ပရီးမီးယားလိဂ်ရဲ့ လူမုန်းအများဆုံးအသင်းအဖြစ် ရပ်တည်နေရတဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့လူမုန်းအများဆုံး

အသင်းအဖြစ် မဲပေးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
ယခုရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက်
အင်္ဂလန်မှာရှိတဲ့လူတိုင်းက လီဗာပူးကိုပဲ ချန်ပီယံ
ဖြစ်စေချင်တယ်လို့ မန်စီးတီးအသင်းနည်းပြ
ဂွါဒီယိုလာက ယခုလအစာပိုင်းမှာ အံ့အားသင့်ဖွယ်ဖွင့်ဟခဲ့ဖူးပါတယ်။

”ဒီနိုင်ငံမှာရှိသူအားလုံးက လီဗာပူးကိုပဲ ချန်ပီယံဖြစ်စေချင်ကြတယ်။
အဲဒီမှာ မီဒီယာတွေလည်း ပါတယ်”လို့ ဂွါဒီယိုလာက
နယူးကာဆယ်ကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဖွင့်ဟခဲ့တာပါ။
ဂွါဒီယိုလာရဲ့ မှတ်ချက်ကို ချဲလ်ဆီးအသင်းနည်းပြ
တူချယ်ကလည်း အံ့အားသင့်ဖွယ် ထောက်ခံခဲ့ပါတယ်။

”ဂွါဒီယိုလာ ဘာဖြစ်လို့ ဒီလိုခံစားနေရလဲဆိုတာ
ကျွန်တော် နားလည်ပါတယ်။
သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်လို့လည်း
မဟုတ်ဘူးဆိုပြီး အငြင်းပွားဖို့ ခက်ပါတယ်။
သူ့ရဲ့မှတ်ချက်ကို ရာနှုန်းပြည့်သဘောတူတယ်လို့

ပြောတာမဟုတ်ပေမယ့် သူ့ရဲ့ခံစားချက်ကို မြင်နေရပါတယ်”လို့
တူချယ်က လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား
ဗိုလ်လုပွဲမတိုင်ခင် ပြောခဲ့ပါတယ်။
ဒါပေမဲ့ SPORTbible ဝက်ဘ်ဆိုက်ဒ်ကနေ ပြုလုပ်ခဲ့တဲ့
မဲပေးရွေးချယ်မှုမှာတော့ နည်းပြကြီး နှစ်ဦးရဲ့

အမြင်နဲ့ သိသိသာသာကွဲပြားနေပြီး လီဗာပူးက
အင်္ဂလန်မှာ လူမုန်းအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
အဲဒီဝက်ဘ်ဆိုက်ဒ်ကနေ ဆန္ဒမဲတောင်းခံခဲ့ရာမှာ
ပရိသတ်ပေါင်း ၂၈၆၀၂ ဦး မဲပေးခဲ့ကြပြီး
လီဗာပူးက လူမုန်းအများဆုံးအသင်းအဖြစ်

၄၁.၆ %နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
လီဗာပူးရဲ့နောက်မှာ ယူနိုက်တက်က
၃၅.၁% နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး
ချဲလ်ဆီးက ၁၄.၃ %၊ အာဆင်နယ်က ၉ % ရခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ အဲဒီမဲပေးမှုနဲ့ပတ်သက်လို့

အများကြီး ခံစားနေရပုံမရဘဲ အသင်းက ယခုရာသီမှာ
ဖလား ၄လုံးမျှော်လင့်ချက် အပြည့်ရှိနေပြီး
လက်ရှိအချိန်မှာ ကာရာဘောင်ဖလားနဲ့
အက်ဖ်အေဖလား ရယူထားပြီးဖြစ်ပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်ချနပီယံဆုအတွက်

ထိပ်ဆု့းက မန်စီးတီးနဲ့ ၁ပွဲလျော့ ၄ မှတ်အကွာနဲ့
ဖိအားပေးနေသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်
မေလ ၂၈ ရက်နေ့မှာ ရီးရဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ရဲ႕ လူမုန္းအမ်ားဆံုးအသင္းအျဖစ္ ရပ္တည္ေနရတဲ့ လီဗာပူး
လီဗာပူးဟာ ပရီးမီးယားလိဂ္ရဲ႕လူမုန္းအမ်ားဆုံး
အသင္းအျဖစ္ မဲေပးေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။
ယခုရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးအတြက္

အဂၤလန္မွာရွိတ့ဲလူတိုင္းက လီဗာပူးကိုပဲ ခ်န္ပီယံ
ျဖစ္ေစခ်င္တယ္လို႔ မန္စီးတီးအသင္းနည္းျပ
ဂြါဒီယိုလာက ယခုလအစာပိုင္းမွာ အံ့အားသင့္ဖြယ္ဖြင့္ဟခဲ့ဖူးပါတယ္။
”ဒီႏိုင္ငံမွာရွိသူအားလုံးက လီဗာပူးကိုပဲ ခ်န္ပီယံျဖစ္ေစခ်င္ၾကတယ္။
အဲဒီမွာ မီဒီယာေတြလည္း ပါတယ္”လို႔ ဂြါဒီယိုလာက

နယူးကာဆယ္ကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဖြင့္ဟခဲ့တာပါ။
ဂြါဒီယိုလာရဲ႕ မွတ္ခ်က္ကို ခ်ဲလ္ဆီးအသင္းနည္းျပ
တူခ်ယ္ကလည္း အ့ံအားသင့္ဖြယ္ ေထာက္ခံခဲ့ပါတယ္။
”ဂြါဒီယိုလာ ဘာျဖစ္လုိ႔ ဒီလုိခံစားေနရလဲဆုိတာ
ကၽြန္ေတာ္ နားလည္ပါတယ္။

သူ႕ရဲ႕မွတ္ခ်က္နဲ႔ပတ္သက္လို႔လည္း
မဟုတ္ဘူးဆုိၿပီး အျငင္းပြားဖို႔ ခက္ပါတယ္။
သူ႕ရဲ႕မွတ္ခ်က္ကို ရာႏႈန္းျပည့္သေဘာတူတယ္လုိ႔
ေျပာတာမဟုတ္ေပမယ့္ သူ႕ရဲ႕ခံစားခ်က္ကို ျမင္ေနရပါတယ္”လုိ႔
တူခ်ယ္က လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား

ဗိုလ္လုပြဲမတုိင္ခင္ ေျပာခဲ့ပါတယ္။
ဒါေပမဲ့ SPORTbible ၀က္ဘ္ဆိုက္ဒ္ကေန ျပဳလုပ္ခဲ့တဲ့
မဲေပးေရြးခ်ယ္မႈမွာေတာ့ နည္းျပႀကီး ႏွစ္ဦးရဲ႕
အျမင္နဲ႔ သိသိသာသာကြဲျပားေနၿပီး လီဗာပူးက
အဂၤလန္မွာ လူမုန္းအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။

အဲဒီ၀က္ဘ္ဆုိက္ဒ္ကေန ဆႏၵမဲေတာင္းခံခဲ့ရာမွာ
ပရိသတ္ေပါင္း ၂၈၆၀၂ ဦး မဲေပးခဲ့ၾကၿပီး
လီဗာပူးက လူမုန္းအမ်ားဆုံးအသင္းအျဖစ္
၄၁.၆ %နဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။
လီဗာပူးရဲ႕ေနာက္မွာ ယူႏုိက္တက္က

၃၅.၁% နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး
ခ်ဲလ္ဆီးက ၁၄.၃ %၊ အာဆင္နယ္က ၉ % ရခဲ့ပါတယ္။
လီဗာပူးပရိသတ္ေတြကေတာ့ အဲဒီမဲေပးမႈနဲ႔ပတ္သက္လုိ႔
အမ်ားႀကီး ခံစားေနရပုံမရဘဲ အသင္းက ယခုရာသီမွာ
ဖလား ၄လုံးေမွ်ာ္လင့္ခ်က္ အျပည့္ရွိေနၿပီး

လက္ရွိအခ်ိန္မွာ ကာရာေဘာင္ဖလားနဲ႔
အက္ဖ္ေအဖလား ရယူထားၿပီးျဖစ္ပါတယ္။
လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်နပီယံဆုအတြက္
ထိပ္ဆု့းက မန္စီးတီးနဲ႔ ၁ပြဲေလ်ာ့ ၄ မွတ္အကြာနဲ႔
ဖိအားေပးေနသလုိ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္

ေမလ ၂၈ ရက္ေန႔မွာ ရီးရဲလ္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။