
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာ ကဘောလုံးသမားဘဝကနေအနားယူရင်
နည်းပြအဖြစ်ဆောင်ရွက်ဖို့ကိုငြင်းပယ်လိုက် ပြီး
သူကပရော်ဖက်ရှင်နယ် GAMER တစ်ယောက်ဘဲဖြစ်ချင်တာလို့ ဆိုလိုက်ပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ နေမာက က စားသမားဘဝကနေအနားယူပြီးရင်
ဘာလုပ်ရမလဲဆိုတာကိုကြိုတင်ပြီးစဥ်းစားနေပြီလို့လည်းဖွင့်ဟခဲ့ပါတယ်။
ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၄ နှစ်ကျန်သေးတဲ့
နေမာက ဘရာဇီးရဲ့ဂန္ထဝင်ဖြစ်တဲ့ ရော်နယ်ဒို၊
တွစ်တာနာမည် ကျော် ဂူလက်စ် တို့နဲ့တွေ့ဆုံစကားပြောချိန်မှာ
GAMER ဖြစ်ချင်တဲ့အကြောင်းဝန်ခံလိုက်တာဖြစ်ပြီး
သူ့အနေနဲ့ ကမူး ရှူးထိုးနိုင်လွန်းတဲ့အတွက် နည်းပြလုပ်ဖို့မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။
နေမာက” ကျွန်တော့်စိတ်ထဲမှာတွေးထားတဲ့ အကြောင်းအရာအနည်းငယ်တော့ရှိပါတယ်။
ဒါပေမယ့် သေချာတော့မဆုံး ဖြတ်ရသေးပါဘူး။
ကျွန်တော်စပြီးစဥ်းစားနေတဲ့ ကိစ္စကဘောလုံးနဲ့မပတ်သက်ပါဘူး။
ဘောလုံးထက်စာရင် အခြားအရာတွေ ကိုလုပ်ဖို့ ပိုပြီးနှစ်သက်ပါတယ်။
ဘာမှတော့မသိသေးဘူးပေါ့ဗျာ။ ဘောလုံးမကစားတော့ချိန်မှာတော့
ဘောလုံးနဲ့မပတ်သက် တဲ့အရာကိုဘဲလုပ်သွားမှာပါ။
ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့လည်းမတွေးပါဘူး။
ကစားသမားတွေက ကျွန်တော့်သူငယ်ချင်း တွေဆိုတော့ ကလပ် ပျက်ဆီးသွားမှပေါ့။
နည်းပြဖြစ်ဖို့လည်း မရည်ရွယ်ပါဘူး။
ကျွန်တော်ကဒေါသထွက်လွယ်တော့ ဘယ် လိုလုပ်အဆင်ပြေနိုင်မှာလဲ။
ကစားသမားတွေကကျွန်တော့်ကို အထုတ်ခံရအောင်လုပ်ကြမှာပေါ့” လို့ပြောသွားပါတယ်။
ဒီတော့ ဂူလက်စ်က အဂူရို လိုမျိုး esports team တစ်ခု
ပိုင်ဆိုင်ဖို့ကြိုးစားမှာလားလို့ မေးတဲ့အခါသူက
” ကျွန်တော်က ဗီဒီယို ဂိမ်း ကိုတကယ်နှစ်သက်ပါတယ်။
ဒီတော့အဂူရိုလိုမျိုး ဖြစ်လာဖို့ရှိတာပေါ့။
ဒီဂိမ်းတွေကိုကျွန်တော်အရမ်းနှစ်သက်ပါတယ်။
ဒီတော့ GAMER တစ်ယောက်ဖြစ်လာနိုင်တာပေါ့။ စောင့်တော့ကြည့်ရဦးမှာပါ။
ဗီဒီယိုဂိမ်းထုတ်လုပ်ဖို့လည်း စိတ်ဝင်စားပါ တယ်” လို့ပြောသွားပါတယ်။
နေမာဟာ အရင်တုန်းကသူ့အသက် ၃၂ နှစ်အရွယ်မှာ
အနားယူမယ်လို့ဆိုခဲ့သေးပေမယ့် ဒါကနောက်ပြောင်တာသာဖြစ်ပြီး
သူ့စိတ်က စွမ်းဆောင်နိုင်သရွေ့ ဘောလုံးဆက်ကစားနေဦးမယ်လို့ ဆက်ပြောခဲ့ပါတယ်။
zawgyi
ပေရာ္ဖက္ရွင္နယ္ GAMER တစ္ေယာက္ဘဲျဖစ္ခ်င္တာလို႔ ဆိုလိုက္တဲ့ ေနမာ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး ေနမာ ကေဘာလုံးသမားဘဝကေနအနားယူရင္
နည္းျပအျဖစ္ေဆာင္႐ြက္ဖို႔ကိုျငင္းပယ္လိုက္ ၿပီး
သူကပေရာ္ဖက္ရွင္နယ္ GAMER တစ္ေယာက္ဘဲျဖစ္ခ်င္တာလို႔ ဆိုလိုက္ပါတယ္။
အသက္ ၃၀ ရွိၿပီျဖစ္တဲ့ ေနမာက က စားသမားဘဝကေနအနားယူၿပီးရင္
ဘာလုပ္ရမလဲဆိုတာကိုႀကိဳတင္ၿပီးစဥ္းစားေနၿပီလို႔လည္းဖြင့္ဟခဲ့ပါတယ္။
ပီအက္စ္ဂ်ီ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၄ ႏွစ္က်န္ေသးတဲ့
ေနမာက ဘရာဇီးရဲ႕ဂႏၴဝင္ျဖစ္တဲ့ ေရာ္နယ္ဒို၊
တြစ္တာနာမည္ ေက်ာ္ ဂူလက္စ္ တို႔နဲ႔ေတြ႕ဆုံစကားေျပာခ်ိန္မွာ
GAMER ျဖစ္ခ်င္တဲ့အေၾကာင္းဝန္ခံလိုက္တာျဖစ္ၿပီး
သူ႔အေနနဲ႔ ကမူး ရႉးထိုးႏိုင္လြန္းတဲ့အတြက္ နည္းျပလုပ္ဖို႔မျဖစ္ႏိုင္ဘူးလို႔ ဆိုခဲ့ပါတယ္။
ေနမာက” ကြၽန္ေတာ့္စိတ္ထဲမွာေတြးထားတဲ့ အေၾကာင္းအရာအနည္းငယ္ေတာ့ရွိပါတယ္။
ဒါေပမယ့္ ေသခ်ာေတာ့မဆုံး ျဖတ္ရေသးပါဘူး။
ကြၽန္ေတာ္စၿပီးစဥ္းစားေနတဲ့ ကိစၥကေဘာလုံးနဲ႔မပတ္သက္ပါဘူး။
ေဘာလုံးထက္စာရင္ အျခားအရာေတြ ကိုလုပ္ဖို႔ ပိုၿပီးႏွစ္သက္ပါတယ္။
ဘာမွေတာ့မသိေသးဘူးေပါ့ဗ်ာ။ ေဘာလုံးမကစားေတာ့ခ်ိန္မွာေတာ့
ေဘာလုံးနဲ႔မပတ္သက္ တဲ့အရာကိုဘဲလုပ္သြားမွာပါ။
ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ဖို႔လည္းမေတြးပါဘူး။
ကစားသမားေတြက ကြၽန္ေတာ့္သူငယ္ခ်င္း ေတြဆိုေတာ့ ကလပ္ ပ်က္ဆီးသြားမွေပါ့။
နည္းျပျဖစ္ဖို႔လည္း မရည္႐ြယ္ပါဘူး။
ကြၽန္ေတာ္ကေဒါသထြက္လြယ္ေတာ့ ဘယ္ လိုလုပ္အဆင္ေျပႏိုင္မွာလဲ။
ကစားသမားေတြကကြၽန္ေတာ့္ကို အထုတ္ခံရေအာင္လုပ္ၾကမွာေပါ့” လို႔ေျပာသြားပါတယ္။
ဒီေတာ့ ဂူလက္စ္က အဂူ႐ို လိုမ်ိဳး esports team တစ္ခု
ပိုင္ဆိုင္ဖို႔ႀကိဳးစားမွာလားလို႔ ေမးတဲ့အခါသူက
” ကြၽန္ေတာ္က ဗီဒီယို ဂိမ္း ကိုတကယ္ႏွစ္သက္ပါတယ္။
ဒီေတာ့အဂူ႐ိုလိုမ်ိဳး ျဖစ္လာဖို႔ရွိတာေပါ့။
ဒီဂိမ္းေတြကိုကြၽန္ေတာ္အရမ္းႏွစ္သက္ပါတယ္။
ဒီေတာ့ GAMER တစ္ေယာက္ျဖစ္လာႏိုင္တာေပါ့။ ေစာင့္ေတာ့ၾကည့္ရဦးမွာပါ။
ဗီဒီယိုဂိမ္းထုတ္လုပ္ဖို႔လည္း စိတ္ဝင္စားပါ တယ္” လို႔ေျပာသြားပါတယ္။
ေနမာဟာ အရင္တုန္းကသူ႔အသက္ ၃၂ ႏွစ္အ႐ြယ္မွာ
အနားယူမယ္လို႔ဆိုခဲ့ေသးေပမယ့္ ဒါကေနာက္ေျပာင္တာသာျဖစ္ၿပီး
သူ႔စိတ္က စြမ္းေဆာင္ႏိုင္သေ႐ြ႕ ေဘာလုံးဆက္ကစားေနဦးမယ္လို႔ ဆက္ေျပာခဲ့ပါတယ္။