
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ လူစာရင်းတစ်ခုကို
ပိုင်ဆိုင်ထားကြောင်း ဒွိုက်ယော့ခ်က ယုံကြည်နေပါတယ်။
အဲဒီမန်ယူဂန္ထဝင်တိုက်စစ်မှုးဟောင်းက ယူနိုက်တက်ဟာ
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အရည်အသွေး
လုံလုံလောက်လောက်ရှိတယ်လို့ ယုံကြည်နေပြီး မန်ယူကွင်းလယ်က
လီဗာပူကွင်းလယ်ထက် ပိုတောင့်တင်းတယ်လု့ိ ဆိုလိုက်တာပါ။
အိုးလ်ထရက်ဖို့ဒ်မှာ ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ လီဗာပူးကွင်းလယ်မှာ
နဘီကီတာ၊ ဟန်ဒါဆန်တို့နဲ့အတူ ဂျိမ်းစ်မီလ်နာလည်း ပါဝင်ခဲ့တာလို့
အဲဒီထရီနီဒက်အသင်းခေါင်းဆောင်ဟောင်းက ထောက်ပြခဲ့တာပါ။
”ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ကိုအနိုင်ရဗိုလ်စွဲနိုင်တဲ့လူစာရင်းတစ်ခု
ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ချန်ပီယံလို သူတို့ကစားနေသလားဆိုရင်တော့
နိုးပါ။ လွန်ခဲ့တဲ့ ၃၊ ၄ ရာသီက ဗိုလ်စွဲခဲ့တဲ့လက်စတာကို ပြန်ကြည့်တာနဲ့ အရှင်းကြီးပါ။
ဆန်ချိုနဲ့ရက်ရှ်ဖို့ဒ်တု့ိလိုကစားသမားတွေ ပုံမှန်ကစားခွင့်မရတာကိုပဲကြည့်လေ”လို့
ဒွိုက်ယော့ခ်က talkSPORT ကို ပြောကြားခဲ့တာပါ။
ဒါ့အပြင် ဒွိုက်ယော့ခ်က”လူတွေက ကွင်းလယ်အကြောင်းပြောကြပေမယ့်
ပြီးပြည့်စုံတဲ့အသင်းတော့ မရနိုင်ဘူးလေ။ လီဗာပူးကိုပဲကြည့်လိုက်။
သူတို့ကို မလေးစားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကိုနိုင်ခဲ့တဲ့တုန်းက
သူတို့ကွင်းလယ်မှာ ဟန်ဒါဆန်၊ ကီတာတို့နဲ့အတူ ဘယ်သူကစားခဲ့တာပါလိမ့်”လို့ ဆက်ပြောခဲ့ပါတယ်။
အဲဒီသူက မီလ်နာပါလို့ သတိပေးတော့မှ ဒွိက်ယော့ခ်က ”ဟုတ်တယ်ဗျ..မီလ်နာ။
သူနဲ့တခြားကစားသမားတွေကို ကျွန်တော် မလေးစားတာ မဟုတ်ပါဘူး။
သူတို့ဟာ ကွာတလီပလေယာတွေပါ။ ဒါပေမဲ့ သူတို့နဲ့ရင်ဆိုင်ရမှာကို
ခင်ဗျားကြိုက်မှာပါ။ ပြီးပြည့်စုံတဲ့ ၁၁ ယောက်ကတော့ ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ဆိုရင် ကိုယ့်ခြေစွမ်းကို မြှင့်တင်နိုင်ရမှာပါ”လို့ ဆိုပါတယ်။
ဆက်ပြီးတော့ ဒွိုက်ယော့ခ်က”ကျွန်တော်တို့မှာ စီရော်နယ်ဒိုနဲ့ကာဗာနီတို့လို
ကစားသမားတွေအပြင် ကမ္ဘာ့ဖလားရဖူးတဲ့ ပေ့ါဂ်ဘာနဲ့ဗာရာနီတို့လိုသူတွေလည်း
ရှိပါတယ်။ ဒါကြောင့် လက်ရှိရောက်နေတဲ့နေရာနဲ့ပတ်သက်လို့
လက်မခံနိုင်ဖြစ်ရပါတယ်။ အခြေအနေမကောင်းဘူးဆိုတာကို ကျွန်တော်
ရိုးရိုးသားသားပြောရမှာပါ။ အိုလေနဲ့ကစားသမားတွေအပြင် ပရိသတ်တွေလည်း
အဲဒါကို သိပါတယ်။ ဘုတ်အဖွဲ့ကတော့ ခက်ခက်ခဲခဲဆုံးဖြတ်ချက်တွေလုပ်ရမှာပါ။
ဒါပေမဲ့ ကျွန်တော်တို့ ကစားသမားဟောင်းတွေနဲ့သံတမန်တွေအနေနဲ့ကတော့
အိုလေကို နောက်ဆုံးအချိန်ထိ ထောက်ခံသွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ေအာင္ မန္ယူလူစာရင္းက လုပ္ႏိုင္တယ္လို႔ ဒြိဳက္ခ္ေယာ့ခ္ေျပာ
မန္ယူအသင္းဟာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲႏိုင္တဲ့ လူစာရင္းတစ္ခုကို
ပိုင္ဆိုင္ထားေၾကာင္း ဒြိဳက္ေယာ့ခ္က ယုံၾကည္ေနပါတယ္။
အဲဒီမန္ယူဂႏၴဝင္တိုက္စစ္မႈးေဟာင္းက ယူႏိုက္တက္ဟာ
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အရည္အေသြး
လုံလုံေလာက္ေလာက္ရွိတယ္လို႔ ယုံၾကည္ေနၿပီး မန္ယူကြင္းလယ္က
လီဗာပူကြင္းလယ္ထက္ ပိုေတာင့္တင္းတယ္လု႔ိ ဆိုလိုက္တာပါ။
အိုးလ္ထရက္ဖို႔ဒ္မွာ ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ လီဗာပူးကြင္းလယ္မွာ
နဘီကီတာ၊ ဟန္ဒါဆန္တို႔နဲ႔အတူ ဂ်ိမ္းစ္မီလ္နာလည္း ပါဝင္ခဲ့တာလို႔
အဲဒီထရီနီဒက္အသင္းေခါင္းေဆာင္ေဟာင္းက ေထာက္ျပခဲ့တာပါ။
”ကြၽန္ေတာ္တို႔မွာ ပရီးမီးယားလိဂ္ကိုအႏိုင္ရဗိုလ္စြဲႏိုင္တဲ့လူစာရင္းတစ္ခု
ပိုင္ဆိုင္ထားတယ္လို႔ ထင္ပါတယ္။ ခ်န္ပီယံလို သူတို႔ကစားေနသလားဆိုရင္ေတာ့
ႏိုးပါ။ လြန္ခဲ့တဲ့ ၃၊ ၄ ရာသီက ဗိုလ္စြဲခဲ့တဲ့လက္စတာကို ျပန္ၾကည့္တာနဲ႔ အရွင္းႀကီးပါ။
ဆန္ခ်ိဳနဲ႔ရက္ရွ္ဖို႔ဒ္တု႔ိလိုကစားသမားေတြ ပုံမွန္ကစားခြင့္မရတာကိုပဲၾကည့္ေလ”လို႔
ဒြိဳက္ေယာ့ခ္က talkSPORT ကို ေျပာၾကားခဲ့တာပါ။
ဒါ့အျပင္ ဒြိဳက္ေယာ့ခ္က”လူေတြက ကြင္းလယ္အေၾကာင္းေျပာၾကေပမယ့္
ၿပီးျပည့္စုံတဲ့အသင္းေတာ့ မရႏိုင္ဘူးေလ။ လီဗာပူးကိုပဲၾကည့္လိုက္။
သူတို႔ကို မေလးစားတာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ကိုႏိုင္ခဲ့တဲ့တုန္းက
သူတို႔ကြင္းလယ္မွာ ဟန္ဒါဆန္၊ ကီတာတို႔နဲ႔အတူ ဘယ္သူကစားခဲ့တာပါလိမ့္”လို႔ ဆက္ေျပာခဲ့ပါတယ္။
အဲဒီသူက မီလ္နာပါလို႔ သတိေပးေတာ့မွ ဒြိက္ေယာ့ခ္က ”ဟုတ္တယ္ဗ်..မီလ္နာ။
သူနဲ႔တျခားကစားသမားေတြကို ကြၽန္ေတာ္ မေလးစားတာ မဟုတ္ပါဘူး။
သူတို႔ဟာ ကြာတလီပေလယာေတြပါ။ ဒါေပမဲ့ သူတို႔နဲ႔ရင္ဆိုင္ရမွာကို
ခင္ဗ်ားႀကိဳက္မွာပါ။ ၿပီးျပည့္စုံတဲ့ ၁၁ ေယာက္ကေတာ့ ဘယ္ေတာ့မွ ရမွာ မဟုတ္ပါဘူး။
ဒါေပမဲ့ ပရီးမီးယားလိဂ္မွာဗိုလ္စြဲဖို႔ဆိုရင္ ကိုယ့္ေျခစြမ္းကို ျမႇင့္တင္ႏိုင္ရမွာပါ”လို႔ ဆိုပါတယ္။
ဆက္ၿပီးေတာ့ ဒြိဳက္ေယာ့ခ္က”ကြၽန္ေတာ္တို႔မွာ စီေရာ္နယ္ဒိုနဲ႔ကာဗာနီတို႔လို
ကစားသမားေတြအျပင္ ကမာၻ႔ဖလားရဖူးတဲ့ ေပ့ါဂ္ဘာနဲ႔ဗာရာနီတို႔လိုသူေတြလည္း
ရွိပါတယ္။ ဒါေၾကာင့္ လက္ရွိေရာက္ေနတဲ့ေနရာနဲ႔ပတ္သက္လို႔
လက္မခံႏိုင္ျဖစ္ရပါတယ္။ အေျခအေနမေကာင္းဘူးဆိုတာကို ကြၽန္ေတာ္
႐ိုး႐ိုးသားသားေျပာရမွာပါ။ အိုေလနဲ႔ကစားသမားေတြအျပင္ ပရိသတ္ေတြလည္း
အဲဒါကို သိပါတယ္။ ဘုတ္အဖြဲ႕ကေတာ့ ခက္ခက္ခဲခဲဆုံးျဖတ္ခ်က္ေတြလုပ္ရမွာပါ။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ ကစားသမားေဟာင္းေတြနဲ႔သံတမန္ေတြအေနနဲ႔ကေတာ့
အိုေလကို ေနာက္ဆုံးအခ်ိန္ထိ ေထာက္ခံသြားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။