ပရီးမီးယားလိဂ်အသင်းတွေအတွက် ဘူးလေးရာ ဖရုံဆင့်သလို ဖြစ်နေပြီလား

ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေအတွက် ဘူးလေးရာ ဖရုံဆင့်သလို ဖြစ်နေပြီလားလို့တောင် ပြောရမလိုဖြစ်နေပါပြီ။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို

ဆောင်းရာသီမှာ ကျင်းပမှာ ဖြစ်တာ ကြောင့် လိဂ်အသင်းအမှတ်ပေးပွဲစဉ်တွေ  ခပ်စိပ်စိပ် ကျင်းပဖို့ ရေးဆွဲထားရ တဲ့ ဒီရာသီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအတွက်တော့ ထိုးနှက် ချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ နည်းပြဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ ၈ ရက်ကို ၆ ပွဲကစားဖို့

ရှိနေတဲ့ ကြားထဲမှာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရထားတဲ့ ရိန်း ဂျားနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီး တိုက်စစ်မှူး ဟာလန်းရဲ့ ဒေါ့တ်မန်တစ်ကျော့ပြန်ခရီးကတော့ အောက်တိုဘာလ နောက်ဆုံး သီတင်း ပတ်မှာ ဖြစ်နေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို စပြီးကစားရမယ့် ပရီးမီးယား လိဂ်အသင်းကတော့ ချဲလ်ဆီးဖြစ်ပြီး ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်နဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာရဲ့ မန် စီးတီးဟာလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဆီဗီလာနဲ့ ပထမဦးဆုံး နေ့ မှာပဲ ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်တွေက အဝေးကွင်းတွေ ကစားရမှာဖြစ်ပြီး စပါးတစ်သင်းတည်းသာပဲ အိမ်ကွင်း မှာ မာဆေးကို ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။

မန်စီးတီးဟာ စက်တင်ဘာ ၆ ရက် နေ့မှာ ဆီဗီလာနဲ့ ကစားရမှာ ဖြစ်တာကြောင့် စပါးနဲ့ ကစားမယ့် ပရီးမီးယား လိဂ်ပွဲစဉ်အတွက် ပြင်ဆင်ချိန် ၂ ရက်ပဲ ရသလို အလားတူပဲ နည်းပြကလော့ပ်ရဲ့ လီဗာပူးဟာလည်း နာပိုလီနဲ့ အဝေးကွင်းပွဲစဉ် သွားရောက်ကစားပြီး ၂ ရက်အကြာမှာ ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်စားရမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ဘက်ခြမ်းမှာတော့ မန်ယူက အိမ်ကွင်းမှာ ဆိုစီဒက်ကို ရင်ဆိုင်ရမှာဖြစ်လို့ အင်အားအပြည့်ရှိနေနိုင်ပေမယ့် အာဆင်နယ်ကတော့ ဇူးရစ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာပါ။ အဲဒီနောက်မှာတော့ သရဲနီတွေရဲ့ ခရီးရှည်အိပ်မည်ဆိုးတွေ စတင်မှာဖြစ်ပြီး

မိုင်ထောင်ချီဝေးတဲ့ခရီးတွေကို သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဆိုရရင် ဒီနှစ် ဥရောပပြိုင်ပွဲ တွေရဲ့ အုပ်စုပွဲစဉ်တွေဟာ ပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ တကယ့်ကို ကျပ်ကျပ်တည်းတည်းနဲ့ ကစားရဖို့ရှိနေပြီး

ကစားသမားတွေ ပွဲပန်းမှုဒဏ်တွေနဲ့ ဒဏ်ရာပြဿနာတွေ ကြုံလာဖို့ ရှိနေပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်အသင်းတွေအတွက် ဒီရာသီကတော့ ဘူးလေးရာ ဖရုံဆင့်သ လိုမျိုး ဖြစ်နေတော့မှာပါပဲ။

(zawgyi)

ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ (ယူအီးအက္ဖ္ေအ) ရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္ဇယားေတြ ထြက္ေပၚလာခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းေတြအတြက္ ဘူးေလးရာ ဖ႐ုံဆင့္သလို ျဖစ္ေနၿပီလားလို႔ေတာင္ ေျပာရမလိုျဖစ္ေနပါၿပီ။

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေဆာင္းရာသီမွာ က်င္းပမွာ ျဖစ္တာ ေၾကာင့္ လိဂ္အသင္းအမွတ္ေပးပြဲစဥ္ေတြ ခပ္စိပ္စိပ္ က်င္းပဖို႔ ေရးဆြဲထားရ တဲ့ ဒီရာသီဟာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြအတြက္ေတာ့ ထိုးႏွက္ ခ်က္တစ္ရပ္ျဖစ္ခဲ့ပါတယ္။

နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးဟာ ၈ ရက္ကို ၆ ပြဲကစားဖို႔ ရွိေနတဲ့ ၾကားထဲမွာ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္ရထားတဲ့ ရိန္း ဂ်ားနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ မန္စီးတီး တိုက္စစ္မႉး ဟာလန္းရဲ႕ ေဒါ့တ္မန္တစ္ေက်ာ့ျပန္ခရီးကေတာ့ ေအာက္တိုဘာလ ေနာက္ဆုံး

သီတင္း ပတ္မွာ ျဖစ္ေနပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို စၿပီးကစားရမယ့္ ပရီးမီးယား လိဂ္အသင္းကေတာ့ ခ်ဲလ္ဆီးျဖစ္ၿပီး ခ႐ိုေအးရွားကလပ္ ဒိုင္နမိုဇာဂရက္နဲ႔ စက္တင္ဘာ ၆ ရက္ေန႔မွာ ကစားရမွာ ျဖစ္ပါတယ္။ နည္းျပဂြါဒီယိုလာရဲ႕ မန္ စီးတီးဟာလည္း

အသင္းေကာင္းတစ္သင္းျဖစ္တဲ့ ဆီဗီလာနဲ႔ ပထမဦးဆုံး ေန႔ မွာပဲ ကစားရမွာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္အုပ္စု အဖြင့္ပြဲစဥ္ေတြမွာ ပရီးမီးယားလိဂ္ေတြက အေဝးကြင္းေတြ ကစားရမွာျဖစ္ၿပီး စပါးတစ္သင္းတည္းသာပဲ အိမ္ကြင္း မွာ မာေဆးကို ဧည့္ခံရမွာပဲ ျဖစ္ပါတယ္။

မန္စီးတီးဟာ စက္တင္ဘာ ၆ ရက္ ေန႔မွာ ဆီဗီလာနဲ႔ ကစားရမွာ ျဖစ္တာေၾကာင့္ စပါးနဲ႔ ကစားမယ့္ ပရီးမီးယား လိဂ္ပြဲစဥ္အတြက္ ျပင္ဆင္ခ်ိန္ ၂ ရက္ပဲ ရသလို အလားတူပဲ နည္းျပကေလာ့ပ္ရဲ႕ လီဗာပူးဟာလည္း နာပိုလီနဲ႔ အေဝးကြင္းပြဲစဥ္ သြားေရာက္ကစားၿပီး ၂ ရက္အၾကာမွာ

ဝုဗ္အသင္းနဲ႔ ယွဥ္ၿပိဳင္စားရမွာ ျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ ဘက္ျခမ္းမွာေတာ့ မန္ယူက အိမ္ကြင္းမွာ ဆိုစီဒက္ကို ရင္ဆိုင္ရမွာျဖစ္လို႔ အင္အားအျပည့္ရွိေနႏိုင္ေပမယ့္ အာဆင္နယ္ကေတာ့ ဇူးရစ္ကို အေဝးကြင္း သြားေရာက္ရင္ဆိုင္ရမွာပါ။ အဲဒီေနာက္မွာေတာ့ သရဲနီေတြရဲ႕

ခရီးရွည္အိပ္မည္ဆိုးေတြ စတင္မွာျဖစ္ၿပီး မိုင္ေထာင္ခ်ီေဝးတဲ့ခရီးေတြကို သြားေရာက္ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။ ဆိုရရင္ ဒီႏွစ္ ဥေရာပၿပိဳင္ပြဲ ေတြရဲ႕ အုပ္စုပြဲစဥ္ေတြဟာ ပရီးမီးယားလိဂ္အသင္းေတြအတြက္ေတာ့ တကယ့္ကို က်ပ္က်ပ္တည္းတည္းနဲ႔ ကစားရဖို႔ရွိေနၿပီး

ကစားသမားေတြ ပြဲပန္းမႈဒဏ္ေတြနဲ႔ ဒဏ္ရာျပႆနာေတြ ႀကဳံလာဖို႔ ရွိေနပါတယ္။ အဲဒါေၾကာင့္ ပရီးမီးယားလိဂ္အသင္းေတြအတြက္ ဒီရာသီကေတာ့ ဘူးေလးရာ ဖ႐ုံဆင့္သ လိုမ်ိဳး ျဖစ္ေနေတာ့မွာပါပဲ။