ပိုချက်တီနိုရဲ့ မက်ဆီကို နေရာချထားမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်လိုက်တဲ့ ဘာပေ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေ ဟာကစားဖော်မက်ဆီကို

အသင်းမှာနေရာချထားမှုနဲ့ပတ်သက်ပြီး နည်းပြပိုချက်တီ နိုရဲ့

နည်းဗျူဟာပိုင်းကိုမေးခွန်းထုတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာပြီးခဲ့တဲ့နွေရသီက

ဘာစီလိုနာကနေ ရောက်ရှိလာပြီးနောက်

လီဂူး ၁ မှာ ၂ ဂိုးသာသွင်းယူနိုင်သေးသူပါ။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ကမ္ဘာ ကျော်တွေဖြစ်တဲ့

နေမာ၊ ဘာပေ တို့နဲ့အတူတွဲပြီး အသင်းရဲ့တိုက်စစ်

ညာဘက်အခြမ်းမှာဘဲ ကစားနေရသူဖြစ်ပါတယ်။

မ ကြာသေးခင်က လိုင်လီနဲ့ပွဲမှာ ဘာပေဟာ မက်ဆီကိုဘောလုံးမပေးဘဲ

တစ်ကိုယ်ကောင်းဆန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရသေးတာ ပါ။

မက်ဆီဟာ ကိုဗစ်ကနေပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက်

ပီအက်စ်ဂျီအတွက်ပွဲတွေဆက်တိုက် ကစားနေရပေမယ့်

ခြေစွမ်းကတော့ ဘာစီလိုနာမှာရှိတဲ့ပုံစံကိုပြန်ရဖို့

အလှမ်းဝေးနေပေါသေးတယ်။

ဒါကြောင့်လည်း ဘာပေက ပိုချက်တီနိုရဲ့ မက်ဆီကို

နေရာချထားမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်လိုက်တာဖြစ်ပြီး

မက်ဆီ ခြေစွမ်းပြနိုင်မယ့်အကောင်းဆုံးသောနေရာ က

တိုက်စစ် ၃ ဦးတန်းရဲ့အလယ်မှာ သာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာအလယ်မှာကစားနေရသူက ဘာပေ ဖြစ်ပြီး

နေမာပါလာရင် အဲဒီဘရာဇီးသားက ဘယ်ခြမ်းနဲ့

မက်ဆီက ညာခြမ်းမှာနေရချထားခံရတာပါ။

ဘာပေက” အလယ်မှာကစားရင် မက်ဆီခြေစွမ်းပိုပြနိုင်မလားဆို ရင်

ဟုတ်တယ်လို့ဘဲပြောရမှာပါ။ ဒါပေမယ့်ကျွန်တော်ကနည်းပြ မဟုတ်ပါဘူး။

မက်ဆီဟာ ဘောလုံးကိုလိုအပ်တဲ့သူဖြစ်ပြီး

ဘောလုံးနဲ့သူ အတူရှိမှသာပွဲကိုခံစားနိုင်ကာ

ပတ်သက်မှုတွေလည်းလုပ်နိုင်တဲ့သူပါ။

တိုက်စစ် ၃ ဦးမှာသူကအလယ်မှာကစားရမှသာ

လွတ်လပ်ပြီး ခြေစွမ်းပြနိုင်မှာပါ။

ကျွန်တော်ကတော့နေရာစုံမှာ ကစားနိုင်ပါတယ်။

အလယ်မှာစတင်ကစားရပြီး နောက် ညာခြမ်းနဲ့ ဘယ်ခြမ်းကို

ရွှေ့ရတာတွေလည်းရှိပါတယ်။ အခုချိန်အထိတော့

ကျွန်တော့်လှုပ်ရှားမှုတွေက လွတ်လပ်နေပါသေး တယ်” လို့ပြောသွားပါတယ်။

zawgyi

ပိုခ်က္တီႏိုရဲ႕ မက္ဆီကို ေနရာခ်ထားမႈနဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္လိုက္တဲ့ ဘာေပ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး ဘာေပ ဟာကစားေဖာ္မက္ဆီကို

အသင္းမွာေနရာခ်ထားမႈနဲ႔ပတ္သက္ၿပီး နည္းျပပိုခ်က္တီ ႏိုရဲ႕

နည္းဗ်ဴဟာပိုင္းကိုေမးခြန္းထုတ္လိုက္တယ္လို႔ သိရပါတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာၿပီးခဲ့တဲ့ေႏြရသီက

ဘာစီလိုနာကေန ေရာက္ရွိလာၿပီးေနာက္

လီဂူး ၁ မွာ ၂ ဂိုးသာသြင္းယူႏိုင္ေသးသူပါ။

မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ကမာၻ ေက်ာ္ေတြျဖစ္တဲ့

ေနမာ၊ ဘာေပ တို႔နဲ႔အတူတြဲၿပီး အသင္းရဲ႕တိုက္စစ္

ညာဘက္အျခမ္းမွာဘဲ ကစားေနရသူျဖစ္ပါတယ္။

မ ၾကာေသးခင္က လိုင္လီနဲ႔ပြဲမွာ ဘာေပဟာ မက္ဆီကိုေဘာလုံးမေပးဘဲ

တစ္ကိုယ္ေကာင္းဆန္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရေသးတာ ပါ။

မက္ဆီဟာ ကိုဗစ္ကေနျပန္လည္ေကာင္းမြန္လာခဲ့ၿပီးေနာက္

ပီအက္စ္ဂ်ီအတြက္ပြဲေတြဆက္တိုက္ ကစားေနရေပမယ့္

ေျခစြမ္းကေတာ့ ဘာစီလိုနာမွာရွိတဲ့ပုံစံကိုျပန္ရဖို႔

အလွမ္းေဝးေနေပါေသးတယ္။

ဒါေၾကာင့္လည္း ဘာေပက ပိုခ်က္တီႏိုရဲ႕ မက္ဆီကို

ေနရာခ်ထားမႈနဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္လိုက္တာျဖစ္ၿပီး

မက္ဆီ ေျခစြမ္းျပႏိုင္မယ့္အေကာင္းဆုံးေသာေနရာ က

တိုက္စစ္ ၃ ဦးတန္းရဲ႕အလယ္မွာ သာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

လက္ရွိမွာအလယ္မွာကစားေနရသူက ဘာေပ ျဖစ္ၿပီး

ေနမာပါလာရင္ အဲဒီဘရာဇီးသားက ဘယ္ျခမ္းနဲ႔

မက္ဆီက ညာျခမ္းမွာေနရခ်ထားခံရတာပါ။

ဘာေပက” အလယ္မွာကစားရင္ မက္ဆီေျခစြမ္းပိုျပႏိုင္မလားဆို ရင္

ဟုတ္တယ္လို႔ဘဲေျပာရမွာပါ။ ဒါေပမယ့္ကြၽန္ေတာ္ကနည္းျပ မဟုတ္ပါဘူး။

မက္ဆီဟာ ေဘာလုံးကိုလိုအပ္တဲ့သူျဖစ္ၿပီး

ေဘာလုံးနဲ႔သူ အတူရွိမွသာပြဲကိုခံစားႏိုင္ကာ

ပတ္သက္မႈေတြလည္းလုပ္ႏိုင္တဲ့သူပါ။

တိုက္စစ္ ၃ ဦးမွာသူကအလယ္မွာကစားရမွသာ

လြတ္လပ္ၿပီး ေျခစြမ္းျပႏိုင္မွာပါ။

ကြၽန္ေတာ္ကေတာ့ေနရာစုံမွာ ကစားႏိုင္ပါတယ္။

အလယ္မွာစတင္ကစားရၿပီး ေနာက္ ညာျခမ္းနဲ႔ ဘယ္ျခမ္းကို

ေ႐ႊ႕ရတာေတြလည္းရွိပါတယ္။ အခုခ်ိန္အထိေတာ့

ကြၽန္ေတာ့္လႈပ္ရွားမႈေတြက လြတ္လပ္ေနပါေသး တယ္” လို႔ေျပာသြားပါတယ္။