ပရီးမီးယားလိဂ်ရှင်သန်ရေးအတွက် ကစားသမားအဝယ်ကြမ်းနေတဲ့ နော်တင်ဟမ်

နော်တင်ဟမ်ကတော့ သူတို့ရဲ့ပရီးမီးယားလိဂ်ရှင်သန်ရေး အိပ်မက်အတွက် ကစားသမားအဝယ်ကြမ်းနေပါတယ်။ အက်သလက်တီကို ဘယ်နောက်ခံလူ လိုဒီ ကိုပေါင်၂၅ သန်းနဲ့

အပြီးသတ်ခေါ်ယူမှုအပြီး ၁၉ ယောက်မြောက် ကစားသမားသစ်အဖြစ် ဝုဗ်ဗဟိုခံစစ်မှူး ဝီလီဘိုလီ ကိုခေါ်ယူဖို့ နီးစပ်နေခဲ့ပြန်ပါတယ်။ အသင်းပြောင်းဖို့ ကြိုး စားနေတဲ့ ဘိုလီဟာ

နယူးကာဆယ်နဲ့သရေကျခဲ့တဲ့ပွဲမှာ ဝုဗ်အတွက်ပါဝင်ကစားပေးဖို့ ငြင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။ ဝုဖ်နည်းပြဘရူနိုလာ့ဂ်ကတော့ ဘိုလီ ကိုလက်ဆွဲနှုတ်ဆက်ပြီးချိန်မှာ အသင်းကနေထွက်ခွာသွားဖို့

ဆန္ဒရှိနေပြီဆိုတာ ခံစားမိခဲ့တယ်လို့ဖွင့်ဟထားခဲ့ပါတယ်။ သူ့လို ထိပ်တန်းကစားသမားတစ်ယောက်ကိုအသင်းမှာ ဆက်ရှိစေချင်တယ်လို့ပြောခဲ့ပေမယ့် ဘိုလီကတော့ အသင်းစာရင်းကနေ

ထွက်သွားခဲ့တာလို့လည်း ဆိုပါတယ်။ ချန်ပီယံရှစ်ကနေ တန်ပြန်တက်ခွင့်ရခဲ့စဉ်က ဘိုလီဟာ ဝုဗ်အတွက်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေ မယ့် ပြီးခဲ့တဲ့ရာသီမှာတော့

ပရီးမီးယားလိဂ် ၁၀ ပွဲသာပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ နည်းပြကူးပါးကတော့ နောက်တင်ဟမ်ကို ပရီးမီးယားလိဂ်မှာ ရာသီပေါင်းများစွာ ရှင်သန်နိုင်ရေးအတွက် အခုလိုပြင်ဆင်မှု

အမြောက် အများပြုလုပ်ရတာလို့ဆိုထားပါတယ်။ ပြီးခဲ့တဲ့အိမ်ကွင်းပွဲမှာတော့ စပါးကိုဖိအားပေးပြီးအပြန်အလှန်ကစားနိုင် ခဲ့ပေမယ့် နှစ်ဂိုးပြတ်အရှုံးနဲ့သာရင်ဆိုင်ထားခဲ့ရတာပါ။

ပွဲစဉ်(၄)အပြီးမှာတော့ နော်တင်ဟာ တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲရှုံးနဲ့ အဆင့်(၁၄)နေရာမှာရှိနေပါတယ်။ လာမယ့်ကြားရက်မှာတော့ ပရီးမီးယားလိဂ်ကြိုကန်ပွဲအဖြစ် မန်စီးတီးနဲ့အဝေးကွင်းကစားသွားရမှာဖြစ်ပါတယ်။

(zawgyi)

ေနာ္တင္ဟမ္ကေတာ့ သူတို႔ရဲ႕ပရီးမီးယားလိဂ္ရွင္သန္ေရး အိပ္မက္အတြက္ ကစားသမားအဝယ္ၾကမ္းေနပါတယ္။ အက္သလက္တီကို ဘယ္ေနာက္ခံလူ လိုဒီ ကိုေပါင္၂၅ သန္းနဲ႔အၿပီးသတ္ေခၚယူမႈအၿပီး ၁၉ ေယာက္ေျမာက္

ကစားသမားသစ္အျဖစ္ ဝုဗ္ဗဟိုခံစစ္မႉး ဝီလီဘိုလီ ကိုေခၚယူဖို႔ နီးစပ္ေနခဲ့ျပန္ပါတယ္။ အသင္းေျပာင္းဖို႔ ႀကိဳး စားေနတဲ့ ဘိုလီဟာ နယူးကာဆယ္နဲ႔သေရက်ခဲ့တဲ့ပြဲမွာ ဝုဗ္အတြက္ပါဝင္ကစားေပးဖို႔

ျငင္းဆိုထားခဲ့တာလည္း ျဖစ္ပါတယ္။ ဝုဖ္နည္းျပဘ႐ူႏိုလာ့ဂ္ကေတာ့ ဘိုလီ ကိုလက္ဆြဲႏႈတ္ဆက္ၿပီးခ်ိန္မွာ အသင္းကေနထြက္ခြာသြားဖို႔ ဆႏၵရွိေနၿပီဆိုတာ ခံစားမိခဲ့တယ္လို႔ဖြင့္ဟထားခဲ့ပါတယ္။ သူ႔လို

ထိပ္တန္းကစားသမားတစ္ေယာက္ကိုအသင္းမွာ ဆက္ရွိေစခ်င္တယ္လို႔ေျပာခဲ့ေပမယ့္ ဘိုလီကေတာ့ အသင္းစာရင္းကေန ထြက္သြားခဲ့တာလို႔လည္း ဆိုပါတယ္။ ခ်န္ပီယံရွစ္ကေန တန္ျပန္တက္ခြင့္ရခဲ့စဥ္က ဘိုလီဟာ

ဝုဗ္အတြက္အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့ေပ မယ့္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ပရီးမီးယားလိဂ္ ၁၀ ပြဲသာပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ နည္းျပကူးပါးကေတာ့ ေနာက္တင္ဟမ္ကို ပရီးမီးယားလိဂ္မွာ

ရာသီေပါင္းမ်ားစြာ ရွင္သန္ႏိုင္ေရးအတြက္ အခုလိုျပင္ဆင္မႈ အေျမာက္ အမ်ားျပဳလုပ္ရတာလို႔ဆိုထားပါတယ္။ ၿပီးခဲ့တဲ့အိမ္ကြင္းပြဲမွာေတာ့ စပါးကိုဖိအားေပးၿပီးအျပန္အလွန္ကစားႏိုင္ ခဲ့ေပမယ့္ ႏွစ္ဂိုးျပတ္အရႈံးနဲ႔သာရင္ဆိုင္ထားခဲ့ရတာပါ။

ပြဲစဥ္(၄)အၿပီးမွာေတာ့ ေနာ္တင္ဟာ တစ္ပြဲႏိုင္၊ တစ္ပြဲ သေရ၊ ႏွစ္ပြဲရႈံးနဲ႔ အဆင့္(၁၄)ေနရာမွာရွိေနပါတယ္။ လာမယ့္ၾကားရက္မွာေတာ့ ပရီးမီးယားလိဂ္ႀကိဳကန္ပြဲအျဖစ္ မန္စီးတီးနဲ႔အေဝးကြင္းကစားသြားရမွာျဖစ္ပါတယ္။