ပရော်ဖက်ရှင်နယ် နောက်ဆုံးပွဲစဉ်ကို အနီကတ်တဲ့ နှုတ်ဆက်တဲ့ပီကေး

ဘာစီလိုနာက အိုဆာဆူနာကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာ နောက်ခံလူ ပီကေးဟာ ဘောလုံး ကစားခွင့်မရဘဲနဲ့ အနီကတ်ပြ ထုတ်ပယ် တာခံလိုက်ရပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ဂါစီယာရဲ့ သွင်းဂိုးကြောင့် ဦးဆောင် ဂိုးပေးလိုက်ရတဲ့ ဘာစီလိုနာဟာ အခြေအနေတွေ ဆိုးဝါးခဲ့ပြီး ပွဲချိန် ၃၁ မိ နစ်မှာတော့ တိုက်စစ်မှူး

လီဝန်ဒေါစကီး ကစားပုံ ကြမ်းတမ်းလွန်းခဲ့တာ ကြောင့် ၂ ဝါ ၁ နီနဲ့ အထုတ်ခံလိုက်ရလို့ ဘာကာတို့ လူတစ်ယောက် လျော့ သွားခဲ့ပါတယ်။

ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီးမှာတော့ တစ်ဂိုးပေးထားရသလို လူလည်း တစ်ယောက်လျော့နေတဲ့ ဘာစီလိုနာကြောင့် မခံမရပ်နိုင်ဖြစ်နေတဲ့ ပီကေးဟာ

အကူဒိုင်လူကြီးဆီကိုသွားပြီး ပြင်းပြင်းထန်ထန် စောဒက တက်ခဲ့ပါတယ်။ နောက်ပြီး ပထမပိုင်းပွဲသိမ်းခရာမှုတ်ပြီး ဥမင်လိုဏ်ခေါင်းထဲကို ပြန်လာခဲ့တဲ့ ကွင်းလယ်ဒိုင်

ဂျီးဆပ်စ်ဂီလ်ဆီကိုလည်း သွားရောက် စောဒက တက်ခဲ့တာကြောင့်စပိန် ဒိုင်လူကြီးက ပီကေးကို တိုက်ရိုက် အနီကတ်ပြခဲ့တာ ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့

သီတင်းပတ်မှာ ဘောလုံးသမားဘဝကနေ အနားယူ ပြီဖြစ်တယ်လို့ တရားဝင် ကြေညာပြီးတဲ့နောက် အိုဆာဆူနာနဲ့ပွဲဟာ ပီကေးရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀

နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမှာ သူဟာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာတာမျိုး မရှိပေမဲ့ အရန် ကစားသမားအဖြစ် ဝင်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

ဒါပေမဲ့ ပထမပိုင်းအပြီးမှာ ပဲ ထုတ်ပယ်ခံလိုက်ရတာကြောင့် ပွဲကစားခွင့်မရခဲ့ဘဲ အနီကတ်နဲ့သာ ညားသွားခဲ့တာပါ။ ဆိုင်းမဆင့် ဗုံမဆင့်နဲ့

အနားယူပြီလို့ ကြေညာလိုက်တာကြောင့် ပီကေးရဲ့ သတင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အတော်လေး လှုပ်ခတ် မှုရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အခုလိုမျိုး ကစားသမားဘဝကနေအနားယူပြီး လမ်းခွဲတာဟာ ဘာကာနဲ့ ဇာတ်လမ်း ဆုံးခန်းတိုင်သွားတာမျိုး

မဟုတ်ဘဲ တစ်ခန်းရပ်သွားတာဖြစ်ပြီး နောက်ထပ် ဇာတ်ဝင်ခန်းတွေ ရှိနေဦးမှာဖြစ်တယ် လို့ ပီကေးက ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် တစ်ချိန်ချိန်မှာတော့ ပီကေး ကို အသင်းရဲ့ တာဝန်ရှိသူတစ်ယောက်အဖြစ် ဒါမှမဟုတ်ရင်လည်း နည်းပြ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။

(Zawgyi)

ပေရာ္ဖက္ရွင္နယ္ ေနာက္ဆုံးပြဲစဥ္ကို အနီကတ္တဲ့ ႏႈတ္ဆက္တဲ့ပီေကး

ဘာစီလိုနာက အိုဆာဆူနာကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဘာစီလိုနာ ေနာက္ခံလူ ပီေကးဟာ ေဘာလုံး ကစားခြင့္မရဘဲနဲ႔

အနီကတ္ျပ ထုတ္ပယ္ တာခံလိုက္ရပါတယ္။ ပြဲခ်ိန္ ၆ မိနစ္မွာ ဂါစီယာရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ ဂိုးေပးလိုက္ရတဲ့

ဘာစီလိုနာဟာ အေျခအေနေတြ ဆိုးဝါးခဲ့ၿပီး ပြဲခ်ိန္ ၃၁ မိ နစ္မွာေတာ့ တိုက္စစ္မႉး လီဝန္ေဒါစကီး ကစားပုံ ၾကမ္းတမ္းလြန္းခဲ့တာ

ေၾကာင့္ ၂ ဝါ ၁ နီနဲ႔ အထုတ္ခံလိုက္ရလို႔ ဘာကာတို႔ လူတစ္ေယာက္ ေလ်ာ့ သြားခဲ့ပါတယ္။ ပထမပိုင္း ပြဲခ်ိန္ၿပီးဆုံးခါနီးမွာေတာ့

တစ္ဂိုးေပးထားရသလို လူလည္း တစ္ေယာက္ေလ်ာ့ေနတဲ့ ဘာစီလိုနာေၾကာင့္ မခံမရပ္ႏိုင္ျဖစ္ေနတဲ့ ပီေကးဟာ

အကူဒိုင္လူႀကီးဆီကိုသြားၿပီး ျပင္းျပင္းထန္ထန္ ေစာဒက တက္ ခဲ့ပါတယ္။ ေနာက္ၿပီး ပထမပိုင္းပြဲသိမ္းခရာမႈတ္ၿပီး

ဥမင္လိုဏ္ေခါင္းထဲကို ျပန္လာခဲ့တဲ့ ကြင္းလယ္ဒိုင္ ဂ်ီးဆပ္စ္ဂီလ္ဆီကိုလည္း သြားေရာက္ ေစာဒက တက္ခဲ့တာေၾကာင့္စပိန္ ဒိုင္လူႀကီးက

ပီေကးကို တိုက္႐ိုက္ အနီကတ္ျပခဲ့တာ ပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေဘာလုံးသမားဘဝကေန အနားယူ ၿပီျဖစ္တယ္လို႔

တရားဝင္ ေၾကညာၿပီးတဲ့ေနာက္ အိုဆာဆူနာနဲ႔ပြဲဟာ ပီေကးရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသ မားဘ၀ ေနာက္ဆုံးပြဲစဥ္ျဖစ္ပါတယ္။

ဒီပြဲမွာ သူဟာ ပုံမွန္ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာတာမ်ိဳး မရွိေပမဲ့ အရန္ ကစားသမားအျဖစ္ ဝင္ဖို႔ ဆုံးျဖတ္ထားပုံ ရပါတယ္။

ဒါေပမဲ့ ပထမပိုင္းအၿပီးမွာ ပဲ ထုတ္ပယ္ခံလိုက္ရတာေၾကာင့္ ပြဲကစားခြင့္မရခဲ့ဘဲ အနီကတ္နဲ႔သာ ညား သြားခဲ့တာပါ။

ဆိုင္းမဆင့္ ဗုံမဆင့္နဲ႔ အနားယူၿပီလို႔ ေၾကညာလိုက္တာေၾကာင့္ ပီေကးရဲ႕ သတင္းဟာ ၿပီးခဲ့တဲ့ သီတင္းပတ္မွာေတာ့

အေတာ္ေလး လႈပ္ခတ္ မႈရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အခုလိုမ်ိဳး ကစားသမားဘဝကေနအနားယူၿပီး လမ္းခြဲတာဟာ ဘာကာနဲ႔

ဇာတ္လမ္း ဆုံးခန္းတိုင္သြားတာမ်ိဳး မဟုတ္ဘဲ တစ္ခန္းရပ္သြားတာျဖစ္ၿပီး ေနာက္ထပ္ ဇာတ္ဝင္ခန္းေတြ ရွိေနဦးမွာျဖစ္တယ္ လို႔

ပီေကးက ေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ပီေကး ကို အသင္းရဲ႕ တာဝန္ရွိသူတစ္ေယာက္အျဖစ္

ဒါမွမဟုတ္ရင္လည္း နည္းျပ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ျပန္လည္ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။