ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေးနှစ်ရှည်စီမံကိန်းချထားကြောင်း မေမန်ဒါစတာဗီလေ ပြောကြား

ပြီးခဲ့တဲ့အပတ်တုန်းကနယူးကာဆယ်ကိုဆော်ဒီနောက်ကျောနောက်ခံကုမ္ပဏီက

ဝယ်ယူလိုက်တဲ့သတင်းကဘောလုံးလောကတခုလုံးကိုပွတ်လောရိုက်အောင်

လုပ်ခဲ့ပါတယ်။နယူးကာဆယ်ကိုဝယ်ယူလိုက်ပြီးနောက်ဒါရိုက်တာသစ်

မော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့မေမန်ဒါစတာဗီလေကပရီးမီးယားလိဂ်ဖလား

ဆွတ်ခူးနိုင်ရေးနှစ်ရှည်စီမံကိန်းချထားကြောင်းပြောကြားခဲ့ပါတယ်။

နယူးကာဆယ်တို့ရဲ့ရည်မှန်းချက်ဟာ၁၀နှစ်အတွင်းဖြစ်မြောက်လာနိုင်ကြောင်း

ဘောလုံးဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူဒေါက်တာတွမ်ဘာဆင်က

Sky Sport သို့ပြောကြားလာပါတယ်။

၎င်းက “လွယ်တော့မလွယ်ကူပါဘူး။ပြီးခဲ့တဲ့နှစ်တွေမှာငွေတွေအများကြီး

သုံးခဲ့တဲ့ကလပ်တွေကိုတွေ့ခဲ့ရတယ်။ဒါပေမယ့်ထိပ်ဆုံးလေးသင်းစာရင်းသို့

တောင်မဝင်နိုင်ပါဘူး။အဲဗာတန်ကဥပမာတစ်ခုပါ။ငွေကြေးကအောင်မြင်မှုရဖို့

အာမခံချက်မပေးနိုင်ပါဘူး။စီးတီးနဲ့ချဲလ်ဆီးမှာငွေရှိပါတယ်။ဒါပေမယ့်

သူတို့ဟာနှစ်ပေါင်းများစွာအသင်းကိုအခြေတည်အောင်တည်ဆောက်လာခဲ့ကြ

တာပါ။ဘောလုံးကစားမှု၊ငွေကြေးစီမံခန့်ခွဲမှုတွေကနေ့ချင်းညချင်းဖြစ်မြောက်လာ

တာမျိုးမဟုတ်ပါဘူး။တကယ်လို့သူတို့(နယူးကာဆယ်)အနေနဲ့အခုအချိန်ကနေစပြီး

မှန်ကန်တဲ့အမြစ်ချတည်ဆောက်မှုတွေလုပ်မယ်ဆိုရင်တော့၁၀နှစ်

အတွင်းတော့ဖြစ်လာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်အသင်းပိုင်ရှင် Public Investment Fund ဟာငွေကြေး

ပေါင်၃၂၀ဘီလီယမ်တောင့်တင်းတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးလာမယ့်

အပြောင်းအရွှေ့ဈေးကွက်များတွင် ပေါင်သန်းပေါင်းများစွာသုံးကာ

ကစားသမားခေါ်ယူအားဖြည့်လာဖို့ရှိပါတယ်။

ဒါပေမယ့်ဘာဆင်ကနယူးကာဆယ်အနေဖြင့်အပြောင်းအရွှေ့ဈေးကွက်တွင်

ငွေများစွာသုံးနိုင်ရန်အတွက်ဝင်ငွေများစွာရရှိအောင်လည်းလုပ်ဆောင်ဖို့

လိုအပ်နေကြောင်းထိုမှသာလျှင် FFP (Financial Fair Play) စည်းမျဉ်းနဲ့

မညှိမှာဖြစ်ကြောင်းဆိုထားပါတယ်။ တစ်ဖက်တွင်နယူးကာဆယ်ဟာ

ပြီးခဲ့တဲ့ သုံးနှစ်အတွင်းငွေကြေးအရှုံးပေါ်ခဲ့ခြင်းမရှိတာကြောင့်

လာမယ့် အပြောင်းအရွှေ့ဈေးကွက်များတွင်ပေါင်သန်း၂၀၀အထိ

စည်းမျဉ်းချိုးဖောက်စရာမလိုဘဲအသုံးနိုင်ပါတယ်။

zawgyi

ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေရးႏွစ္ရွည္စီမံကိန္းခ်ထားေၾကာင္း ေမမန္ဒါစတာဗီေလ ေျပာၾကား

ၿပီးခဲ့တဲ့အပတ္တုန္းကနယူးကာဆယ္ကိုေဆာ္ဒီေနာက္ေက်ာေနာက္ခံကုမၸဏီက

ဝယ္ယူလိုက္တဲ့သတင္းကေဘာလုံးေလာကတခုလုံးကိုပြတ္ေလာ႐ိုက္ေအာင္

လုပ္ခဲ့ပါတယ္။နယူးကာဆယ္ကိုဝယ္ယူလိုက္ၿပီးေနာက္ဒါ႐ိုက္တာသစ္

ေမာ္ဒယ္ေဟာင္းတစ္ဦးျဖစ္တဲ့ေမမန္ဒါစတာဗီေလကပရီးမီးယားလိဂ္ဖလား

ဆြတ္ခူးႏိုင္ေရးႏွစ္ရွည္စီမံကိန္းခ်ထားေၾကာင္းေျပာၾကားခဲ့ပါတယ္။

နယူးကာဆယ္တို႔ရဲ႕ရည္မွန္းခ်က္ဟာ၁၀ႏွစ္အတြင္းျဖစ္ေျမာက္လာႏိုင္ေၾကာင္း

ေဘာလုံးဘ႑ာေရးဆိုင္ရာကြၽမ္းက်င္သူေဒါက္တာတြမ္ဘာဆင္က

Sky Sport သို႔ေျပာၾကားလာပါတယ္။

၎က “လြယ္ေတာ့မလြယ္ကူပါဘူး။ၿပီးခဲ့တဲ့ႏွစ္ေတြမွာေငြေတြအမ်ားႀကီး

သုံးခဲ့တဲ့ကလပ္ေတြကိုေတြ႕ခဲ့ရတယ္။ဒါေပမယ့္ထိပ္ဆုံးေလးသင္းစာရင္းသို႔

ေတာင္မဝင္ႏိုင္ပါဘူး။အဲဗာတန္ကဥပမာတစ္ခုပါ။ေငြေၾကးကေအာင္ျမင္မႈရဖို႔

အာမခံခ်က္မေပးႏိုင္ပါဘူး။စီးတီးနဲ႔ခ်ဲလ္ဆီးမွာေငြရွိပါတယ္။ဒါေပမယ့္

သူတို႔ဟာႏွစ္ေပါင္းမ်ားစြာအသင္းကိုအေျခတည္ေအာင္တည္ေဆာက္လာခဲ့ၾက

တာပါ။ေဘာလုံးကစားမႈ၊ေငြေၾကးစီမံခန႔္ခြဲမႈေတြကေန႔ခ်င္းညခ်င္းျဖစ္ေျမာက္လာ

တာမ်ိဳးမဟုတ္ပါဘူး။တကယ္လို႔သူတို႔(နယူးကာဆယ္)အေနနဲ႔အခုအခ်ိန္ကေနစၿပီး

မွန္ကန္တဲ့အျမစ္ခ်တည္ေဆာက္မႈေတြလုပ္မယ္ဆိုရင္ေတာ့၁၀ႏွစ္

အတြင္းေတာ့ျဖစ္လာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္အသင္းပိုင္ရွင္ Public Investment Fund ဟာေငြေၾကး

ေပါင္၃၂၀ဘီလီယမ္ေတာင့္တင္းတဲ့ကုမၸဏီတစ္ခုျဖစ္ၿပီးလာမယ့္

အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္ ေပါင္သန္းေပါင္းမ်ားစြာသုံးကာ

ကစားသမားေခၚယူအားျဖည့္လာဖို႔ရွိပါတယ္။

ဒါေပမယ့္ဘာဆင္ကနယူးကာဆယ္အေနျဖင့္အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

ေငြမ်ားစြာသုံးႏိုင္ရန္အတြက္ဝင္ေငြမ်ားစြာရရွိေအာင္လည္းလုပ္ေဆာင္ဖို႔

လိုအပ္ေနေၾကာင္းထိုမွသာလွ်င္ FFP (Financial Fair Play) စည္းမ်ဥ္းနဲ႔

မညႇိမွာျဖစ္ေၾကာင္းဆိုထားပါတယ္။ တစ္ဖက္တြင္နယူးကာဆယ္ဟာ

ၿပီးခဲ့တဲ့ သုံးႏွစ္အတြင္းေငြေၾကးအရႈံးေပၚခဲ့ျခင္းမရွိတာေၾကာင့္

လာမယ့္ အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားတြင္ေပါင္သန္း၂၀၀အထိ

စည္းမ်ဥ္းခ်ိဳးေဖာက္စရာမလိုဘဲအသုံးႏိုင္ပါတယ္။