ပါရာဂွေး.. အီကွေဒေါနဲ့ အာဂျင်တီးနားကို ယုံကြည်ထားရမယ့် တောင်အမေရိက​ခြေစစ်ပွဲများ ကိုရွှေမောင်း
ဘိုလီးဗီးယား 🆚 ပီရူး
​ဘိုလီးဗီးယားကစားခဲ့တဲ့ အိမ်အဝေး နောက်ဆုံး ၂၇ ပွဲဆက်တိုက် ဂိုးပေးခဲ့ရတယ်။
အိမ်အဝေးနောက်ဆုံး ၉ ပွဲမှာလည်း နိုင်ပွဲမရှိဘဲ ၇ ပွဲရှုံးခဲ့တယ်။ ပီရူးနဲ့ အိမ်အဝေ
းနောက်ဆုံး ၉ ပွဲမှာလည်း နိုင်ပွဲမရှိဘဲ ၆ ပွဲ ရှုံးခဲ့တယ်။
ပီရူး အဝေးကွင်းနောက်ဆုံး ၃ ပွဲဆက်ရှုံးထားတယ်။
အဝေးကွင်း နောက်ဆုံး ၁၂ ပွဲမှာလည်း ဗင်နီဇွဲလားကလွဲလို့ ကျန် ၁၁ ပွဲ ဂိုးပေးခဲ့ရတယ်။
ဘိုလီးဗီးယားကွင်းမှာ အသင်းတိုင်း ခက်ခက်ခဲခဲကစားရလေ့ရှိပေမယ့် ခြေတက်နေတဲ့
ပီရူးနဲ့ ဂိုးအပေါ်ကို တွဲရွေးသင့်တယ်။
ပီရူး / ဂိုးအပေါ်
ဗင်နီဇွဲလား 🆚 အီကွေဒေါ
၂၀၂၀ နိုဝင်ဘာအတွင်းက ချီလီကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ဗင်နီဇွဲလားရဲ့ နောက်ဆုံး
၁၀ ပွဲဆက်တိုက် နိုင်ပွဲမရှိခဲ့ဘူး။ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်တိုက်လည်း ရှုံးထားတယ်။
အီကွေဒေါကိုလည်း နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်မရခဲ့ဘူး။
တောင်အမေရိကဇုန်ခြေစစ်ပွဲ ၃ ကြိမ်ဆက်တိုက် ၁၀ ပွဲကစားပြီးချိန်မှာ တတိယနေရာကို
အီကွေဒါ ရထားတယ်။ ၂၁၀၈ ကလို ၈ ပွဲကျန် ၃ မှတ်သာလိုပေမယ့် ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ရမှုကို
ထပ်အဖြစ်ခံမယ် မထင်ဘူး။ ဘိုလီးဗီးယားကို ပထမပိုင်း ၁၉ မိနစ်အတွင်း ၃ ဂိုးသွင်းပြီး
အနိုင်ရခဲ့တဲ့ အီကွေဒေါကိုပဲ ဆက်ယုံကြည်ပါ။
အီကွေဒေါ
ကိုလံဘီယာ 🆚 ဘရာဇီး
ဥရုဂွေးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှအပ ကိုလံဘီယာရဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲက ၂ သင်းလုံး
ဂိုးသွင်းခဲ့တဲ့ ပွဲတွေပါ။ ကိုလံဘီယာရဲ့ နောက်ဆုံး ၆ ပွဲဆက်တိုက် သာမန်ပွဲချိန်အတွင်း ရှုံးပွဲ
မရှိခဲ့ဘူး။ ပလေးအော့ာဖ်ကစားရမယ့် အဆင့် ၅ ရောက်နေပေမယ့် တတိယနေရာက
အီကွေဒေါနဲ့ အမှတ်တူနေပါတယ်။ ဘရာဇီးဟာ ခြေစစ်ပွဲ ၉ ပွဲဆက်တိုက်အနိုင်ရထားတယ်။
ဗင်နီဇွဲလားပွဲတုန်းက ပွဲပယ်ခံခဲ့ရတဲ့ နေမာပြန်ကစားခွင့်ရမှာပါ။ ဒါပေမယ့် ဘရာဇီးဟာ
ကိုလံဘီယာဆိုရင် ခက်ခက်ခဲခဲကစားရလေ့ရှိပြီး နောက်ဆုံး ၁၂ ပွဲမှာ ၅ ပွဲပဲ နိုင်ခဲ့တာပါ။
အမှတ်လိုတဲ့ ကိုလံဘီယာပဲ ရွေးသင့််တယ်။
ကိုလံဘီယာ
အာဂျင်တီးနား 🆚 ဉရုဂွေး
ပါရာဂွေးကို ဂိုးမရှိသရေကျခဲ့တာဟာ အာဂျင်တီးနားအတွက် နောက်ဆုံး ၂၁ ပွဲမှာ ပထမဆုံး
ဂိုးပေါက်ပျောက်ခဲ့တာပါ။ အာဂျင်တီးနားဟာ ဘရာဇီးနဲ့အတူ
ဒီ ခြေစစ်ပွဲတစ်လျောက်ရှုံးပွဲ မရှိသေးဘူး။ ဥရုဂွေးနဲ့နောက်ဆုံး ၁၁ ပွဲမှာလည်း ၁ ပွဲပဲ ရှုံးခဲ့တယ်။
ဥရုဂွေးနည်းပြ တာဘာရက်ဇ်ဟာ နည်းပြဘဝ အာဂျင်တီးနားနဲ့ ၁၃ ကြိမ်မြောက်
ရင်ဆိုင်မှာဖြစ်ပြီး သူ့ရဲ့အရင် ၁၂ ပွဲမှာ ၃ ပွဲပဲနိုင်ခဲ့တယ်။ အာဂျင်တီးနားနဲ့ နောက်ဆုံး ၅ပွဲမှာ
ဥရုဂွေး ၄ ပွဲ ဂိုးမရခဲ့ဘူး။ လတ်တလော ဆွာရက်ဇ်နဲ့ ကာဗာနီတို့ ဂိုးရဖို့ ခက်နေလို့ အာဂျင်တီးနားပဲ
စားသွားမယ့်ပွဲပါ။
အာဂျင်တီးနား
ချီလီ 🆚 ပါရာဂွေး
ပီရူးကို ရှုံးပြီးနောက် ချီလီ ပြိုင်ပွဲစုံ နိုင်ပွဲပျောက်နေတာ ၇ ပွဲအထိ ရှိလာပါပြီ။ လက်ရှိ ခြေစစ်ပွဲမှာလည်း
၁ ပွဲပဲနိုင်ထားတယ်။ ဗင်နီဇွဲလားပြီးရင်လည်း ပါရာဂွေးနဲ့အတူ တိုက်စစ်အညံ့ဆုံးဖြစ်ပြီး ၆ ဂိုးသာ ရထားတယ်။
နောက်ဆုံး ၂ပွဲဆက်ဂိုးမပေးဘဲနိုင်ခဲ့မှုအပါအဝင် ချီလီနဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် ပါရာဂွေး အနိုင်ရထားတယ်။
ပါရာဂွေးဟာ ဒီခြေစစ်ပွဲကာလမှာ သရေပွဲအများဆုံးကစားတဲ့ အသင်း (၆ ပွဲ)လည်း ဖြစ်နေတယ်။
ချီလီရဲ့ ဘော်ဒီကြေး =-၇၀ ဆိုတာကလည်း ခေါ်ကြေးသဘောဖြစ်နေလို့ ပါရာဂွေး ရွေးပါ။
Zawgyi
ဘိုလီးဗီးယား 🆚 ပီရူး
ပီရူး / ဂိုးအပေါ်
ဗင်နီဇွဲလား 🆚 အီကွေဒေါ
အီကွေဒေါ
ကိုလံဘီယာ ဘရာဇီး
အမှတ်လိုတဲ့ ကိုလံဘီယာပဲ ရွေးသင့်တယ်။
ကိုလံဘီယာ
အာဂျင်တီးနား ဉရုဂွေး
စားသွားမယ့်ပွဲပါ။
အာဂျင်တီးနား