ပရီးမီးယားလိဂ်မှာ ဆံပင်ဆွဲပြီး ဂိုးသွင်းလိုရလား

ပြီးခဲ့တဲ့လန်ဒန်ဒါဘီပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းချေပဂိုးမသွင်းခင်မှာ လူကပ်ကစားနေတဲ့ ကူကူရယ်လာရဲ့ဆံပင်ကို စပါးနောက်ခံလူ ရိုမီယိုကဆောင့်ဆွဲထားခဲ့ပေမယ့် ပြစ်ဒဏ်ဘောအဖြစ်မသတ်မှတ်ခဲ့တဲ့အပေါ်

ချဲလ်ဆီး ပရိသတ်တွေဒေါသထွက်နေပါတယ်။ ရိုမီရိုရဲ့တောင်းဆိုမှုကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပေးခဲ့ပေမယ့် ပြစ်ဒဏ်ဘောအဖြစ်မသတ်မှတ်ဘဲ ထောင့်ကန်ဘောအဖြစ်ခွင့်ပြုခဲ့တာပါ။ အဲဒီထောင့်ကန်ဘောကနေပဲ

စပါး တိုက်စစ်မှူး ကိန်းက ခေါင်းတိုက်ချေပဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ “ဘောလုံးပွဲမှာ ဆံပင်စွဲလို ရလား၊ ဒီအတွက်ဘာမှမဖြစ်ခဲ့ဘူးဆိုတာ လုံးဝရယ်စရာကောင်းတယ်”လို

တုံပြန်သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ နည်းပြနှစ်ယောက်လည်း အချင်းများခဲ့ကြပြီး ထုတ်ပယ်ခံရတဲ့အထိ တနင်္ဂနွေညရဲ့လန်ဒန်ဒါဘီပွဲကအကြိတ် အနယ်ရှိလွန်းခဲ့တာပါ။ စပါးနည်းပြ ကွန်တီကတော့ ရိုမီရိုဖြစ်ရပ်ဟာ

မတော်တဆဖြစ်ရပ်သာဖြစ်တယ်လို ဆိုခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ စပါးက ချေပဂိုး တစ်ဂိုးကို ခိုးယူသွားခဲ့တယ်လို ဝေဖန်လှောင်ပြောင်ခဲ့ကြပါတယ်။

NBC Sports ရဲအစီအစဉ်တင်ဆက်သူလုပ်နေတဲ့ ရော်ဘီမက်စတိုးကလည်း ရိုမီယိုရဲ့ လုပ်ရပ်အပေါ် VAR ကအရေးယူဖိုပျက်ကွက်ခဲ့ပေမယ့် အနီကတ်နဲ့ ထိုက်တန်တဲ့လုပ်ရပ်ဖြစ်တယ်လို

ဝေဖန်သွားခဲ့ပါတယ်။ ဒါ့အပြင် Twitter ပေါ်မှာလည်း ရိုမီယိုရဲ့ လုပ်ရပ် အပေါ် လှောင်ပြောင်ဝေဖန်မှုတွေ အများအပြား ပြန့်နှံခဲ့တာဖြစ်ပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့လန္ဒန္ဒါဘီပြဲမွာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းေခ်ပဂိုးမသြင္းခင္မွာ လူကပ္ကစားေနတဲ့ ကူကူရယ္လာရဲ႕ဆံပင္ကို စပါးေနာက္ခံလူ ရိုမီယိုကေဆာင့္ဆြဲထားခဲ့ေပမယ့္ ျပစ္ဒဏ္ေဘာအျဖစ္မသတ္မွတ္ခဲ့တဲ့အေပၚ ခ်ဲလ္ဆီး

ပရိသတ္ေတြေဒါသထြက္ေနပါတယ္။ ႐ိုမီ႐ိုရဲ႕ေတာင္းဆိုမႈေၾကာင့္ ကြင္းလယ္ဒိုင္က VAR ျပန္ၾကည့္ေပးခဲ့ေပမယ့္ ျပစ္ဒဏ္ေဘာအျဖစ္မသတ္မွတ္ဘဲ ေထာင့္ကန္ေဘာအျဖစ္ခြင့္ျပဳခဲ့တာပါ။

အဲဒီေထာင့္ကန္ေဘာကေနပဲ စပါး တိုက္စစ္မႉး ကိန္းက ေခါင္းတိုက္ေခ်ပဂိုးသြင္းသြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ကေတာ့ “ေဘာလုံးပြဲမွာ ဆံပင္စြဲလို ရလား၊ ဒီအတြက္ဘာမွမျဖစ္ခဲ့ဘူးဆိုတာ

လုံးဝရယ္စရာေကာင္းတယ္”လို တုံျပန္သြားခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ နည္းျပႏွစ္ေယာက္လည္း အခ်င္းမ်ားခဲ့ၾကၿပီး ထုတ္ပယ္ခံရတဲ့အထိ တနဂၤေႏြညရဲ႕လန္ဒန္ဒါဘီပြဲကအႀကိတ္ အနယ္ရွိလြန္းခဲ့တာပါ။

စပါးနည္းျပ ကြန္တီကေတာ့ ႐ိုမီ႐ိုျဖစ္ရပ္ဟာ မေတာ္တဆျဖစ္ရပ္သာျဖစ္တယ္လို ဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ စပါးက ေခ်ပဂိုး တစ္ဂိုးကို ခိုးယူသြားခဲ့တယ္လို ေဝဖန္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

NBC Sports ရဲအစီအစဥ္တင္ဆက္သူလုပ္ေနတဲ့ ေရာ္ဘီမက္စတိုးကလည္း ရိုမီယိုရဲ႕႕ လုပ္ရပ္အေပၚ VAR ကအေရးယူဖိုပ်က္ကြက္ခဲ့ေပမယ့္ အနီကတ္နဲ႔ ထိုက္တန္တဲ့လုပ္ရပ္ျဖစ္တယ္လို ေဝဖန္သြားခဲ့ပါတယ္။

ဒါ့အျပင္ Twitter ေပၚမွာလည္း ရိုမီယိုာရဲ႕ လုပ္ရပ္ အေပၚ ေလွာင္ေျပာင္ေဝဖန္မႈေတြ အမ်ားအျပား ျပန႔္ႏွံခဲ့တာျဖစ္ပါတယ္။