ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးဘယ်နောက်ခံလူတစ်ဦးအကြောင်း ပြောလာတဲ့ အာနိုးလ်

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်ဟာ အင်တာဗျူးတစ်ခုမှာ

အသင်းဖော်ဘယ်နောက်ခံလူ အန်ဒီရောဘတ်ဆန်ကို
ချီးကျူးသွားခဲ့ပြီး အဆိုပါစကော့တလန်အသင်းခေါင်းဆောင်ဟာ
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး
ဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ်
ရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ရောဘတ်ဆန်ဟာ တနင်္ဂနွေနေ့က ဒါဘီပြိုင်ဘက်
အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့သလို
ကိုယ်တိုင်လည်း အရေးပါတဲ့ဦးဆာင်ဂိုး သွင်းသွားပြီး
လီဗာပူးအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို
၁ မှတ်အကွာနဲ့ လိုက်ပါဖိအားပေးနေဆဲဖြစ်ပါတယ်။

”ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရောဘတ်ဆန် သိပ်ကောင်းခဲ့ပါတယ်။
ကျွန်တော့်အမြင်အရတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်
သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးဘယ်နောက်ခံလူ
တစ်ဦးအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ရောဘတ်ဆန်က အသင်းအတွက် အရမ်းကိုအရေးကြီးပါတယ်။

ခြေစွမ်းပိုင်း တည်ငြိမ်သလို ဒဏ်ရာခဏခဏမရတာကလည်း အရည်အသွေးတစ်ခုပါ။
ရော့ဘိုနဲ့ပတ်သက်လို့ အကြီးမားဆုံးအားသာချက်ကတော့
ခြေစွမ်းတစ်သမတ်တည်းရှိတာပါပဲ။
ဒီအချက်က ဘောလုံးလောကမှာ အခက်ခဲဆုံးအရာပါပဲ။
ကစားသမားတစ်ဦးအနေနဲ့ ၁ပွဲ၊ ၁၀ပွဲ၊ နောက်ဆုံး

တစ်ရာသီလောက် ကောင်းကောင်းကစားပြနိုင်ပါတယ်။
ဒါပေမဲ့ အမြင့်ဆုံးခြေစွမ်းနဲ့ ရာသီအများကြီး
ကစားနိုင်ဖို့ကျတော့ အရမ်းခက်ပါတယ်။
သူက ပွဲတိုင်းမှာ လုံးဝလွှတ်ကောင်းတဲ့
ကစားသမားဖြစ်ပြီး ချီးကျူးမှုတွေနဲ့လည်း ထိုက်တန်ပါတယ်”လို့

အင်္ဂလန်လက်ရွေးစင် ရောဘတ်ဆန်က ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ရောဘတ်ဆန်ဟာ
၂၀၁၇ ခုနှစ်က ဟားလ်စီးတီးကနေ ပေါင် ၈သန်းနဲ့
ရောက်လာပြီးနောက် လီဗာပူးအတွက် ပြိုင်ပွဲစုံ
ဂိုးဖန်တီးမှု ၅၂ ကြိမ်အထိ ပြုလုပ်ပေးထားပြီး

အသင်းအတွက် ၂၁၇ပွဲ ကစားပေးထားသလို
ပြီးခဲ့တဲ့နွေရာသီက ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အရ
လီဗာပူးမှာ အနည်းဆုံး ၂၀၂၆ အထိ ရှိနေမှာဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးဘယ္ေနာက္ခံလူတစ္ဦးအေၾကာင္း ေျပာလာတဲ့ အာႏိုးလ္
လီဗာပူးအသင္းညာေနာက္ခံလူ အာႏိုးလ္ဟာ အင္တာဗ်ဴးတစ္ခုမွာ
အသင္းေဖာ္ဘယ္ေနာက္ခံလူ အန္ဒီေရာဘတ္ဆန္ကို
ခ်ီးက်ဴးသြားခဲ့ၿပီး အဆုိပါစေကာ့တလန္အသင္းေခါင္းေဆာင္ဟာ

ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး
ဘယ္ေနာက္ခံလူေတြထဲက တစ္ဦးအျဖစ္
ရပ္တည္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။
ေရာဘတ္ဆန္ဟာ တနဂၤေႏြေန႔က ဒါဘီၿပိဳင္ဘက္
အဲဗာတန္ကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တ့ဲပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့သလို

ကိုယ္တိုင္လည္း အေရးပါတဲ့ဦးဆာင္ဂုိး သြင္းသြားၿပီး
လီဗာပူးအေနနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးကို
၁ မွတ္အကြာနဲ႔ လုိက္ပါဖိအားေပးေနဆဲျဖစ္ပါတယ္။
”ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ေရာဘတ္ဆန္ သိပ္ေကာင္းခဲ့ပါတယ္။
ကၽြန္ေတာ့္အျမင္အရေတာ့ သူ႕အေနနဲ႔ ပရီးမီးယားလိဂ္

သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးဘယ္ေနာက္ခံလူ
တစ္ဦးအျဖစ္ ရပ္တည္ႏိုင္လိမ့္မယ္လုိ႔ ထင္ပါတယ္။
ေရာဘတ္ဆန္က အသင္းအတြက္ အရမ္းကိုအေရးႀကီးပါတယ္။
ေျခစြမ္းပုိင္း တည္ၿငိမ္သလုိ ဒဏ္ရာခဏခဏမရတာကလည္း အရည္အေသြးတစ္ခုပါ။
ေရာ့ဘိုနဲ႔ပတ္သက္လုိ႔ အႀကီးမားဆုံးအားသာခ်က္ကေတာ့

ေျခစြမ္းတစ္သမတ္တည္းရွိတာပါပဲ။
ဒီအခ်က္က ေဘာလုံးေလာကမွာ အခက္ခဲဆုံးအရာပါပဲ။
ကစားသမားတစ္ဦးအေနနဲ႔ ၁ပြဲ၊ ၁၀ပြဲ၊ ေနာက္ဆုံး
တစ္ရာသီေလာက္ ေကာင္းေကာင္းကစားျပႏိုင္ပါတယ္။
ဒါေပမဲ့ အျမင့္ဆုံးေျခစြမ္းနဲ႔ ရာသီအမ်ားႀကီး

ကစားႏုိင္ဖို႔က်ေတာ့ အရမ္းခက္ပါတယ္။
သူက ပြဲတုိင္းမွာ လုံး၀လႊတ္ေကာင္းတဲ့
ကစားသမားျဖစ္ၿပီး ခ်ီးက်ဴးမႈေတြနဲ႔လည္း ထုိက္တန္ပါတယ္”လုိ႔
အဂၤလန္လက္ေရြးစင္ ေရာဘတ္ဆန္က ေျပာပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ရွိ ေရာဘတ္ဆန္ဟာ

၂၀၁၇ ခုႏွစ္က ဟားလ္စီးတီးကေန ေပါင္ ၈သန္းနဲ႔
ေရာက္လာၿပီးေနာက္ လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ
ဂိုးဖန္တီးမႈ ၅၂ ႀကိမ္အထိ ျပဳလုပ္ေပးထားၿပီး
အသင္းအတြက္ ၂၁၇ပြဲ ကစားေပးထားသလုိ
ၿပီးခဲ့တဲ့ေႏြရာသီက ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္သစ္အရ

လီဗာပူးမွာ အနည္းဆုံး ၂၀၂၆ အထိ ရွိေနမွာျဖစ္ပါတယ္။