
လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် ၂ဂိုးသွင်းခဲ့တဲ့





ဟာလန်းကတော့ ပရီးမီးယားလိဂ် ၁၄ပွဲမှာ ဂိုး ၂၀ သွင်းနိုင်ခဲ့သူအဖြစ်
ရပ်တည်ပြခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ပရီးမီးယားလိဂ်မှာ





ဂိုး ၂၀ ကိုအမြန်ဆုံးသွင်းနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်း
ဝင်သွားခဲ့တာဖြစ်တယ်။ မန်စီးတီးနဲ့ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ
၂၆ ပွဲအထိကစားခွင့်ရထားတဲ့ နော်ဝေသားဟာ လိဒ်နဲ့ပွဲစဉ်မှာတော့





ဂျက်ဂရီလစ်ရှ်ရဲ့ ဖန်တီးမှု ၂ကြိမ်စလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၁၄ပွဲမှာ ဂိုး ၂၀ သွင်းနိုင်ခဲ့တာကြောင့်





တစ်ချိန်ကပရီးမီးယားလိဂ်နာမည်ကျော်တိုက်စစ်မှူးတွေဖြစ်တဲ့
ကီဗင်ဖိလစ်၊ တောရက်စ်၊ အလန်ရှီးယား၊ နစ္စတယ်ရွိုင်း၊ အဂူရို၊
အွန်နရီ၊ ဒီယေဂိုကော်စတာနဲ့ ဟယ်ရီကိန်း တို့ထက်ပိုမိုသာလွန်တဲ့





မှတ်တမ်းကောင်းတစ်ခုကိုရရှိခဲ့တာဖြစ်တယ်။ ဟာလန်းရဲ့နောက်မှာ
ရပ်တည်နေတဲ့ ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း ကီဗင်ဖိလစ်ဟာ





ပရီးမီးယားလိဂ် ဂိုး ၂၀ ရဖို့အတွက် ၂၁ပွဲ အထိစောင့်ဆိုင်းခဲ့ရပေမဲ့
နော်ဝေသားက ၁၄ပွဲကစားအပြီးမှာတင် ထပ်တူကျအောင်
လုပ်ပြနိုင်ခဲ့တာပါ။ မန်စီးတီးကြယ်ပွင့်ရဲ့ဂိုးသွင်းနှုန်းက





ကြောက်ခမန်းလိလိဖြစ်တာကြောင့် အလန်ရှီးယားရရှိထားတဲ့
တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးစံချိန်(၃၄ဂိုး)ကို





ကျော်ဖြတ်ဖို့အတွက်လည်း အခြေအနေကောင်း
ပိုင်ဆိုင်နေပြီဖြစ်တယ်။ ဟာလန်းဟာ ၂၀၂၂ ခုနှစ်အတွင်း
ကစားထားတဲ့ ၄၂ပွဲမှာ ၄၅ဂိုး အထိသွင်းယူထားနိုင်ပါတယ်။





zawgyi
ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂၀ ကိုအျမန္ဆုံးသြင္းႏိုင္သူအျဖစ္ ဟာလန္း မွတ္တမ္းသစ္ေရးထိုး





လိဒ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ မန္စီးတီးအတြက္ ၂ဂိုးသြင္းခဲ့တဲ့
ဟာလန္းကေတာ့ ပရီးမီးယားလိဂ္ ၁၄ပြဲမွာ ဂိုး ၂၀ သြင္းႏိုင္ခဲ့သူအျဖစ္
ရပ္တည္ျပခဲ့ပါတယ္။ တနည္းအားျဖင့္ေတာ့ ပရီးမီးယားလိဂ္မွာ





ဂိုး ၂၀ ကိုအျမန္ဆုံးသြင္းႏိုင္တဲ့ကစားသမားအျဖစ္ မွတ္တမ္း
ဝင္သြားခဲ့တာျဖစ္တယ္။ မန္စီးတီးနဲ႔ပြဲဦးထြက္ရာသီမွာ ၿပိဳင္ပြဲစုံ





၂၆ ပြဲအထိကစားခြင့္ရထားတဲ့ ေနာ္ေဝသားဟာ လိဒ္နဲ႔ပြဲစဥ္မွာေတာ့
ဂ်က္ဂရီလစ္ရွ္ရဲ႕ ဖန္တီးမႈ ၂ႀကိမ္စလုံးကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ၁၄ပြဲမွာ ဂိုး ၂၀ သြင္းႏိုင္ခဲ့တာေၾကာင့္





တစ္ခ်ိန္ကပရီးမီးယားလိဂ္နာမည္ေက်ာ္တိုက္စစ္မႉးေတြျဖစ္တဲ့
ကီဗင္ဖိလစ္၊ ေတာရက္စ္၊ အလန္ရွီးယား၊ နစၥတယ္႐ြိဳင္း၊ အဂူ႐ို၊





အြန္နရီ၊ ဒီေယဂိုေကာ္စတာနဲ႔ ဟယ္ရီကိန္း တို႔ထက္ပိုမိုသာလြန္တဲ့
မွတ္တမ္းေကာင္းတစ္ခုကိုရရွိခဲ့တာျဖစ္တယ္။ ဟာလန္းရဲ႕ေနာက္မွာ
ရပ္တည္ေနတဲ့ ဆန္းဒါးလန္းတိုက္စစ္မႉးေဟာင္း ကီဗင္ဖိလစ္ဟာ





ပရီးမီးယားလိဂ္ ဂိုး ၂၀ ရဖို႔အတြက္ ၂၁ပြဲ အထိေစာင့္ဆိုင္းခဲ့ရေပမဲ့
ေနာ္ေဝသားက ၁၄ပြဲကစားအၿပီးမွာတင္ ထပ္တူက်ေအာင္





လုပ္ျပႏိုင္ခဲ့တာပါ။ မန္စီးတီးၾကယ္ပြင့္ရဲ႕ဂိုးသြင္းႏႈန္းက
ေၾကာက္ခမန္းလိလိျဖစ္တာေၾကာင့္ အလန္ရွီးယားရရွိထားတဲ့
တစ္ရာသီအတြင္းသြင္းဂိုးအမ်ားဆုံးစံခ်ိန္(၃၄ဂိုး)ကို





ေက်ာ္ျဖတ္ဖို႔အတြက္လည္း အေျခအေနေကာင္း
ပိုင္ဆိုင္ေနၿပီျဖစ္တယ္။ ဟာလန္းဟာ ၂၀၂၂ ခုႏွစ္အတြင္း





ကစားထားတဲ့ ၄၂ပြဲမွာ ၄၅ဂိုး အထိသြင္းယူထားႏိုင္ပါတယ္။