ပိုက်ဆံသာမရှိတာ နူးကမ့်ကျ ၁.၃ ဘီလီယံ အကုန်ကျခံမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ကြုံနေရတယ်ဆိုပေမယ့်

သူ့တို့ရဲ့နူးကမ့်ကွင်းကြီးကို ပြန်လည်မွမ်းမံဖို့အ တွက်ပေါင် ၁.၃ ဘီလီယံ

ကုန်ကျမယ့်စီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ဘာစီလိုနာဟာကလပ်ရဲ့ မန်ဘာတွေကို

အွန်လိုင်းကနေတစ်ဆင့်မဲပေးခိုင်းခဲ့တာကြောင့် သူတို့သမိုင်းမှာ

ပထမဆုံးအကြိမ်အဖြစ်အွန်လိုင်းကနေမဲပေးခဲ့ ရမှုအဖြစ်လည်း

မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီမဲပေးမှုမှာမန်ဘာအရေအတွက် ၄၂၆၉၃ က

ထောက်ခံခဲ့ပြီး ၅၀၅၅ ကကန့်ကွက်ကာ ၈၇၅ ကကြားနေခဲ့တာကြောင့်

စီမံကိန်းကိုအတည်ပြုနိုင်ခဲ့တာပါ။ မန်ဘာ ၄၀ ရာခိုင်နှုန်းကတော့

လက်ရှိနူးကမ့်ကွင်းကိုဘဲဆက် လက်အသုံးပြုစေလိုခဲ့တယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို ‘Espai Barca’ လို့အမည်ပေးထားပြီး တတိယအဖွဲ့အစည်းတစ်ခုရဲ့

ချေးငွေနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

ကန့်ကွက်ခဲ့ကြတဲ့သူတွေကတော့ ဘာစီလိုနာဟာလက်ရှိမှာ

ပေါင် ၁ ဘီလီယံ ကျော်အထိအကြွေးတင်နေလို့

ဒီလောက်များတဲ့ပမာဏသုံးရမှာကိုစိုးရိမ်နေကြတာကြောင့်

ဥက္ကဌလာပေါ်တာက အွန်လိုင်းက နေမဲကောက်ခံပြီး ဆုံးဖြတ်ဖို့လုပ်ခဲ့ရပါတယ်။

ဒီပရောဂျက်ဟာ ၂၀၂၅ မှာပြီးဆုံးမှာဖြစ်ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီမှာ

ကွင်းရဲ့နေရာအချို့ကိုပိတ်ထားရမှာဖြစ်ပါတယ်။ ၂၀၂၃- ၂၄ ကျရင်တော့

ကွင်းတစ်ခုလုံးကိုအသုံးပြုနိုင်တော့မှာမဟုတ်လို့ Montjuic မှာရှိတဲ့

အိုလံပစ်ကွင်းကိုအသုံးပြုရဖို့ရှိနေပါတယ်။ ဒါပေမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီအတွက်တော့

အဆင်သင့်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။နူးကမ့်ကွင်းကို ၁၉၅၇ က

ဖွင့်လှစ်ခဲ့တာ ဖြစ်လို့သက်တမ်း ၆၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ အခုပရောဂျက်မှာ

နူးကမ့်ကွင်းဝင်ဆန့်တဲ့အရေအတွက်ကို ၁၀၅၀၀၀ အထိရှိလာဖို့

ပြင်ဆင်မယ့်အပြင် အမိုးကိုလည်းစတုရန်းပေ ၃၀၀၀၀ အထိရှိမယ့်

ဆိုလာပြားအုပ်အမိုးရှင်တပ်ဆင်သွားမှာဖြစ်ပါတယ်။

ဒီဆိုလာ ပြားတွေကနေထွက်လာမယ့်စွမ်းအင်ကို ကွင်းအတွင်းမှာ

၃၆၀ ဒီဂရီပတ်လည်တပ်ဆင်မယ့်

ရုပ်သံအတွက်အသုံးပြုသွားမှာဖြစ်ပါ တယ်။ ဒါ့အပြင် အမိုးကနေကျလာမယ့်

မိုးရေ ကိုလည်းခံယူပြီး ပြန်လည်အသုံးပြုလို့ရမယ့်စနစ်ကိုလည်းထည့်သွင်းသွားမှာပါ။

ကွင်းပြင်ပမှာလည်း ရုံးခန်းအသစ်တွေ၊ စိမ်းလန်းစိုပြေမယ့်နေရာတွေ၊

ပွဲတော်ကျင်းပနိုင်မယ့်နေရာတွေ၊ ရေခဲပြင်ပြေးလမ်းတစ် ခု၊ ဟော်တယ်တစ်ခုနဲ့

ဘတ်စ်ကတ်ဘောအသင်းအသုံးပြုမယ့် ပရိသတ် ၁၅၀၀၀ ဆန့်မယ့်

ကွင်းတစ်ခုတည်ဆောက်သွားဦးမှာ ဖြစ်ပါတယ်။

zawgyi

ပိုက္ဆံသာမရွိတာ ႏူးကမ့္က် ၁.၃ ဘီလီယံ အကုန္က်ခံမယ့္ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ဘ႑ာေရးျပႆနာေတြနဲ႔ႀကဳံေနရတယ္ဆိုေပမယ့္

သူ႔တို႔ရဲ႕ႏူးကမ့္ကြင္းႀကီးကို ျပန္လည္မြမ္းမံဖို႔အ တြက္ေပါင္ ၁.၃ ဘီလီယံ

ကုန္က်မယ့္စီမံကိန္းကို အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။

ဒီစီမံကိန္းအတြက္ ဘာစီလိုနာဟာကလပ္ရဲ႕ မန္ဘာေတြကို

အြန္လိုင္းကေနတစ္ဆင့္မဲေပးခိုင္းခဲ့တာေၾကာင့္ သူတို႔သမိုင္းမွာ

ပထမဆုံးအႀကိမ္အျဖစ္အြန္လိုင္းကေနမဲေပးခဲ့ ရမႈအျဖစ္လည္း

မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒီမဲေပးမႈမွာမန္ဘာအေရအတြက္ ၄၂၆၉၃ က

ေထာက္ခံခဲ့ၿပီး ၅၀၅၅ ကကန႔္ကြက္ကာ ၈၇၅ ကၾကားေနခဲ့တာေၾကာင့္

စီမံကိန္းကိုအတည္ျပဳႏိုင္ခဲ့တာပါ။ မန္ဘာ ၄၀ ရာခိုင္ႏႈန္းကေတာ့

လက္ရွိႏူးကမ့္ကြင္းကိုဘဲဆက္ လက္အသုံးျပဳေစလိုခဲ့တယ္လို႔ သိရပါတယ္။

ဒီစီမံကိန္းကို ‘Espai Barca’ လို႔အမည္ေပးထားၿပီး တတိယအဖြဲ႕အစည္းတစ္ခုရဲ႕

ေခ်းေငြနဲ႔ အေကာင္အထည္ေဖာ္သြားမွာျဖစ္ပါတယ္။ ကန႔္ကြက္ခဲ့ၾကတဲ့သူေတြကေတာ့

ဘာစီလိုနာဟာလက္ရွိမွာေပါင္ ၁ ဘီလီယံ ေက်ာ္အထိအေႂကြးတင္ေနလို႔

ဒီေလာက္မ်ားတဲ့ပမာဏသုံးရမွာကိုစိုးရိမ္ေနၾကတာေၾကာင့္

ဥကၠဌလာေပၚတာက အြန္လိုင္းက ေနမဲေကာက္ခံၿပီး ဆုံးျဖတ္ဖို႔လုပ္ခဲ့ရပါတယ္။

ဒီပေရာဂ်က္ဟာ ၂၀၂၅ မွာၿပီးဆုံးမွာျဖစ္ၿပီး ၂၀၂၂-၂၃ ေဘာလုံးရာသီမွာ

ကြင္းရဲ႕ေနရာအခ်ိဳ႕ကိုပိတ္ထားရမွာျဖစ္ပါတယ္။ ၂၀၂၃- ၂၄ က်ရင္ေတာ့

ကြင္းတစ္ခုလုံးကိုအသုံးျပဳႏိုင္ေတာ့မွာမဟုတ္လို႔ Montjuic မွာရွိတဲ့

အိုလံပစ္ကြင္းကိုအသုံးျပဳရဖို႔ရွိေနပါတယ္။ ဒါေပမယ့္ ၂၀၂၄-၂၅ ေဘာလုံးရာသီအတြက္ေတာ့

အဆင္သင့္ရွိေနမယ္လို႔ ခန႔္မွန္းထားပါတယ္။ႏူးကမ့္ကြင္းကို ၁၉၅၇ က

ဖြင့္လွစ္ခဲ့တာ ျဖစ္လို႔သက္တမ္း ၆၄ ႏွစ္ရွိေနၿပီျဖစ္ပါတယ္။ အခုပေရာဂ်က္မွာ

ႏူးကမ့္ကြင္းဝင္ဆန႔္တဲ့အေရအတြက္ကို ၁၀၅၀၀၀ အထိရွိလာဖို႔

ျပင္ဆင္မယ့္အျပင္ အမိုးကိုလည္းစတုရန္းေပ ၃၀၀၀၀ အထိရွိမယ့္

ဆိုလာျပားအုပ္အမိုးရွင္တပ္ဆင္သြားမွာျဖစ္ပါတယ္။ ဒီဆိုလာ ျပားေတြကေန

ထြက္လာမယ့္စြမ္းအင္ကို ကြင္းအတြင္းမွာ၃၆၀ ဒီဂရီပတ္လည္တပ္ဆင္မယ့္

႐ုပ္သံအတြက္အသုံးျပဳသြားမွာျဖစ္ပါ တယ္။ ဒါ့အျပင္ အမိုးကေနက်လာမယ့္

မိုးေရ ကိုလည္းခံယူၿပီး ျပန္လည္အသုံးျပဳလို႔ရမယ့္စနစ္ကိုလည္းထည့္သြင္းသြားမွာပါ။

ကြင္းျပင္ပမွာလည္း ႐ုံးခန္းအသစ္ေတြ၊ စိမ္းလန္းစိုေျပမယ့္ေနရာေတြ၊

ပြဲေတာ္က်င္းပႏိုင္မယ့္ေနရာေတြ၊ ေရခဲျပင္ေျပးလမ္းတစ္ ခု၊ ေဟာ္တယ္တစ္ခုနဲ႔

ဘတ္စ္ကတ္ေဘာအသင္းအသုံးျပဳမယ့္ ပရိသတ္ ၁၅၀၀၀ ဆန႔္မယ့္

ကြင္းတစ္ခုတည္ေဆာက္သြားဦးမွာ ျဖစ္ပါတယ္။