ပရီးမီးယားလိဂ် နိုင်ပွဲ ၇၀၀ ပြည့် ပထမဆုံးအသင်း မန်ယူ
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာနိုင်ပွဲ ၇၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးအသင်
းဖြစ်လာတဲ့အပြင် သူ့မှတ်တမ်းကိုမီဖို့ကျန်တဲ့အ သင်းတွေအတွက်
လွယ်ကူဖို့မရှိသေးဘူးလို့ သိရပါတယ်။ မန်ယူဟာလိဒ်ကို အဝေးကွင်းမှာ
၄-၂ နဲ့နိုင်ခဲ့ပြီးနောက် အခုမှတ် တမ်းကိုရရှိသွားတာပါ။ ပရီးမီးယားလိဂ်ကို
၁၉၉၂ မှာစတင်ဖွဲ့စည်းခဲ့ပြီး မန်ယူကနည်းပြကြီး ဖာဂူဆန်နဲ့အတူချန်ပီယံဘွဲ့
၁၃ ကြိမ်ဆွတ်ခူးခဲ့တာပါ။
နောက်ပိုင်းမှာ ပြိုင်ဘက်တွေရဲ့အားကောင်းလာမှု၊ မန်ယူအသင်းက
ဖာဂူဆန်ခေတ်လွန်ကာလမှာ အရှိန်အဝါကျဆင်းသွားမှုတွေကြောင့် မန်ယူရဲ့
နိုင်ပွဲအရေအတွက်က အရင်ကထက်နည်းသွားပေမယ့်သူတို့ရဲ့နိုင်ပွဲ ၇၀၀ ကို
လိုက် မီဖို့ ပြိုင်ဘက်တွေအများကြီးလိုအပ်နေသေးတာပါ။ နိုင်ပွဲရရှိမှုအရေအတွက်မှာ
ဒုတိယနေရာမှာရှိနေတဲ့ အာဆင်နယ်တောင်မှ မန်ယူကို လိုက်မီဖို့ ပွဲ ၉၀
လိုအပ်နေသးတာပါ။ လိဂ်မှာနိုင်ပွဲ ၆၁၀ ရှိတဲ့အာဆင်နယ်ဟာ ၂၀၁၆ နောက်ပိုင်းမှာ
ချန်ပီယံလိဂ်ဝင်ခွင့်မရ တော့ဘဲ ရုန်းကန်နေရမှုနဲ့အတူ ချဲလ်ဆီးကသူတို့ကိုလိုက်မီခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ လိဂ်မှာ ၆၁၁ ပွဲနိုင်ခဲ့လို့အာဆင်နယ်ထက် တစ်ပွဲပိုခဲ့ပေမယ့်
စုစုပေါင်းအမှတ်ရရှိမှုမှာတော့အတူတူဖြစ် နေပြီး ၂၁၁၄ မှတ်ရထားပါတယ်။
ဒါဟာမန်ယူထက်အမှတ် ၁၄၀ လျော့နည်းတာပါ။ သူတို့ပြီးရင် ထိပ်ဆုံး ၅ သင်းထဲမှာ
လီဗာပူးနဲ့စပါး တို့လည်းပါဝင်နေပြီး လီဗာပူးက ၅၉၈ ပွဲ၊ စပါးက ၄၉၂ ပွဲနဲ့
ရပ်တည်နေပါတယ်။ လက်ရှိမှာပရီးမီးယားလိဂ် ရဲ့အကောင်းဆုံးအသင်းလို့
သတ်မှတ်ခံထားရတဲ့ မန်စီးတီးကတော့ ၄၆၄ ပွဲနိုင်ပြီးအဆင့် ၆ မှာရှိနေပါတယ်။
အခုထွက်ပေါ်လာ တဲ့ မှတ်တမ်းမှာ တစ်သင်းချင်းစီရဲ့ ပရီးမီးယားလိဂ်ကစားခဲ့တဲ့
ပွဲအရေအတွက်၊ နိုင်ပွဲ၊ သရေ၊ ရှုံးပွဲနဲ့ ဂိုးကွာခြားချက်တွေကို တွက်ချက်ပြီး
အမှတ်ပေးတာဖြစ်ပါတယ်။
မန်ယူက ၁၁၄၀ ပွဲကစားပြီး ပွဲ ၇၀၀ နိုင်၊ ၂၅၄ ပွဲသရေ၊ ၁၈၆ ပွဲရှုံးပြီး ဂိုးကွာခြားချက်က
၁၁၂၉ ရှိကာ ၂၂၅၄ မှတ်ရခဲ့ပါတယ်။ အာဆင်နယ်က ၁၁၃၇ ပွဲကစားပြီး ၆၁၀ ပွဲနိုင်၊
၂၈၄ ပွဲသရေ၊ ၂၄၃ ပွဲရှုံးပြီး ၈၆၆ ဂိုးနဲ့ ၂၁၁၄ မှတ်ရခဲ့ပါတယ်။ ချဲလ်ဆီးက ၁၁၃၉ ပွဲ
ကစားပြီး ၆၁၁ ပွဲနိုင်၊ ၂၈၁ ပွဲသရေ၊ ၂၄၇ ပွဲရှုံးပြီး ၈၃၆ ဂိုးနဲ့ ၂၁၁၄ မှတ်ရခဲ့ပါတယ်။
(ထိပ်ဆုံး ၁၀ သင်းကိုပုံမှာဖော်ပြထားပါတယ်)
Zawgyi
၎-၂ နဲ့နိုင်ခဲ့ပြီးနောက် အခုမှတ် တမ်းကိုရရှိသွားတာပါ။ ပရီးမီးယားလိဂ်ကို
အမှတ်ပေးတာဖြစ်ပါတယ်။