ပရီးမီးယားလိဂ်ရဲ့ငွေသုံးကြမ်းမှုက ဥရောပပြိုင်ပွဲအတွက်တော့စိုးရိမ်စရာမရှိဘူးလို့ အန်ဆလော့တီ ပြောဆိုလိုက်

အင်္ဂလန်ကလပ်တွေဟာ ဇန်နဝါရီဈေးကွက်မှာ စံချန်တင်အဖြစ်

ပေါင် ၈၁၅ သန်းအထိသုံးစွဲခဲ့ပေမဲ့ ဒါဟာ ဥရောပပြိုင်ဆိုင်မှုအတွက်

သက်ရောက်မှုမရှိနိုင်ဘူးလို့ ရီးရဲလ်နည်းပြအန်ဆလော့တီက ဆိုပါတယ်။

ပြီးခဲ့တဲ့ဈေးကွက်ထဲမှာ ချဲလ်ဆီးတစ်သင်းထဲက ပေါင်သန်း ၃၀၀ ကျော်

သုံးစွဲခဲ့တာဖြစ်တယ်။ လာလီဂါကလပ်တွေကတော့ ဆောင်းဈေးကွက်မှာ

ပေါင် ၃၃ သန်းသာသုံးစွဲခဲ့သလို နောက်ဆုံး ၆နှစ်အတွက် အနိမ့်ပါးဆုံးအဖြစ်

မှတ်တမ်းဝင်ခဲ့တာပါ။ ထိပ်တန်းလိဂ်အားလုံးထဲမှာတော့ ပရီးမီးယားလိဂ်ရဲ့

ငွေကြေးသုံးစွဲမှုက ကြောက်စရာကောင်းလွန်းနေပေမဲ့

အန်ဆလော့တီကတော့ မပူပန်ဘူးလို့ဖွင့်ဟခဲ့ပါတယ်။

“မလိုအပ်လို့ ဈေးကွက်ထဲမဝင်တာပါ။ ကောင်းမွန်တဲ့

အစီအစဉ်တွေရှိပြီးသားဆိုရင် ဆောင်းဈေးကွက်ထဲဝင်စရာမလိုပါဘူး။

လိုအပ်တယ်ဆိုရင်တော့ တစ်ခုခုဖြစ်လို့ပါ။ ပရီးမီးယားလိဂ်မှာ

ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့သိပြီးသားပဲ၊ သူတို့က ရုပ်သံ

အခွင့်အရေးပိုပြီးအားကောင်းတယ်။ ဓနအင်အားကြီးလိဂ်ဆိုတဲ့

အားသာချက်ပါ။ ဒါပေမဲ့ ဥရောပပြိုင်ဆိုင်မှုကတော့အဆုံးသတ်ဖို့မရှိပါဘူး။

လွန်ခဲ့တဲ့နှစ်က ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ အင်္ဂလိပ်ကလပ်တွေ

ဗိုလ်မစွဲခဲ့ဘူး။ အခုဖြစ်ပျက်နေတာက သူတို့ရဲ့ပြည်တွင်း

ပြိုင်ဆိုင်မှုဆိုတာ ရှင်းပါတယ်” လို့ အန်ဆလော့တီက ထောက်ပြခဲ့တာဖြစ်တယ်။

zawgyi

ပရီးမီးယားလိဂ္ရဲ႕ေငြသုံးၾကမ္းမႈက ဥေရာပၿပိဳင္ပြဲအတြက္ေတာ့စိုးရိမ္စရာမရွိဘူးလို႔ အန္ဆေလာ့တီ ေျပာဆိုလိုက္

အဂၤလန္ကလပ္ေတြဟာ ဇန္နဝါရီေဈးကြက္မွာ စံခ်န္တင္အျဖစ္

ေပါင္ ၈၁၅ သန္းအထိသုံးစြဲခဲ့ေပမဲ့ ဒါဟာ ဥေရာပၿပိဳင္ဆိုင္မႈအတြက္

သက္ေရာက္မႈမရွိႏိုင္ဘူးလို႔ ရီးရဲလ္နည္းျပအန္ဆေလာ့တီက ဆိုပါတယ္။

ၿပီးခဲ့တဲ့ေဈးကြက္ထဲမွာ ခ်ဲလ္ဆီးတစ္သင္းထဲက ေပါင္သန္း ၃၀၀ ေက်ာ္

သုံးစြဲခဲ့တာျဖစ္တယ္။ လာလီဂါကလပ္ေတြကေတာ့ ေဆာင္းေဈးကြက္မွာ

ေပါင္ ၃၃ သန္းသာသုံးစြဲခဲ့သလို ေနာက္ဆုံး ၆ႏွစ္အတြက္ အနိမ့္ပါးဆုံးအျဖစ္

မွတ္တမ္းဝင္ခဲ့တာပါ။ ထိပ္တန္းလိဂ္အားလုံးထဲမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕

ေငြေၾကးသုံးစြဲမႈက ေၾကာက္စရာေကာင္းလြန္းေနေပမဲ့

အန္ဆေလာ့တီကေတာ့ မပူပန္ဘူးလို႔ဖြင့္ဟခဲ့ပါတယ္။

“မလိုအပ္လို႔ ေဈးကြက္ထဲမဝင္တာပါ။ ေကာင္းမြန္တဲ့

အစီအစဥ္ေတြရွိၿပီးသားဆိုရင္ ေဆာင္းေဈးကြက္ထဲဝင္စရာမလိုပါဘူး။

လိုအပ္တယ္ဆိုရင္ေတာ့ တစ္ခုခုျဖစ္လို႔ပါ။ ပရီးမီးယားလိဂ္မွာ

ျဖစ္ပ်က္ေနတာေတြကို ကြၽန္ေတာ္တို႔သိၿပီးသားပဲ၊ သူတို႔က ႐ုပ္သံ

အခြင့္အေရးပိုၿပီးအားေကာင္းတယ္။ ဓနအင္အားႀကီးလိဂ္ဆိုတဲ့

အားသာခ်က္ပါ။ ဒါေပမဲ့ ဥေရာပၿပိဳင္ဆိုင္မႈကေတာ့အဆုံးသတ္ဖို႔မရွိပါဘူး။

လြန္ခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာ အဂၤလိပ္ကလပ္ေတြ

ဗိုလ္မစြဲခဲ့ဘူး။ အခုျဖစ္ပ်က္ေနတာက သူတို႔ရဲ႕ျပည္တြင္း

ၿပိဳင္ဆိုင္မႈဆိုတာ ရွင္းပါတယ္” လို႔ အန္ဆေလာ့တီက ေထာက္ျပခဲ့တာျဖစ္တယ္။