
နယူးကာဆယ်ဟာ ကမ္ဘာပေါ်က အချမ်းသာဆုံးကလပ်တွေထဲမှာ
တစ်သင်းအပါအဝင်ဖြစ်ပေမယ့် လက်ရှိမှာတော့ နိုင်ပွဲလုံးဝမရသေးမှုနဲ့အတူ
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေကို ရောက်ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ လာမယ့်ဇန်နဝါရီအပြောင်းအရွေ့ရောက်ရင်
လိုအပ်တဲ့ကွာလတီကစားသမားတွေ ခေါ်နိုင်ဖို့က မသေချာဘူးလို့
အသင်းဂန္ထဝင်အလန်ရှီယားက သုံးသပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါညက တန်းတင်းဇုန်ပြိုင်ဘက်နော်ဝစ်ချ်ကို
အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့လို့ ငှက်ကျားတွေဟာ
ဒီရာသီပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးနေဆဲပါပဲ။
သူတို့ဟာ ဒီရာသီကစားခဲ့တဲ့ပရီးမီးယားလိဂ် ၁၄ ပွဲမှာ
၇ ပွဲသရေနဲ့ ၇ ပွဲရှုံးထားတာ ဖြစ်ပါတယ်။
”နယူးကာဆယ်ရဲ့လက်ရှိအခြေအနေဟာ လာမယ့်ဇန်နဝါရီမှ
ာ ကစားသမားခေါ်ယူမှုနဲ့ပတ်သက်လို့ ထိခိုက်လာနိုင်ပါတယ်။
ထိပ်တန်းကစားသမားအတော်များများက တန်းဆင်းရနိုင်တဲ့အသင်းတစ်သင်းဆီ
ပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အငှားခေါ်ယူနိုင်တဲ့ဈေးကွက်ရှိတယ်ဆိုတာကိုလည်း
သိပါတယ်။ ဒါပေမဲ့ အခုလိုအခြေအနေမျိုးနဲ့တော့ ကစားသမားတွေကို
ဆွဲဆောင်နိုင်ဖို့ ခက်ပါလိမ့်မယ်”လို့ အလန်ရှီးယားက ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာလည်း ရာသီတစ်ခုရဲ့ပထမဆုံး
၁၄ ပွဲမှာ အနိုင်မရခဲ့တာဆိုလို့ ၄ သင်းသာ ရှိပါတယ်။
အခု နယူးကာဆယ်အပြင် ၁၉၉၃-၉၄ ရာသီက ဆွင်ဒန်တောင်း၊
၂၀၁၂-၁၃ ရာသိက ကျူပီအာနဲ့ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးယူနိုက်တက်တို့ပါ။
ရှက်ဖီးယူနိုက်တက်အပါအဝင် အရင် ၃ သင်းကတော့ ပရီးမီးယားလိဂ်ကနေ
တန်းဆင်းသွားခဲ့ရပါတယ်။ ဒါကြောင့် အခုလိုပုံစံအတိုင်းဆိုရင်
နယူးကာဆယ်ဟာလည်း ရာသီကုန်မှာ တန်းဆင်းရဖို့ အလားအလာများနေပါတယ်။
zawgyi
ပိုက္ဆံေပါလည္း တန္းဆင္းရတတ္တယ္
နယူးကာဆယ္ဟာ ကမာၻေပၚက အခ်မ္းသာဆုံးကလပ္ေတြထဲမွာ
တစ္သင္းအပါအဝင္ျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ႏိုင္ပြဲလုံးဝမရေသးမႈနဲ႔အတူ
ပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ေျခကို ေရာက္ရွိေနပါတယ္။
ဒီလိုအေျခအေနမွာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ြ႕ေရာက္ရင္
လိုအပ္တဲ့ကြာလတီကစားသမားေတြ ေခၚႏိုင္ဖို႔က မေသခ်ာဘူးလို႔
အသင္းဂႏၴဝင္အလန္ရွီယားက သုံးသပ္လိုက္ပါတယ္။
ၿပီးခဲ့တဲ့အဂၤါညက တန္းတင္းဇုန္ၿပိဳင္ဘက္ေနာ္ဝစ္ခ်္ကို
အိမ္ကြင္းမွာ သေရသာကစားႏိုင္ခဲ့လို႔ ငွက္က်ားေတြဟာ
ဒီရာသီပရီးမီးယားလိဂ္မွာ ႏိုင္ပြဲေပ်ာက္ဆုံးေနဆဲပါပဲ။
သူတို႔ဟာ ဒီရာသီကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၁၄ ပြဲမွာ
၇ ပြဲသေရနဲ႔ ၇ ပြဲရႈံးထားတာ ျဖစ္ပါတယ္။
”နယူးကာဆယ္ရဲ႕လက္ရွိအေျခအေနဟာ လာမယ့္ဇန္နဝါရီမွ
ာ ကစားသမားေခၚယူမႈနဲ႔ပတ္သက္လို႔ ထိခိုက္လာႏိုင္ပါတယ္။
ထိပ္တန္းကစားသမားအေတာ္မ်ားမ်ားက တန္းဆင္းရႏိုင္တဲ့အသင္းတစ္သင္းဆီ
ေျပာင္းခ်င္ၾကမွာ မဟုတ္ပါဘူး။ အငွားေခၚယူႏိုင္တဲ့ေဈးကြက္ရွိတယ္ဆိုတာကိုလည္း
သိပါတယ္။ ဒါေပမဲ့ အခုလိုအေျခအေနမ်ိဳးနဲ႔ေတာ့ ကစားသမားေတြကို
ဆြဲေဆာင္ႏိုင္ဖို႔ ခက္ပါလိမ့္မယ္”လို႔ အလန္ရွီးယားက ေျပာခဲ့တာပါ။
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္မွာလည္း ရာသီတစ္ခုရဲ႕ပထမဆုံး
၁၄ ပြဲမွာ အႏိုင္မရခဲ့တာဆိုလို႔ ၄ သင္းသာ ရွိပါတယ္။
အခု နယူးကာဆယ္အျပင္ ၁၉၉၃-၉၄ ရာသီက ဆြင္ဒန္ေတာင္း၊
၂၀၁၂-၁၃ ရာသိက က်ဴပီအာနဲ႔ ၿပီးခဲ့တဲ့ရာသီက ရွက္ဖီးယူႏိုက္တက္တို႔ပါ။
ရွက္ဖီးယူႏိုက္တက္အပါအဝင္ အရင္ ၃ သင္းကေတာ့ ပရီးမီးယားလိဂ္ကေန
တန္းဆင္းသြားခဲ့ရပါတယ္။ ဒါေၾကာင့္ အခုလိုပုံစံအတိုင္းဆိုရင္
နယူးကာဆယ္ဟာလည္း ရာသီကုန္မွာ တန္းဆင္းရဖို႔ အလားအလာမ်ားေနပါတယ္။