
ဂန်းနားတွေပရီးမီးယားလိဂ်မှာ ကြီးကျယ်ခမ်းနားတဲ့အချိန်တွေ





ပိုင်ဆိုင်ခဲ့စဉ်မှာတော့ ဝင်းဂါးရဲ့အသင်းမှာတကယ့်ဖိုက်တာပီသတဲ့
ကစားသမားတွေရှိခဲ့ကြပါတယ်။ အွန်နရီနဲ့ ဘားကမ့်တို့လို





တိုက်စစ်မှူးတွေက အရေးပါတဲ့သွင်းဂိုးတွေနဲ့ ထောက်ပံ့ပေးခဲ့ကြသလို
ဗီအဲရာ-ပီတစ်နဲ့ ဖာဘရီဂက်စ်-ဂီလ်ဘာတိုဆေးလ်ဗား ဆိုတဲ့
ကွင်းလယ်အတွဲအဖက်တွေက ပြိုင်ဘက်ကိုအလဲထိုးရာမှာ





ခရာကျခဲ့တာဖြစ်တယ်။ ဆိုးရွားတဲ့ပြိုင်ဆိုင်မှုတွေမှာ ဂန်းနားရဲ့
ကွင်းလယ်ကြယ်ပွင့်တွေကအကောင်းဆုံးတွန်းလှန်နိုင်ခဲ့ကြပါတယ်။





အဆင်ပြေမယ်ဆိုရင် ရေးပါလာ လိုဖိုက်တာကိုလည်း
ဒီစာရင်းထဲမှာထည့်နိုင်ပါတယ်။ ကိုယ်ပိုင်စတိုင်နဲ့ကစားကြတာ
ဆိုပေမဲ့ ဂိမ်းအတွက်လိုအပ်တယ်ဆိုရင် အနည်းငယ်တော့





အရိုင်းဆန်ဖို့လိုအပ်နေတာဖြစ်တယ်။ ဝင်းဂါးလက်ထက်
အောင်မြင်ခဲ့စဉ်မှာ ဒီကွင်းလယ်လူတွေကပြိုင်ဘက်ကို





အနိုင်မခံအရှုံးမပေးရင်ဆိုင်ခဲ့ကြတာပါ။ လက်ရှိအာတီတာရဲ့
အသင်းမှာ အိုဒီဂတ်လိုကစားသမားက မှော်ဆန်တဲ့ဖန်တီးမှုတွေ
လုပ်နိုင်သလို ဆာကာနဲ့ မာတင်နယ်လီတို့လိုလူငယ်





ကြယ်ပွင့်တွေကလည်း သွင်းဂိုးတွေနဲ့ထောက်ပံ့ထားနိုင်တာ
ဖြစ်တယ်။ ဒါပေမဲ့ ဂန်းနားတွေတောက်ပလာတဲ့နောက်ကွယ်မှာ





စစ်ခွေးလိုကစားသမားတွေရှိတယ်လို့ ဟယ်ရီရက်နပ်ကဆိုခဲ့တာပါ။
ပါတေးနဲ့ ရှာကာတို့ရဲ့ကွင်းလယ်အထိုင်အတွက် ဆန်းပြားတဲ့
ဆုလာဘ်ဆိုတာမရှိပေမဲ့ အားလုံးထက်ပိုကောင်းအောင်





ကစားနိုင်ခဲ့ကြတာဖြစ်တယ်။ ဒီနှစ်ယောက်စလုံးက စစ်မှန်တဲ့
တိုက်ခိုက်ရေးသမားတွေဖြစ်ပြီး သန်မာမှုအားကောင်းသလို





ရန်လိုမှုအပြည့်ရှိကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ
ပတ်ဝန်းကျင်မှာရှိတဲ့ ဂန်းနားတွေအားလုံးကို စောင့်ရှောက်လိုစိတ်
အပြည့်ရှိကြပါတယ်။ ပါတေးကိုတော့ အားလုံးကခံစားလို့ရပေမဲ့





ရှာကာကတော့ ပရိသတ်တွေဆီကအမုန်းကို အချစ်တွေပြန်ဖြစ်
လာအောင်တိုက်ထုတ်နိုင်ခဲ့သူဖြစ်တယ်။ ဂန်းနားတွေအတွက်





သူတို့နှစ်ယောက်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို
ဒီညလန်ဒန်ဒါဘီပွဲမှာမြင်ရမယ်လို့ ဟယ်ရီရက်နပ်က သူ့ရဲ့အမြင်ကိုရေးသားလိုက်တာပါ။
zawgyi





ပါေတးနဲ႔ ရွာကာတို႔က တကယ့္ဖိုက္တာေတြျဖစ္တယ္ဆိုတာကို စပါးနဲ႔ပြဲမွာျမင္ရမယ္လို႔ ဟယ္ရီရက္နပ္ သုံးသပ္
ဂန္းနားေတြပရီးမီးယားလိဂ္မွာ ႀကီးက်ယ္ခမ္းနားတဲ့အခ်ိန္ေတြ





ပိုင္ဆိုင္ခဲ့စဥ္မွာေတာ့ ဝင္းဂါးရဲ႕အသင္းမွာတကယ့္ဖိုက္တာပီသတဲ့
ကစားသမားေတြရွိခဲ့ၾကပါတယ္။ အြန္နရီနဲ႔ ဘားကမ့္တို႔လို
တိုက္စစ္မႉးေတြက အေရးပါတဲ့သြင္းဂိုးေတြနဲ႔ ေထာက္ပံ့ေပးခဲ့ၾကသလို





ဗီအဲရာ-ပီတစ္နဲ႔ ဖာဘရီဂက္စ္-ဂီလ္ဘာတိုေဆးလ္ဗား ဆိုတဲ့
ကြင္းလယ္အတြဲအဖက္ေတြက ၿပိဳင္ဘက္ကိုအလဲထိုးရာမွာ





ခရာက်ခဲ့တာျဖစ္တယ္။ ဆိုး႐ြားတဲ့ၿပိဳင္ဆိုင္မႈေတြမွာ ဂန္းနားရဲ႕
ကြင္းလယ္ၾကယ္ပြင့္ေတြကအေကာင္းဆုံးတြန္းလွန္ႏိုင္ခဲ့ၾကပါတယ္။
အဆင္ေျပမယ္ဆိုရင္ ေရးပါလာ လိုဖိုက္တာကိုလည္း





ဒီစာရင္းထဲမွာထည့္ႏိုင္ပါတယ္။ ကိုယ္ပိုင္စတိုင္နဲ႔ကစားၾကတာ
ဆိုေပမဲ့ ဂိမ္းအတြက္လိုအပ္တယ္ဆိုရင္ အနည္းငယ္ေတာ့





အ႐ိုင္းဆန္ဖို႔လိုအပ္ေနတာျဖစ္တယ္။ ဝင္းဂါးလက္ထက္
ေအာင္ျမင္ခဲ့စဥ္မွာ ဒီကြင္းလယ္လူေတြကၿပိဳင္ဘက္ကို
အႏိုင္မခံအရႈံးမေပးရင္ဆိုင္ခဲ့ၾကတာပါ။ လက္ရွိအာတီတာရဲ႕





အသင္းမွာ အိုဒီဂတ္လိုကစားသမားက ေမွာ္ဆန္တဲ့ဖန္တီးမႈေတြ
လုပ္ႏိုင္သလို ဆာကာနဲ႔ မာတင္နယ္လီတို႔လိုလူငယ္





ၾကယ္ပြင့္ေတြကလည္း သြင္းဂိုးေတြနဲ႔ေထာက္ပံ့ထားႏိုင္တာ
ျဖစ္တယ္။ ဒါေပမဲ့ ဂန္းနားေတြေတာက္ပလာတဲ့ေနာက္ကြယ္မွာ
စစ္ေခြးလိုကစားသမားေတြရွိတယ္လို႔ ဟယ္ရီရက္နပ္ကဆိုခဲ့တာပါ။





ပါေတးနဲ႔ ရွာကာတို႔ရဲ႕ကြင္းလယ္အထိုင္အတြက္ ဆန္းျပားတဲ့
ဆုလာဘ္ဆိုတာမရွိေပမဲ့ အားလုံးထက္ပိုေကာင္းေအာင္





ကစားႏိုင္ခဲ့ၾကတာျဖစ္တယ္။ ဒီႏွစ္ေယာက္စလုံးက စစ္မွန္တဲ့
တိုက္ခိုက္ေရးသမားေတြျဖစ္ၿပီး သန္မာမႈအားေကာင္းသလို
ရန္လိုမႈအျပည့္ရွိၾကပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ





ပတ္ဝန္းက်င္မွာရွိတဲ့ ဂန္းနားေတြအားလုံးကို ေစာင့္ေရွာက္လိုစိတ္
အျပည့္ရွိၾကပါတယ္။ ပါေတးကိုေတာ့ အားလုံးကခံစားလို႔ရေပမဲ့





ရွာကာကေတာ့ ပရိသတ္ေတြဆီကအမုန္းကို အခ်စ္ေတြျပန္ျဖစ္
လာေအာင္တိုက္ထုတ္ႏိုင္ခဲ့သူျဖစ္တယ္။ ဂန္းနားေတြအတြက္
သူတို႔ႏွစ္ေယာက္က ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို





ဒီညလန္ဒန္ဒါဘီပြဲမွာျမင္ရမယ္လို႔ ဟယ္ရီရက္နပ္က သူ႔ရဲ႕အျမင္ကိုေရးသားလိုက္တာပါ။