကိုေရာက္ခဲ့ကာ ေျမေခြးေတြအတြက္ ၁၅၄ ပြဲမွာ ၁၁ ဂိုးသြင္းေပးခဲ့တာပါ။

သတင္းေတြအရ ထရာအိုရီဟာ သူ႔ကိုလစာပိုေပးတဲ့စပါးကို ျငင္းဆန္ခဲ့ၿပီး

လစာပိုနည္းတဲ့ ဇာတိကလပ္ကိုသာ ျပန္သြားခဲ့တာလို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္

သတ္မွတ္ခံထားရတဲ့ ထရာအိုရီဟာ ၂၀၁၈-၁၉ ရာသီစကတည္းက

ပရီးမီးယားလိဂ္မွာ ဘယ္ကစားသမားထက္မဆို လိမ္ေခါက္မႈပိုလုပ္ႏိုင္ခဲ့ပါတယ္။