ပရီးမီးယားလိဂ်မှာ အုပ်ကြီးမရှိဘူးဆိုတာကို လက်တွေ့ပြလိုက်တာလားမက်ဆီမင်

ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းပြီး ပရီးမီးယားလိဂ် လက်ရှိချန်ပီယံကြီးကို သိမ်ငယ်စိတ်ဝင်သွားအောင် လုပ်ပြခဲ့တဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်းခြေစွမ်းကတော့ လေးစားစရာပါ။ နယူးကာဆယ်နဲ့ မန်စီးတီးတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှ

ာ ဦးဆောင်ဂိုးသွင်းခဲ့တာက မန်ချက်စတာကလပ်ပါ။ ဒါပေမဲ့ ငှက်ကျားတွေဟာ နောက်ကလိုက်ကစားပြီး ချေပဂိုးပြန်သွင်းနိုင်ခဲ့သလို ဦးဆောင်ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းပြပြီး ဧည့်သည်ပရိသတ်တွေကို အိပ်မက်ဆိုးမက်စေခဲ့ပါတယ်။

အထူးသဖြင့် ဒီပွဲမှာ ခြေစွမ်းပြသွားခဲ့တဲ့ နယူးကာဆယ်တိုက်စစ်မှူး စိန့်မက်ဆီမင်ရဲ့ လက်ဖျားခါလောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်း တနင်္ဂနွေည ကစားခဲ့တဲ့ပွဲဟာ ကွင်းလုံးပြည့် သြဘာသံ ညံခဲ့တဲ့ညလို့ ဆိုရမှာ ဖြစ်ပါတယ်။

စိန့်ဂျိမ်းပါ့ခ်မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ကာဆယ်တိုက်စစ်မှူး မက်ဆီမင်ဟာ ပြိုင်ဘက်နောက်ခံလူ ဝေါ်လ်ကာရဲ့ တားဆီးမှုတွေကို အသာအယာ ကျော်ဖြတ်ပြနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှု နှစ်ကြိမ်တောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅ မိနစ်ကတည်းက

မန်စီးတီးတို့ ဦးဆောင်ဂိုးရသွားခဲ့လို့ ပွဲပြီးသွားပြီလို့ ထင်ကြေးပေးကြသူတွေ ရှိခဲ့ပေမယ့် လုပ်အားနှုန်းကောင်းတဲ့ မက်ဆီမင်ရဲ့ ဘယ်ခြမ်းတစ်လျှောက် တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်မှုတွေဟာ ဝေါ်လ်ကာ အပါအဝင် မန်စီးတီးနောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး မက်ဆီမင်အပေါ် ချီးမွမ်းပြောဆိုသွားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် တစ်ကွင်းလုံးဟာ သြဘာသံတွေ ညံနေခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

‘’ မိနစ် ၂၀ လောက် သူတို့က ပိုကောင်းတဲ့ အချိန်တစ်ခုတော့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဘာလဲဆိုတာကိုလည်း အသင်းက ပြသခဲ့နိုင်ခဲ့ပါတယ်။ မက်ဆီမင်ကတော့ တကယ့်ကို အန္တရာယ်ကောင်ပါ။ ပွဲပြီးသွားတဲ့နောက် ကွင်းလုံးပြည့် တုံ့ပြန်မှုက ဘောလုံးရဲ့ ရသအကြောင်းပါပဲ ’’ လို့

ဂွါဒီယိုလာက ချီးမွမ်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်လူမျိုးကစားသမား မက်ဆီမင်ဟာ ဘာကြောင့် ပရီးမီးယားလိဂ်မှာ တခြားကစားသမားတွေနဲ့ အဆုံးစွန်အထိ ကွဲပြားခြားနားနေသလဲဆိုတာကို မန်စီးတီးနဲ့ပွဲက သက်သေပြနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြမှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။

(zawgyi)

ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ တစ္ဒိုင္းဒိုင္းသြင္းၿပီး ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံႀကီးကို သိမ္ငယ္စိတ္ဝင္သြားေအာင္ လုပ္ျပခဲ့တဲ့ နယူးကာဆယ္ရဲ႕ အိမ္ကြင္းေျခစြမ္းကေတာ့ ေလးစားစရာပါ။ နယူးကာဆယ္နဲ႔ မန္စီးတီးတို႔ ၃ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ

ဦးေဆာင္ဂိုးသြင္းခဲ့တာက မန္ခ်က္စတာကလပ္ပါ။ ဒါေပမဲ့ ငွက္က်ားေတြဟာ ေနာက္ကလိုက္ကစားၿပီး ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့သလို ဦးေဆာင္ဂိုးေတြ တစ္ဒိုင္းဒိုင္းသြင္းျပၿပီး ဧည့္သည္ပရိသတ္ေတြကို အိပ္မက္ဆိုးမက္ေစခဲ့ပါတယ္။ အထူးသျဖင့္ ဒီပြဲမွာ

ေျခစြမ္းျပသြားခဲ့တဲ့ နယူးကာဆယ္တိုက္စစ္မႉး စိန႔္မက္ဆီမင္ရဲ႕ လက္ဖ်ားခါေလာက္တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္လည္း တနဂၤေႏြည ကစားခဲ့တဲ့ပြဲဟာ ကြင္းလုံးျပည့္ ၾသဘာသံ ညံခဲ့တဲ့ညလို႔ ဆိုရမွာ ျဖစ္ပါတယ္။ စိန႔္ဂ်ိမ္းပါ့ခ္မွာ ကစားခဲ့တဲ့ ဒီပြဲစဥ္မွာ

ကာဆယ္တိုက္စစ္မႉး မက္ဆီမင္ဟာ ၿပိဳင္ဘက္ေနာက္ခံလူ ေဝၚလ္ကာရဲ႕ တားဆီးမႈေတြကို အသာအယာ ေက်ာ္ျဖတ္ျပႏိုင္ခဲ့တဲ့အျပင္ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ေတာင္ လုပ္ျပႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၅ မိနစ္ကတည္းက မန္စီးတီးတို႔ ဦးေဆာင္ဂိုးရသြားခဲ့လို႔ ပြဲၿပီးသြားၿပီလို႔

ထင္ေၾကးေပးၾကသူေတြ ရွိခဲ့ေပမယ့္ လုပ္အားႏႈန္းေကာင္းတဲ့ မက္ဆီမင္ရဲ႕ ဘယ္ျခမ္းတစ္ေလွ်ာက္ တန္ျပန္တိုက္စစ္နဲ႔ ထိုးေဖာက္မႈေတြဟာ ေဝၚလ္ကာ အပါအဝင္ မန္စီးတီးေနာက္ခံလူေတြကို အလုပ္ရႈပ္ေစခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး မက္ဆီမင္အေပၚ ခ်ီးမြမ္းေျပာဆိုသြားခဲ့ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ တစ္ကြင္းလုံးဟာ ၾသဘာသံေတြ ညံေနခဲ့တယ္လို႔ အသိအမွတ္ျပဳခဲ့ပါတယ္။ ‘’ မိနစ္ ၂၀ ေလာက္ သူတို႔က

ပိုေကာင္းတဲ့ အခ်ိန္တစ္ခုေတာ့ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဘာလဲဆိုတာကိုလည္း အသင္းက ျပသခဲ့ႏိုင္ခဲ့ပါတယ္။ မက္ဆီမင္ကေတာ့ တကယ့္ကို အႏၲရာယ္ေကာင္ပါ။ ပြဲၿပီးသြားတဲ့ေနာက္ ကြင္းလုံးျပည့္ တုံ႔ျပန္မႈက ေဘာလုံးရဲ႕ ရသအေၾကာင္းပါပဲ ’’ လို႔

ဂြါဒီယိုလာက ခ်ီးမြမ္းသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ျပင္သစ္လူမ်ိဳးကစားသမား မက္ဆီမင္ဟာ ဘာေၾကာင့္ ပရီးမီးယားလိဂ္မွာ တျခားကစားသမားေတြနဲ႔ အဆုံးစြန္အထိ ကြဲျပားျခားနားေနသလဲဆိုတာကို မန္စီးတီးနဲ႔ပြဲက သက္ေသျပႏိုင္ခဲ့တယ္လို႔ ေရးသားေဖာ္ျပမႈေတြ ရွိလာေနၿပီ ျဖစ္ပါတယ္။