ပရီးမီးယားလိဂ်မှာ မန်စီးတီးမရှိရင် အများကြီးကောင်းသွားမှာဆိုတဲ့ မန်ယူဖန်

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မန်စီးတီးအသင်းမပါဘူးဆိုရင် ပိုပြီးကောင်းသွားမယ့် လိဂ်ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ ဘောလုံးသတင်း အစီအစဉ် တင်ဆက်သူတစ်ယောက်အဖြစ်

လုပ်ကိုင်နေတဲ့ မာ့ခ်ဂိုးလ်ဘရစ်ချ်က ပြောဆိုလိုက်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို အဆက်မပြတ် ဖိအားပေးနေတဲ့ မန်စီးတီးဟာ

ဒီရာသီမှာသာ ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ဖလား ၅ ကြိမ် ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်လာ တော့မှာပါ။ ဒါကြောင့်

ပရီးမီးယားလိဂ်အပေါ် မန်စီးတီးရဲ့ ဗိုလ်ကျစိုးမိုးမှုဟာ ပြိုင်ဘက်အသင်းပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်နေသလို မန်ယူအသင်း အားပေးသူတဖြစ်လည်း

ဘောလုံးအစီအစဉ်တင်ဆက်သူ ဂိုးလ်ဘရစ်ချ်က ဆိုပါတယ်။ ဒီရာသီမှာ အာဆင်နယ်ဟာ တစ်မူထူးခြားပြီး တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသထားနိုင်ပေမဲ့

တကယ်လို့များ ခရစ္စမတ်အလွန် ကာလမှာ မန်စီးတီးက အမှတ်ပေးဇယားကို ဦးဆောင်ခဲ့မယ်ဆိုရင်တော့ ဂန်းနားတွေ အဖို့ ချန်ပီယံလိဂ် ဝင်ခွင့်ကိုပဲ

အာရုံစိုက်ရဖို့ ရှိနေတယ်လို့ ဘရစ်ချ်က ပြောဆို ခဲ့ပါတယ်။ ‘’မန်စီးတီးက အံ့အားသင့်စရာပါ။ အဲဒါက ပြောစရာကြီးဖြစ်နေတာ။ မန်စီးတီးဟာ ကမ္ဘာပေါ်က

အကောင်းဆုံးအသင်းတွေထဲက တစ်သင်း လို့ ကျွန်တော် ပြောနေတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ မန်စီးတီးမရှိရင်တော့ ပရီးမီးယားလိဂ်က ပိုကောင်းလိမ့်မယ်လို့

ကျွန်တော် ထင်တယ်။ မန်ယူအသင်း ဟာဆိုရင် နှစ်တွေ အကြာကြီး လွှမ်းမိုးထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တူတော့ မတူဘူးလို့ ကျွန်တော် ထင်တယ်။ ပရီးမီးယားလိဂ်အတွက်

ကျွန်တော် စိုးရိမ် မိတယ်။ ဒါကို ကျွန်တော် ခဏခဏတော့ ပြောဖူးပါတယ်။ မှားရင်လည်း မှားနိုင်ပါတယ်။ အာဆင်နယ်က ပရီးမီးယာလိဂ်မှာ လက်တွေ့ကျကျ

ကာကွယ် တိုက်ခိုက်နေလို့သာ ပရီးမီးယားလိဂ်က စိတ်ဝင်စားဖို့ ကောင်းနေတာဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မယုံကြည်နိုင်သလို

အာဆင်နယ် ပရိ သတ်တွေလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြမှာပါ။ ကျွန်တော် လည်း အာဆင်နယ်ကို နည်းနည်းတော့ ကြိုက်ပါတယ်။

အာဆင်နယ်သာ မန်စီးတီးကို မခုခံနိုင်တော့ဘူးဆိုရင်တော့ ခရစ္စမတ်ကာလအလွန်မှာ ပရီးမီးယားလိဂ်က ပွဲပြီးသွားပါလိမ့်မယ်’’ လို့ ဘရစ်ချ်က Talk Sport သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ပရီးမီးယားလိဂ္မွာ မန္စီးတီးမရွိရင္ အမ်ားႀကီးေကာင္းသြားမွာဆိုတဲ့ မန္ယူဖန္

ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ မန္စီးတီးအသင္းမပါဘူးဆိုရင္ ပိုၿပီးေကာင္းသြားမယ့္ လိဂ္ၿပိဳင္ပြဲ ျဖစ္လာလိမ့္မယ္လို႔ ေဘာလုံးသတင္း အစီအစဥ္ တင္ဆက္ သူတစ္ေယာက္အျဖစ္

လုပ္ကိုင္ေနတဲ့ မာ့ခ္ဂိုးလ္ဘရစ္ခ်္က ေျပာဆိုလိုက္ပါ တယ္။ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္ကို အဆက္မျပတ္ ဖိအား ေပးေနတဲ့ မန္စီးတီးဟာ ဒီရာသီမွာသာ ခ်န္ပီယံဆုကို

ဆက္ထိန္းႏိုင္ခဲ့မယ္ဆို ရင္ ၿပီးခဲ့တဲ့ ၆ ႏွစ္အတြင္းမွာ ဖလား ၅ ႀကိမ္ ရယူႏိုင္ခဲ့တဲ့ အသင္းျဖစ္လာ ေတာ့မွာပါ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္အေပၚ မန္စီးတီးရဲ႕

ဗိုလ္က်စိုးမိုးမႈဟာ ၿပိဳင္ဘက္အသင္းပရိသတ္ေတြအတြက္ စိုးရိမ္စရာျဖစ္ေနသလို မန္ယူအသင္း အားေပးသူတျဖစ္လည္း ေဘာလုံးအစီအစဥ္တင္ဆက္သူ ဂိုးလ္ဘရစ္ခ်္က ဆိုပါတယ္။

ဒီရာသီမွာ အာဆင္နယ္ဟာ တစ္မူထူးျခားၿပီး တည္ၿငိမ္တဲ့ ေျခစြမ္းကို ျပသထားႏိုင္ေပမဲ့ တကယ္လို႔မ်ား ခရစၥမတ္အလြန္ ကာလမွာ မန္စီးတီးက အမွတ္ေပးဇယားကို

ဦးေဆာင္ခဲ့မယ္ဆိုရင္ေတာ့ ဂန္းနားေတြ အဖို႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကိုပဲ အာ႐ုံစိုက္ရဖို႔ ရွိေနတယ္လို႔ ဘရစ္ခ်္က ေျပာဆို ခဲ့ပါတယ္။ ‘’မန္စီးတီးက အံ့အားသင့္စရာပါ။

အဲဒါက ေျပာစရာႀကီးျဖစ္ေန တာ။ မန္စီးတီးဟာ ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္း လို႔ ကြၽန္ေတာ္ ေျပာေနတာမ်ိဳး မဟုတ္ဘူး။

ဒါေပမဲ့ မန္စီးတီးမရွိရင္ေတာ့ ပရီး မီးယားလိဂ္က ပိုေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ မန္ယူအသင္း ဟာဆိုရင္ ႏွစ္ေတြ အၾကာႀကီး လႊမ္းမိုးထားခဲ့ဖူးပါတယ္။

ဒါေပမဲ့ တူေတာ့ မ တူဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ပရီးမီးယားလိဂ္အတြက္ ကြၽန္ေတာ္ စိုးရိမ္ မိတယ္။ ဒါကို ကြၽန္ေတာ္ ခဏခဏေတာ့ ေျပာဖူးပါတယ္။

မွားရင္လည္း မွား ႏိုင္ပါတယ္။ အာဆင္နယ္က ပရီးမီးယာလိဂ္မွာ လက္ေတြ႕က်က် ကာကြယ္ တိုက္ခိုက္ေနလို႔သာ ပရီးမီးယားလိဂ္က စိတ္ဝင္စားဖို႔ ေကာင္းေနတာျဖစ္ပါ တယ္။

ကြၽန္ေတာ္ ကိုယ္တိုင္လည္း မယုံၾကည္ႏိုင္သလို အာဆင္နယ္ ပရိ သတ္ေတြလည္း မယုံၾကည္ႏိုင္ေလာက္ေအာင္ ျဖစ္ေနၾကမွာပါ။

ကြၽန္ေတာ္ လည္း အာဆင္နယ္ကို နည္းနည္းေတာ့ ႀကိဳက္ပါတယ္။ အာဆင္နယ္သာ မန္စီးတီးကို မခုခံႏိုင္ေတာ့ဘူးဆိုရင္ေတာ့

ခရစၥမတ္ကာလအလြန္မွာ ပရီးမီး ယားလိဂ္က ပြဲၿပီးသြားပါလိမ့္မယ္’’ လို႔ ဘရစ္ခ်္က Talk Sport သတင္းဌာန ကို ေျပာဆိုသြားခဲ့ပါတယ္။