
ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်ဟာ အသင်းမှာ ကိုဗစ်ရောဂါ
ကူးစက်ခံထားရတဲ့သူတွေများနေလို့ ဝုလ်ဗ်နဲ့ကစားမယ့်ပွဲကို
ရက်ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ပေမယ့်
ပယ်ချခံခဲ့ရတာကြောင့် ဒေါသပေါက်ကွဲနေပါတယ်။ ဝုလ်နဲ့ပွဲမတိုင်ခင်
ချယ်လ်ဆီးအသင်းမှာ အဓိက,ကစားသမားတွေဖြစ်တဲ့ ဘင်ချီဝဲလ်၊ အိုဒွိုင်း၊
တီမို၀ါနာ၊ လူကာကူတို့အားလုံး ကိုဗစ်ရောဂါကူးစက်ခံထားရသလို
ဟာဗတ်ဇ်ကလည်း ကိုဗစ်ဖြစ်နေတယ်လို့ သံသယရှိနေတာကြောင့်
တစ်ဦးတည်းသီးသန့်နေထိုင်နေရပါတယ်။
အဲဒါကြောင့် ဝုလ်ဗ်နဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက်ကစားသမား
(၁၇)ဦးသာကစားဖို့အသင့်ရှိနေပြီး
အရန်စာရင်းမှာ ပုံမှန်အတိုင်း(၈)ဦးအစား၊ (၆)ဦးသာထည့်သွင်းခဲ့ရသလို
အဲဒီထဲက နှစ်ဦးဟာ ဂိုးသမားတွေဖြစ်တဲ့ ကယ်ပါနဲ့ဘက်တယ်နယ်လီတို့ဖြစ်ပါတယ်။
လူစုံမပါဝင်တဲ့ချယ်လ်ဆီးအသင်းဟာ ဝုလ်ဗ်အသင်းကို ဂိုးမရှိသရေသာ
ကစားနိုင်ခဲ့တာကြောင့် အခုဆိုရင် (၁၈)ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးက
မန်စီးတီးအသင်းနဲ့(၆)မှတ်အထိကွာဟသွားပါပြီ။
ဒီတစ်ပတ်ကစားမယ့်ပရီးမီးယားလိဂ်ပွဲတွေထဲက
မန်ချက်စတာယူနိုက်တက်-ဘရိုက်တန်၊
ဆောက်သမ်တန်-ဘရန့်ဖို့ဒ်၊ ဝက်ဖို့ဒ်-ပဲလေ့စ်၊ ဝက်စ်ဟမ်း-နောဝစ်ချ်၊
ဗီလာ-ဘန်လေ၊ အဲဗာတန်-လက်စတာတို့ပွဲတွေ ရွှေ့ဆိုင်းခဲ့တဲ့အတွက်
တူချယ်လ်က ဝုလ်ဗ်နဲ့ပွဲကိုလည်း ရွှေ့ဆိုင်းပေးဖို့တောင်းဆိုခဲ့ပေမယ့်
ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပယ်ချခဲ့တာပါ။
အဲဒါကြောင့် ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ တူချယ်လ်က
“ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်မိသလို
ဒေါသလည်းထွက်မိပါတယ်။ ဆေးပညာပိုင်းကကြည့်ရင်
ကျွန်တော်တို့အသင်းဟာ (၄)ရက်ဆက်တိုက် ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အတွက်
စိုးရိမ်စရာအနေအထားမှာရှိပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ရွှေ့ဆိုင်းပေးဖို့
အစီရင်ခံစာတင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်”လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
zawgyi
ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္မိသလို ေဒါသလည္းထြက္ေနတဲ့ တူခ်ယ္လ္
ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္ဟာ အသင္းမွာ ကိုဗစ္ေရာဂါ
ကူးစက္ခံထားရတဲ့သူေတြမ်ားေနလို႔ ဝုလ္ဗ္နဲ႔ကစားမယ့္ပြဲကို
ရက္ေ႐ႊ႕ဆိုင္းေပးဖို႔ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြဆီ ေတာင္းဆိုခဲ့ေပမယ့္
ပယ္ခ်ခံခဲ့ရတာေၾကာင့္ ေဒါသေပါက္ကြဲေနပါတယ္။ ဝုလ္နဲ႔ပြဲမတိုင္ခင္
ခ်ယ္လ္ဆီးအသင္းမွာ အဓိက,ကစားသမားေတြျဖစ္တဲ့ ဘင္ခ်ီဝဲလ္၊ အိုဒြိဳင္း၊
တီမို၀ါနာ၊ လူကာကူတို႔အားလုံး ကိုဗစ္ေရာဂါကူးစက္ခံထားရသလို
ဟာဗတ္ဇ္ကလည္း ကိုဗစ္ျဖစ္ေနတယ္လို႔ သံသယရွိေနတာေၾကာင့္
တစ္ဦးတည္းသီးသန႔္ေနထိုင္ေနရပါတယ္။ အဲဒါေၾကာင့္ ဝုလ္ဗ္နဲ႔ပြဲမွာ
ခ်ယ္လ္ဆီးအသင္းအတြက္ကစားသမား(၁၇)ဦးသာကစားဖို႔အသင့္ရွိေနၿပီး
အရန္စာရင္းမွာ ပုံမွန္အတိုင္း(၈)ဦးအစား၊ (၆)ဦးသာထည့္သြင္းခဲ့ရသလို
အဲဒီထဲက ႏွစ္ဦးဟာ ဂိုးသမားေတြျဖစ္တဲ့ ကယ္ပါနဲ႔ဘက္တယ္နယ္လီတို႔ျဖစ္ပါတယ္။
လူစုံမပါဝင္တဲ့ခ်ယ္လ္ဆီးအသင္းဟာ ဝုလ္ဗ္အသင္းကို ဂိုးမရွိသေရသာ
ကစားႏိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ (၁၈)ပြဲကစားၿပီးခ်ိန္မွာ ထိပ္ဆုံးက
မန္စီးတီးအသင္းနဲ႔(၆)မွတ္အထိကြာဟသြားပါၿပီ။ ဒီတစ္ပတ္ကစားမယ့္
ပရီးမီးယားလိဂ္ပြဲေတြထဲက မန္ခ်က္စတာယူႏိုက္တက္-ဘ႐ိုက္တန္၊
ေဆာက္သမ္တန္-ဘရန႔္ဖို႔ဒ္၊ ဝက္ဖို႔ဒ္-ပဲေလ့စ္၊ ဝက္စ္ဟမ္း-ေနာဝစ္ခ်္၊
ဗီလာ-ဘန္ေလ၊ အဲဗာတန္-လက္စတာတို႔ပြဲေတြ ေ႐ႊ႕ဆိုင္းခဲ့တဲ့အတြက္
တူခ်ယ္လ္က ဝုလ္ဗ္နဲ႔ပြဲကိုလည္း ေ႐ႊ႕ဆိုင္းေပးဖို႔ေတာင္းဆိုခဲ့ေပမယ့္
ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ပယ္ခ်ခဲ့တာပါ။
အဲဒါေၾကာင့္ ပြဲမတိုင္ခင္သတင္းစာရွင္းလင္းပြဲမွာ တူခ်ယ္လ္က
“ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္မိသလို
ေဒါသလည္းထြက္မိပါတယ္။ ေဆးပညာပိုင္းကၾကည့္ရင္
ကြၽန္ေတာ္တို႔အသင္းဟာ (၄)ရက္ဆက္တိုက္ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့အတြက္
စိုးရိမ္စရာအေနအထားမွာရွိပါတယ္။ ကြၽန္ေတာ္တို႔ ဒီပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔
အစီရင္ခံစာတင္သြင္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္”လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။