
◾️ အေဂျက်ဇ်နည်းပြကို စံချိန်တင်လစာပေးပြီး ခေါ်ယူမယ့် နယူးကာဆယ်
◾️ ဘာစီလိုနာ ကစားသမားတဦးကို အလွတ်နဲ့ ခေါ်ယူဖို့ အာဆင်နယ် ပြင်ဆင်
◾️ ယူနိုက်တက် ဆီ မပြောင်းရွှေ့ဖို့ တိုက်တွန်းခံရတဲ့ ဒက်ကလန် ရိုက်စ်
◾️ ဆိုးလ်ရှား ကို ထောက်ခံနေဆဲဖြစ်တဲ့ UFC စတား မက်ဂရီဂေါ်
◾️ ပြီးခဲ့တဲ့အပတ်က နည်းပြ စတိဗ် ဘရုစ် ကို လျော်ကြေးပေးပြီး ထုတ်ပယ်ခဲ့တဲ့
နယူးကာဆယ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အေဂျက်ဇ်
အသင်းနည်းပြ အဲရစ် တန်ဟခ် ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။
နယူးကာဆယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဖရန်ကီ ဒီယွန်း၊ ဒီလစ်၊ ဗန်ဒီဘိခ်
စတဲ့ အဓိက ကစားသမားတွေ ဆုံးရှုံးခဲ့ရတာတောင် အေဂျက်ဇ်အသင်းကို
ကိုယ်ပိုင်ကစားပုံနဲ့ ထိပ်တန်းအဆင့်မှာ ရှိနေအောင် လုပ်ပေးထားနိုင်တဲ့
အဲရစ်တန်ဟခ် ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပြီး တနှစ်လစာငွေ
ယူရို ၁၁ သန်းအထိ ပေးချေကာ ခေါ်ယူဖို့ကြိုးစားမယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်အသင်းကလည်း ဆိုးလ်ရှား ရဲ့ နေရာမှာ အဲရစ် တန်ဟခ်ကို
အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။
◾️ စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယို ရော်ဘတ်တို ဟာ ဘာစီလိုနာအသင်းနဲ့
စာချုပ်သက်တမ်းတိုးဖို့ကို ဆိုင်းငံ့ထားပါတယ်။ ရော်ဘတ်တို ဟာ ဘဏ္ဍာရေး
ပြဿနာကြုံတွေ့နေရတဲ့ ဘာစီလိုနာအသင်းကို ငဲ့ညာတဲ့အနေနဲ့ ဒီရာသီမှာ
လစာငွေလျှော့ယူပေးနေတာတောင် ပရိသတ်တွေက သူ့ကိုလှောင်ပြောင်နေ
တာကြောင့် ဘာစီလိုနာအသင်းကနေ ထွက်ခွါဖို့ စဉ်းစားနေပြီလို့ စပိန်မီဒီယာ
တွေက ဖော်ပြနေကြပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ရာသီကုန်ရင်
ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မယ့် ရော်ဘတ်တိုကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
◾️ နာမည်ကျော် ဂျာနယ်လစ် Martin Samuel က ဆိုးလ်ရှား ရှိနေတဲ့
မန်ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ဖို့ ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို
တိုက်တွန်းပြောဆိုခဲ့ပါတယ်။ talkSPORT သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ
Martin Samuel က ရိုက်စ် လို လူငယ်ကစားသမားတဦးအနေနဲ့ ဂွါဒီယိုလာ ၊
ဂျာဂန်ကလော့ပ် ၊ တူချဲလ် စတဲ့ နည်းပြတွေနဲ့သာ အလုပ်တွဲလုပ်သင့်တယ်လို့
ပြောဆိုခဲ့သလို ဆိုးလ်ရှား ရဲ့ လက်အောက်မှာဆိုရင်တော့ တိုးတက်သင့်သလောက်
တိုးတက်လာဖို့မရှိဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။
◾️ မန်ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်တဦးဖြစ်တဲ့ UFC အကျော်အမော်
ကော်နာ မက်ဂရီဂေါ် က ဆိုးလ်ရှား အပေါ် လေးစားမှုရှိပေမယ့် မန်ယူနိုက်တက်
အသင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဆိုးလ်ရှား ရဲ့ ရာထူးနဲ့ ပတ်သက်ပြီး အစီအစဉ်
တွေပြန်ချဖို့လိုနေပြီလို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။ မက်ဂရီဂေါ် ရဲ့
ပို့စ်ဟာ ဆိုးလ်ရှား ကို နည်းပြရာထူးကနေ ထုတ်ပယ်စေချင်တာလား ၊ ဆိုးလ်ရှား
ကို အားပေးထောက်ခံတာလား မသဲကွဲတာကြောင့် ပရိသတ်တွေက ရှင်းရှင်း
လင်းလင်းပြောပြပေးဖို့ တောင်းဆိုခဲ့ရာမှာတော့ မက်ဂရီဂေါ် က သူ့အနေနဲ့
ဆိုးလ်ရှား ကို ထုတ်ပယ်ဖို့ ဘယ်တော့မှ ပြောမှာမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
Zawgyi
ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ေနာက္ဆုံးရ သတင္းမ်ား
ေအဂ်က္ဇ္နည္းျပကို စံခ်ိန္တင္လစာေပးၿပီး ေခၚယူမယ့္ နယူးကာဆယ္
ဘာစီလိုနာ ကစားသမားတဦးကို အလြတ္နဲ႔ ေခၚယူဖို႔ အာဆင္နယ္ ျပင္ဆင္
ယူႏိုက္တက္ ဆီ မေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းခံရတဲ့ ဒက္ကလန္ ႐ိုက္စ္
ဆိုးလ္ရွား ကို ေထာက္ခံေနဆဲျဖစ္တဲ့ UFC စတား မက္ဂရီေဂၚ
ၿပီးခဲ့တဲ့အပတ္က နည္းျပ စတိဗ္ ဘ႐ုစ္ ကို ေလ်ာ္ေၾကးေပးၿပီး ထုတ္ပယ္ခဲ့တဲ့
နယူးကာဆယ္အသင္းဟာ လစ္လပ္ေနတဲ့ နည္းျပရာထူးအတြက္ ေအဂ်က္ဇ္
အသင္းနည္းျပ အဲရစ္ တန္ဟခ္ ကို ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနပါတယ္။
နယူးကာဆယ္အသင္းရဲ႕ တာဝန္ရွိသူေတြဟာ ဖရန္ကီ ဒီယြန္း၊ ဒီလစ္၊ ဗန္ဒီဘိခ္
စတဲ့ အဓိက ကစားသမားေတြ ဆုံးရႈံးခဲ့ရတာေတာင္ ေအဂ်က္ဇ္အသင္းကို
ကိုယ္ပိုင္ကစားပုံနဲ႔ ထိပ္တန္းအဆင့္မွာ ရွိေနေအာင္ လုပ္ေပးထားႏိုင္တဲ့
အဲရစ္တန္ဟခ္ ရဲ႕ စြမ္းေဆာင္ရည္ကို သေဘာက်ေနၿပီး တႏွစ္လစာေငြ
ယူ႐ို ၁၁ သန္းအထိ ေပးေခ်ကာ ေခၚယူဖို႔ႀကိဳးစားမယ္လို႔ သိရပါတယ္။
မန္ယူႏိုက္တက္အသင္းကလည္း ဆိုးလ္ရွား ရဲ႕ ေနရာမွာ အဲရစ္ တန္ဟခ္ကို
အစားထိုးဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။
စပိန္ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ေရာ္ဘတ္တို ဟာ ဘာစီလိုနာအသင္းနဲ႔
စာခ်ဳပ္သက္တမ္းတိုးဖို႔ကို ဆိုင္းငံ့ထားပါတယ္။ ေရာ္ဘတ္တို ဟာ ဘ႑ာေရ
းျပႆနာႀကဳံေတြ႕ေနရတဲ့ ဘာစီလိုနာအသင္းကို ငဲ့ညာတဲ့အေနနဲ႔ ဒီရာသီမွာ
လစာေငြေလွ်ာ့ယူေပးေနတာေတာင္ ပရိသတ္ေတြက သူ႔ကိုေလွာင္ေျပာင္ေန
တာေၾကာင့္ ဘာစီလိုနာအသင္းကေန ထြက္ခြါဖို႔ စဥ္းစားေနၿပီလို႔ စပိန္မီဒီယာ
ေတြက ေဖာ္ျပေနၾကပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းက ရာသီကုန္ရင္
ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မယ့္ ေရာ္ဘတ္တိုကို
အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
နာမည္ေက်ာ္ ဂ်ာနယ္လစ္ Martin Samuel က ဆိုးလ္ရွား ရွိေနတဲ့
မန္ယူႏိုက္တက္အသင္းဆီ မေျပာင္းေ႐ႊ႕ဖို႔ ဝက္စ္ဟမ္းကြင္းလယ္လူ ႐ိုက္စ္ကို
တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ talkSPORT သတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ
Martin Samuel က ႐ိုက္စ္ လို လူငယ္ကစားသမားတဦးအေနနဲ႔ ဂြါဒီယိုလာ ၊
ဂ်ာဂန္ကေလာ့ပ္ ၊ တူခ်ဲလ္ စတဲ့ နည္းျပေတြနဲ႔သာ အလုပ္တြဲလုပ္သင့္တယ္လို႔
ေျပာဆိုခဲ့သလို ဆိုးလ္ရွား ရဲ႕ လက္ေအာက္မွာဆိုရင္ေတာ့ တိုးတက္သင့္သေလာက္
တိုးတက္လာဖို႔မရွိဘူးလို႔လည္း သုံးသပ္ခဲ့ပါတယ္။
မန္ယူႏိုက္တက္အသင္းရဲ႕ အမာခံပရိသတ္တဦးျဖစ္တဲ့ UFC အေက်ာ္အေမာ္
ေကာ္နာ မက္ဂရီေဂၚ က ဆိုးလ္ရွား အေပၚ ေလးစားမႈရွိေပမယ့္ မန္ယူႏိုက္တက္
အသင္းရဲ႕ တာဝန္ရွိသူေတြအေနနဲ႔ ဆိုးလ္ရွား ရဲ႕ ရာထူးနဲ႔ ပတ္သက္ၿပီး အစီအစဥ္
ေတြျပန္ခ်ဖို႔လိုေနၿပီလို႔ ဆိုရွယ္မီဒီယာေပၚမွာ ေရးသားခဲ့ပါတယ္။ မက္ဂရီေဂၚ ရဲ႕
ပို႔စ္ဟာ ဆိုးလ္ရွား ကို နည္းျပရာထူးကေန ထုတ္ပယ္ေစခ်င္တာလား ၊ ဆိုးလ္ရွား
ကို အားေပးေထာက္ခံတာလား မသဲကြဲတာေၾကာင့္ ပရိသတ္ေတြက ရွင္းရွင္း
လင္းလင္းေျပာျပေပးဖို႔ ေတာင္းဆိုခဲ့ရာမွာေတာ့ မက္ဂရီေဂၚ က သူ႔အေနနဲ႔
ဆိုးလ္ရွား ကို ထုတ္ပယ္ဖို႔ ဘယ္ေတာ့မွ ေျပာမွာမဟုတ္ဘူးလို႔ တုန္႔ျပန္ခဲ့ပါတယ္။