ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်လာတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဖီဖာရဲ့

မှတ်တမ်းတွေအရ ပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းတစ်လျှောက်
ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ စပါးကို
၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်
ဂန္ထဝင်တိုက်စစ်မှူး ဘီကန်ကို ကျော်ဖြတ်ကာ

ဘောလုံးလောကရဲ့ဂိုးသွင်းအများဆုံး
ကစားသမားဖြစ်လာတာဖြစ်ပြီး အဝေးကန်ချက်နဲ့
သွင်းယူနိုင်ခဲ့တဲ့ ပထမဂိုးက ဘီကန်ရဲ့သွင်းဂိုးအရေအတွက်
၈၀၅ ဂိုးကို လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။


အဲဒီနောက် သူဟာ ယူနိုက်တက်အတွက်
ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
ကာလရှည်တည်မြဲခဲ့တဲ့ သြစတြီးယား-ချက်
ဂန္ထဝင်ကစားသမားကြီးရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး

ပြင်းထန်အားပါတဲ့ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တဲ့
အနိုင်ဂိုးက သူ့အတွက် ၈၀၇ ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။
၁၉၃၁ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်အထိ ကစားခဲ့တဲ့
ဘီကန်ဟာ သွင်းဂိုးအများစုကို ချက်ကလပ်
ဆလားဗီးယားပရပ်ဂ်အသင်းနဲ့အတူ သွင်းယူခဲ့တာဖြစ်ပြီး

ချက်ကလပ်အတွက် ၂၂၁ ပွဲမှာ ၄၂၇ဂိုးအထိ သွင်းယူခဲ့တာပါ။


သူဟာ သြစတြီးယားနဲ့ ချက်ကိုဆလိုဗက်ကီးယားအသင်းတွေမှာလည်း
ကစားခဲ့ပြီး အသက် ၄၂ နှစ်အရွယ်ရောက်မှ

ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကို ပြန်လည်ရောက်လာပြီးနောက် အသင်းအတွက်
၃၂ပွဲမှာ ၁၈ဂိုးသွင်းယူပေးထားတဲ့ ရော်နယ်ဒိုဟာ
လက်ရွေးစင်သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း
စံချိန်တင်ထားပြီး ပေါ်တူဂီအသင်းအတွက် ၁၁၅ဂိုးအထိသွင်းယူပေးထားပါတယ်။