ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဂိုးသမားအဖြစ်ချီးကျူးခြင်းခံ ဟိုဆေးဆာ

ဟိုဆေးဆာဟာမန်ချက်စတာယူနိုက်တက်အားသမိုင်းဝင်အနိုင်ရရှိတဲ့ပွဲမှာ

လက်စွမ်းပြကစားနိုင်မှုနဲ့အတူ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး

ဂိုးသမားအဖြစ်ချီးကျူးခြင်းခံနေရပါတယ်။

ဝုဗ်ဂိုးသမားဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ဂိုးမပေးရအောင်

စွမ်းဆောင်နိုင်ခဲ့ကာ၄၁နှစ်အတွင်းပထမဆုံးအိုးထရက်ဖို့ဒ်နိုင်ပွဲရရှိအောင်ကူညီခဲ့ပါတယ်။

အထူးသဖြင့်သူဟာပွဲပြီးခါနီးတွင်ပေါ်တူဂီကစားဖော်ဘရူနိုဖာနန်ဒက်စ်ရဲ့

ဖရီးကစ်ကိုကာကွယ်ခဲ့မှုနဲ့အတူ ပရိသတ်များရဲ့ချီးကျူးမှုရရှိလာတာလည်းဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ဒီလိဂ်မှာဟိုဆေးဆာဟာအပတ်စဉ်အပတ်တိုင်း

အကောင်းဆုံးဂိုးသမားဖြစ်ကြောင်းသက်သေပြနေပါတယ်”လို့ပြောကြားသွးပါတယ်။

ဒါ့အပြင်အခြားပရိသတ်တစ်ဦးကလည်း “ဟိုဆေးဆာကချီးကျူးဖို့

ထိုက်တန်တဲ့အံ့ဩစရာကောင်းတဲ့ဂိုးသမားတစ်ဦးဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာယူနိုက်တက်အားအနိုင်ရရှိတဲ့ပွဲမှာ

ဝုဗ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုမော်တင်ဟိုက

ပွဲချိန်၈၂မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။

zawgyi














