
ယူနိုက်တက်အသင်းရဲ့ ဘရာဇီး ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့
ပါရဲယားဟာ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့
ဘရာဇီး နာမည်ကြီးကလပ် ဖလာမင်ဂိုအသင်းဆီကို
အပြီးသတ် ပြောင်းရွှေ့သွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။
ပြောင်းရွှေ့ကြေးမှာ ယူရို ၁၀.၅ သန်း + နောက်ထပ်အသင်းတစ်သင်းသို့
ရောင်းချမှုမှ ၂၅% ခံစားခွင့်ဖြစ်ပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိ ဘရာဇီးကွင်းလယ်လူ ပါရဲယားဟာ
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကမှ ဘရာဇီးကို ပြန်သွားခဲ့ပြီး
ဖလာမင်ဂိုအသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
Copa Libertadores 2021 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ
ကြီးမားတဲ့ အမှားတချို့ ကျူးလွန်မိခဲ့ပေမယ့် ဖလာမင်ဂိုအသင်းရဲ့
ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေရတဲ့
ပါရဲယားကို ဖလာမင်ဂိုဘက်က အငှားကနေ အပြီးသတ် ခေါ်ယူခဲ့တာပါ။
ပါရဲယားဟာ ယူနိုက်တက်ကို ၂၀၁၁ ခုနှစ်မှာ PSV အသင်းကနေ
ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အကယ်ဒမီရဲ့
အကောင်းဆုံး ကစားသမားအဖြစ်နဲ့ ၂၀၁၄ မှာ ပွဲဦးထွက်ခွင့်ရရှိခဲ့ပါတယ်။
ယူနိုက်တက်စီနီယာအသင်းမှာ ၈ ရာသီကြာ ဖြတ်သန်းခဲ့ပေမယ့်လည်း
၇၅ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉-၂၀ နည်းပြအိုလီဂန်နာဆိုးလ်ရှား
လက်အောက်မှာတော့ ပြိုင်ပွဲစုံ ပွဲ ၄၀ ထိ ကစားခွင့်ရခဲ့ပါတယ်။
အဲဒီရာသီအကုန်မှာတော့ လာဇီယိုကို အငှားထွက်ကစားခဲ့ပြီး
ပြန်ရောက်လာချိန်မှာတော့ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့် မရတော့ပဲ
အခုတော့ အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့တဲ့
ကစားသမားတစ်ယောက်အဖြစ် ယူနိုက်တက်တာဝန်ရှိသူတွေရဲ့
ရောင်းထုတ်ခြင်းခံခဲ့ရပါပြီ။
ပါရဲယားဟာ ဖလာမင်ဂိုအသင်းအတွက် ၂၀၂၁ခုနှစ် ဘောလုံးရာသီမှ
ာ ပြိုင်ပွဲစုံ (၂၄)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူနိုင်ခဲ့သလို
အခုလည်း ၂၀၂၂ခုနှစ် ဘောလုံးရာသီအတွက် စတင်ပါဝင်နေပြီ ဖြစ်ပါတယ်။
ဖလာမင်ဂိုအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ (၂၅)ပွဲအတွင်းမှာ (၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
zawgyi
ပါရဲယားကို အငွားကေန အၿပီးေပးလိုက္ရၿပီျဖစ္တဲ့ ယူႏိုက္တက္
ယူႏိုက္တက္အသင္းရဲ႕ ဘရာဇီး ကြင္းလယ္ကစားသမား တစ္ေယာက္ျဖစ္တဲ့
ပါရဲယားဟာ အငွားစာခ်ဳပ္နဲ႔ သြားေရာက္ကစားေနတဲ့
ဘရာဇီး နာမည္ႀကီးကလပ္ ဖလာမင္ဂိုအသင္းဆီကို
အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ၿပီလို႔ သိရပါတယ္။
ေျပာင္းေ႐ႊ႕ေၾကးမွာ ယူ႐ို ၁၀.၅ သန္း + ေနာက္ထပ္အသင္းတစ္သင္းသို႔
ေရာင္းခ်မႈမွ ၂၅% ခံစားခြင့္ျဖစ္ပါတယ္။
အသက္(၂၆)ႏွစ္အ႐ြယ္ရွိ ဘရာဇီးကြင္းလယ္လူ ပါရဲယားဟာ
ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ကမွ ဘရာဇီးကို ျပန္သြားခဲ့ၿပီး
ဖလာမင္ဂိုအသင္းဆီ တစ္ရာသီ အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။
Copa Libertadores 2021 ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲစဥ္မွာ
ႀကီးမားတဲ့ အမွားတခ်ိဳ႕ က်ဴးလြန္မိခဲ့ေပမယ့္ ဖလာမင္ဂိုအသင္းရဲ႕
ကြင္းလယ္မွာ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ေနရတဲ့
ပါရဲယားကို ဖလာမင္ဂိုဘက္က အငွားကေန အၿပီးသတ္ ေခၚယူခဲ့တာပါ။
ပါရဲယားဟာ ယူႏိုက္တက္ကို ၂၀၁၁ ခုႏွစ္မွာ PSV အသင္းကေန
ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ယူႏိုက္တက္အကယ္ဒမီရဲ႕
အေကာင္းဆုံး ကစားသမားအျဖစ္နဲ႔ ၂၀၁၄ မွာ ပြဲဦးထြက္ခြင့္ရရွိခဲ့ပါတယ္။
ယူႏိုက္တက္စီနီယာအသင္းမွာ ၈ ရာသီၾကာ ျဖတ္သန္းခဲ့ေပမယ့္လည္း
၇၅ ပြဲသာ ကစားခြင့္ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၉-၂၀ နည္းျပအိုလီဂန္နာဆိုးလ္ရွား
လက္ေအာက္မွာေတာ့ ၿပိဳင္ပြဲစုံ ပြဲ ၄၀ ထိ ကစားခြင့္ရခဲ့ပါတယ္။
အဲဒီရာသီအကုန္မွာေတာ့ လာဇီယိုကို အငွားထြက္ကစားခဲ့ၿပီး
ျပန္ေရာက္လာခ်ိန္မွာေတာ့ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားခြင့္ မရေတာ့ပဲ
အခုေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ အနာဂတ္မရွိေတာ့တဲ့
ကစားသမားတစ္ေယာက္အျဖစ္ ယူႏိုက္တက္တာဝန္ရွိသူေတြရဲ႕
ေရာင္းထုတ္ျခင္းခံခဲ့ရပါၿပီ။
ပါရဲယားဟာ ဖလာမင္ဂိုအသင္းအတြက္ ၂၀၂၁ခုႏွစ္ ေဘာလုံးရာသီမွ
ာ ၿပိဳင္ပြဲစုံ (၂၄)ပြဲအထိ ပါဝင္ကစားခဲ့ၿပီး သြင္းဂိုး(၅)ဂိုး သြင္းယူႏိုင္ခဲ့သလို
အခုလည္း ၂၀၂၂ခုႏွစ္ ေဘာလုံးရာသီအတြက္ စတင္ပါဝင္ေနၿပီ ျဖစ္ပါတယ္။
ဖလာမင္ဂိုအသင္းအတြက္ ပါဝင္ကစားခဲ့တဲ့ (၂၅)ပြဲအတြင္းမွာ (၅)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။