ပရော်ဖက်ရှယ်နယ်ကစားသမားဘ၀ ပထမဆုံးအနီကတ်ထိခဲ့တဲ့ စနိုက်ပါတိုနီခရူးစ်

ကွင်းလယ်မှာ ခပ်အေးအေးပုံစံကစားတတ်တဲ့ တိုနီခရူးစ်ဟာ ဂျီရိုနာနဲ့ လာလီဂါပွဲစဉ် မှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးအနီကတ်ထိခဲ့ပါတယ်။ နာကျင်အချိန်ပိုအရောက်မှာ

ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်ကို နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ကျူးလွန်ပြီး ကစားကွက်အကြော ကိုဖြတ်တောက်ခဲ့တဲ့ တိုနီခရူးစ်ဟာ ဒုတိယမြောက်အဝါကတ်ထိပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရတာဖြစ်တယ်။

“ဆိုးရွားတဲ့ဖျက်ထုတ်မှုပါပဲ” လို့ တိုနီခရူးစ်ရဲ့တားဆီးပုံကို ပရိသတ်တစ်ယောက်က တွစ်တာပေါ်မှာဝေဖန်ခဲ့ပါတယ်။ အဆန်စီယိုကိုလူစားဝင်ခိုင်းဖို့အတွက် အဝါကတ်ထိထားတဲ့ တိုနီခရူးစ်ကိုမရွေးချယ်ဘဲ

ကာမာဗင်ဂါနဲ့လူစားလဲလိုက်တဲ့ နည်းပြအန်ဆလော့တီရဲ့လုပ်ရပ်ကိုလည်း ပရိသတ်တွေကဝေဖန်ခဲ့ကြပါတယ်။ အဆန်စီယိုဟာ လူစားဝင်လာပြီးတဲ့နောက် မိနစ် ၈၀အရောက်မှာ ဧရိယာအတွင်း

လက်ထိခဲ့တဲ့အတွက် ဂျီရိုနာအသင်းပင်နယ်တီကန်ခွင့်ရရှိခဲ့တာဖြစ်တယ်။ အသက် ၃၂နှစ်အရွယ် တိုနီခရူးစ်ဟာ ဘိုင်ယန်မြူးနစ် ယူ-၁၉အသင်းအတွက်ကစားပေးခဲ့စဉ်တုန်းက အနီကတ်ထိခဲ့ဖူးပေမဲ့

စီနီယာကစားသမားဘ၀ ၁၅နှစ်အတွင်းမှာ အနီမစွန်း အောင်ကစားထားနိုင်သူဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရီးရဲလ်ဟာတိုက်စစ်မှူးဗင်နီစီယက်စ်ရဲ့ သွင်းဂိုးနဲ့စတင်ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ပြိုင်ဘက်တိုက်စစ်မှူးစတူအာနီက

ပင်နယ်တီသွင်းဂိုးနဲ့ပြန်လည်ချေပခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉၀ မှာ ရိုဒရီဂိုက ရီးရဲလ်အတွက်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ပြိုင်ဘက်ဂိုးသမားလက်နဲ့အုပ်ထားချိန်မှာ လုကန်ခဲ့သလိုဖြစ်ခဲ့ပြီး VAR ကပယ်ဖျက်သွားခဲ့ပါတယ်။

ဂျီရိုနာနဲ့ သရေကျခဲ့တဲ့ ရီးရဲလ်ဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့ပေမဲ့ ဒုတိယနေရာက ဘာစီလိုနာနဲ့ တစ်မှတ်ကွာအနေအထားသာရှိပါတော့တယ်။

(Zawgyi)

ပေရာ္ဖက္ရွယ္နယ္ကစားသမားဘ၀ ပထမဆုံးအနီကတ္ထိခဲ့တဲ့ စႏိုက္ပါတိုနီခ႐ူးစ္

ကြင္းလယ္မွာခပ္ေအးေအးပုံစံကစားတတ္တဲ့ တိုနီခ႐ူးစ္ဟာ ဂ်ီ႐ိုနာနဲ႔ လာလီဂါပြဲစဥ္ မွာေတာ့ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ပထမဆုံးအနီကတ္ထိခဲ့ပါတယ္။ နာက်င္အခ်ိန္ပိုအေရာက္မွာ

ၿပိဳင္ဘက္ရဲ႕တန္ျပန္တိုက္စစ္ကို နည္းစနစ္ပိုင္းဆိုင္ရာ ျပစ္ဒဏ္က်ဴးလြန္ၿပီး ကစားကြက္အေၾကာကိုျဖတ္ေတာက္ခဲ့တဲ့ တိုနီခ႐ူးစ္ဟာ ဒုတိယေျမာက္အဝါကတ္ထိၿပီး ၿပိဳင္ပြဲကထြက္ခြာခဲ့ရတာျဖစ္တယ္။

“ဆိုး႐ြားတဲ့ဖ်ထုတ္မႈပါပဲ” လို႔ တိုနီခ႐ူးစ္ရဲ႕တားဆီးပုံကို ပရိသတ္တစ္ေယာက္က တြစ္တာေပၚမွာေဝဖန္ခဲ့ပါတယ္။ အဆန္စီယိုကိုလူစားဝင္ခိုင္းဖို႔အတြက္ အဝါကတ္ထိထားတဲ့ တိုနီခ႐ူးစ္ကိုမေ႐ြးခ်ယ္ဘဲ

ကာမာဗင္ဂါနဲ႔လူစားလဲလိုက္တဲ့ နည္းျပအန္ဆေလာ့တီရဲ႕လုပ္ရပ္ကိုလည္း ပရိသတ္ေတြကေဝဖန္ခဲ့ၾကပါတယ္။ အဆန္စီယိုဟာ လူစားဝင္လာၿပီးတဲ့ေနာက္ မိနစ္ ၈၀အေရာက္မွာ ဧရိယာအတြင္း

လက္ထိခဲ့တဲ့အတြက္ ဂ်ီ႐ိုနာအသင္းပင္နယ္တီကန္ခြင့္ရရွိခဲ့တာျဖစ္တယ္။ အသက္ ၃၂ႏွစ္အ႐ြယ္ တိုနီခ႐ူးစ္ဟာ ဘိုင္ယန္ျမဴးနစ္ ယူ-၁၉အသင္းအတြက္ကစားေပးခဲ့စဥ္တုန္းက အနီကတ္ထိခဲ့ဖူးေပမယ့္

စီနီယာကစားသမားဘ၀ ၁၅ႏွစ္အတြင္းမွာ အနီမစြန္း ေအာင္ကစားထားႏိုင္သူျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ ရီးရဲလ္ဟာတိုက္စစ္မႉးဗင္နီစီယက္စ္ရဲ႕ သြင္းဂိုးနဲ႔စတင္ဦးေဆာင္ခြင့္ရခဲ့ေပမဲ့ ၿပိဳင္ဘက္တိုက္စစ္မႉးစတူအာနီက

ပင္နယ္တီသြင္းဂိုးနဲ႔ျပန္လည္ေခ်ပခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္ ၉၀ မွာ ႐ိုဒရီဂိုက ရီးရဲလ္အတြက္ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ ၿပိဳင္ဘက္ဂိုးသမားလက္နဲ႔အုပ္ထားခ်ိန္မွာ လုကန္ခဲ့သလိုျဖစ္ခဲ့ၿပီး VAR ကပယ္ဖ်က္သြားခဲ့ပါတယ္။

ဂ်ီ႐ိုနာနဲ႔ သေရက်ခဲ့တဲ့ ရီးရဲလ္ဟာ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာဆက္လက္ရပ္တည္ႏိုင္ခဲ့ေပမဲ့ ဒုတိယေနရာက ဘာစီလိုနာနဲ႔ တစ္မွတ္ကြာအေနအထားသာရွိပါေတာ့တယ္။