ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေအပြီးတိုင်အနားယူရတော့မယ့် အဂူရို

ပြီးခဲ့တဲ့လက ဘာစီလိုနာအသင်းအတွက်ဝင်ရောက်ကစားခဲ့တဲ့ အဂူရိုရဲ့

ပထမဆုံး ပွဲဦးထွက်ပွဲစဉ်မှာ သူဟာရင်ဘတ်အောင့်ပြီး အသက်ရှုရခက်ခဲတဲ့

ပြဿနာဖြစ်ပေါ်ခဲ့တာကြောင့် ပွဲကစားချိန် ၄၁ မိနစ်မှာ လူစားလဲခဲ့ရပြီး

ဆေးရုံပို့ဆောင်ခဲ့ချိန်မှာ နှလုံးခုန်နှုန်းမမှန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

တိုက်စစ်မှူးအဂူရိုအနေနဲ့ဆေးရုံမှာ ၂ ရက်ကြာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်

အစောပိုင်းမှာ သုံးလခန့် အနားယူရမယ်လို့ စပိန်အခြေစိုက် သတင်းဌာနာတွေက

ရေးသားဖော်ပြခဲ့ပေမယ့် ၎င်းရဲ့ ကျန်းမာရေးအခြေအနေက

အရင်ထင်ထားတာထက်ကို ပြင်းထန်နေပြီဆိုတာ ထင်ရှားလာခဲ့ပါတယ်။

ဒါကြောင့်လည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာပြုလုပ်မယ့် ဘာစီလိုနာအသင်းရဲ့

အထူးသတင်းစာရှင်းလင်းပွဲမှာတော့ တိုက်စစ်မှူးအနေနဲ့

၎င်းရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေအပြီးတိုင်

အနားယူရတော့မှာဖြစ်ကြောင်း ကြေညာသွားမယ်လို့

သတင်းတွေကဖော်ပြနေခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရတော့ ဘာစီလိုနာကလည်း ကစားသမားအတွက်

နှုတ်ဆက်ပွဲ ပြင်ဆင်ထားပြီးပြီလို့ သိရှိရပါတယ်။

အဂူရိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာကို

ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။အဂူရိုအနေနဲ့ အသင်းကိုရောက်ရောက်ချင်း

ဒဏ်ရာပြဿနာနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရကာ ပြန်ကစားနိုင်ချိန်မှာလည်း

အခုလိုမျိုး ရောဂါဝေဒနာနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဒါကြောင့် မန်စီးတီးမှာ အောင်မြင်မှုပေါင်းများစွာ ယူနိုင်ခဲ့တဲ့ အဂူရိုရဲ့

ကစားသမားဘဝ က အသင်းပြောင်းပြီးနောက် အဆုံးသတ်မလှပဘူးလို့ပဲ ဆိုရတော့မှာပါ။

zawgyi

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကေနအၿပီးတိုင္အနားယူရေတာ့မယ့္ အဂူ႐ို

ၿပီးခဲ့တဲ့လက ဘာစီလိုနာအသင္းအတြက္ဝင္ေရာက္ကစားခဲ့တဲ့ အဂူ႐ိုရဲ႕

ပထမဆုံး ပြဲဦးထြက္ပြဲစဥ္မွာ သူဟာရင္ဘတ္ေအာင့္ၿပီး အသက္ရႈရခက္ခဲတဲ့

ျပႆနာျဖစ္ေပၚခဲ့တာေၾကာင့္ ပြဲကစားခ်ိန္ ၄၁ မိနစ္မွာ လူစားလဲခဲ့ရၿပီး

ေဆး႐ုံပို႔ေဆာင္ခဲ့ခ်ိန္မွာ ႏွလုံးခုန္ႏႈန္းမမွန္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

တိုက္စစ္မႉးအဂူ႐ိုအေနနဲ႔ေဆး႐ုံမွာ ၂ ရက္ၾကာ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္

အေစာပိုင္းမွာ သုံးလခန႔္ အနားယူရမယ္လို႔ စပိန္အေျခစိုက္ သတင္းဌာနာေတြက

ေရးသားေဖာ္ျပခဲ့ေပမယ့္ ၎ရဲ႕ က်န္းမာေရးအေျခအေနက

အရင္ထင္ထားတာထက္ကို ျပင္းထန္ေနၿပီဆိုတာ ထင္ရွားလာခဲ့ပါတယ္။

ဒါေၾကာင့္လည္း လာမယ့္ ဗုဒၶဟူးေန႔မွာျပဳလုပ္မယ့္ ဘာစီလိုနာအသင္းရဲ႕

အထူးသတင္းစာရွင္းလင္းပြဲမွာေတာ့ တိုက္စစ္မႉးအေနနဲ႔

၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကေနအၿပီးတိုင္

အနားယူရေတာ့မွာျဖစ္ေၾကာင္း ေၾကညာသြားမယ္လို႔

သတင္းေတြကေဖာ္ျပေနခဲ့တာျဖစ္ပါတယ္။

သတင္းေတြအရေတာ့ ဘာစီလိုနာကလည္း ကစားသမားအတြက္

ႏႈတ္ဆက္ပြဲ ျပင္ဆင္ထားၿပီးၿပီလို႔ သိရွိရပါတယ္။

အဂူ႐ိုဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ဘာစီလိုနာကို

ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာပါ။အဂူ႐ိုအေနနဲ႔ အသင္းကိုေရာက္ေရာက္ခ်င္း

ဒဏ္ရာျပႆနာနဲ႔ ဆက္တိုက္ ရင္ဆိုင္ခဲ့ရကာ ျပန္ကစားႏိုင္ခ်ိန္မွာလည္း

အခုလိုမ်ိဳး ေရာဂါေဝဒနာနဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္စီးတီးမွာ ေအာင္ျမင္မႈေပါင္းမ်ားစြာ ယူႏိုင္ခဲ့တဲ့ အဂူ႐ိုရဲ႕

ကစားသမားဘဝ က အသင္းေျပာင္းၿပီးေနာက္ အဆုံးသတ္မလွပဘူးလို႔ပဲ ဆိုရေတာ့မွာပါ။