ပအကျော့ ဂိုးပေါက်ကန်သွင်းမှု ဇီးရိုးကနေ ဒု-အကျော့မှာ ဟက်ထရစ်ရှင်ဖြစ်လာတဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဆဲလ်ဘတ်နဲ့

ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပ-အကျော့ပွဲမှာ
တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းမှု မရှိခဲ့ရာကနေ
ဒု-အကျော့ အိမ်ကွင်းပွဲစဉ်လည်းရောက်ရော
ပွဲအစ ၂၃ မိနစ်အတွင်းမှာပဲ ဟက်ထရစ်ရှင်အဖြစ်
ခံယူရင်း အသင်းကို ကွာတားဖိုင်နယ်

တက်ရောက်စေနိုင်ဖို့ အဓိကနေရာကနေ ကူညီပေးနိုင်ခဲ့ပါတယ်။
ဆဲလ်ဘတ်ဟာ ပ-အကျော့ အိမ်ကွင်းမှာ
ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်ကို
၁-၁ ဂိုးသရေကစားနိုင်ခဲ့ပေမယ့် ဒု-အကျော့မှာတော့
ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ ပွဲအစ

၁၂ မိနစ်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။


လီဝန်ဒေါစကီးက သူ့ကြောင့် ရလာတဲ့
အဲဒီပင်နယ်တီကို

ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက်
၉မိနစ်အကြာမှာပဲ လီဝန်ဒေါစကီးကပဲ
ုဒုတိယမြောက်ပင်နယ်တီကို
အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးအဖြစ်
အေးဆေးကန်သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် ၂၃မိနစ်မှာ လီဝန်ဒေါစကီးက
သူ့ရဲ့ထိုးဖောက်မှုကနေ တိုင်ထိထွက်လာတာကို
ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ အသာလေး
ကန်သွင်းပြီး ဟက်ထရစ်ရှင်အဖြစ်ပါ ခံယူနိုင်ခဲ့ပါတယ်။


ဘိုင်ယန်မှာ အနာဂတ်မသေမချာဖြစ်နေတဲ့
လီဝန်ဒေါစကီးဟာ ယခုရာသီမှာ
အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ဂိုအးထိ
သွင်းယူပေးထားပြီး ကစားသမားဘဝတစ်လျှောက်

တစ်ရာသီအတွင်း အနည်းဆုံးဂိုး ၄၀
သွင်းနိုင်တာ ၇ရာသီဆက် ရှိနေပြီဖြစ်ပါတယ်။
”လီဝန်ဒေါစကီးအကြောင်း ရုပ်ရှင်တော့
ရိုက်သင့်နေပါပြီနော်”
”လီဝန်ဒေါစကီးဟာ ပရိသတ်တွေ

ပွဲကြည့်လို့မှ သွေးတောင်မပူသေးဘူး၊
သူက ဟက်ထရစ်ယူပြီးပြီ”
”ဘဝမှာ ရှောင်လွှဲလို့မရတာ
၃ခုပဲရှိပါတယ်။
သေခြင်းတရားရယ်၊

အခွန်ရယ်
လီဝန်ဒေါစကီး ဂိုးသွင်းတာရယ်တွေပေါ့”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။