ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းထံ ဆာလာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ဖွယ်ရှိ

သတင်းတွေရဲ့ဖော်ပြချက်အရ လီဗာပူးတိုက်စစ်မှူး

ဆာလာဟာ တကယ်လို့ စာချုပ်သစ်ချုပ်ဆိုဖို့
သဘောတူညီချက်မရခဲ့ရင် အသင်းရဲ့
ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းထံ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့
အသင့်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်
ဆာလာဟာ ၂၀၂၃ နွေရာသီမှာ
စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး
စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကလည်း
အခုချိန်အထိ အဆင်မပြေဖြစ်နေပါတယ်။

ဆာလာဟာ ယခုရာသီမှာလည်း
ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပေမယ့်
စာချုပ်သစ်ကိစ္စ အဆင်မပြေမှုတွေကြောင့်
လီဗာပူးမှာရှိတဲ့ သူ့ရဲ့ရေရှည်အနာဂတ်က
မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ
ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဆာလာဟာ
လီဗာပူးနဲ့ စာချုပ်သစ်မချုပ်ဆိုဖြစ်ရင်
ဘယ်အသင်း ပြောင်းမလဲဆိုတာ
အခုကတည်းက စဉ်းစားနေပြီလို့ သိရပါတယ်။

ဆာလာဟာ လီဗာပူးပရိသတ်တွေရဲ့
အချစ်တော်ကစားသမားတစ်ဦးဖြစ်နေပေမယ့်
အသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဆီ
ပြောင်းရွှေ့ဖို့လည်း အဆင်ပြေတယ်လို့ သိရပါတယ်။
အဓိကအချက်ကတော့ သူ့အနေနဲ့

တခြားနိုင်ငံတွေဆီထွက်မကစားချင်တော့ဘဲ
ပရီးမီးယားလိဂ်မှာသာ ဆက်ကစားချင်တာကြောင့်
ဒီလိုစဉ်းစားနေတာဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးရဲ့ချန်ပီယံလုဘက် မန်စီးတီးက
ဆာလာကို လုပ်ခလစာမြင့်မားစွာ ပေးချေနိုင်စွမ်းရှိသလို

အသင်းဟောင်း ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း
ဆာလာ ရောက်နိုင်တဲ့အသင်းတွေအဖြစ် ရေပန်းစားနေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်က လီဗာပူးရဲ့
အခါးသီးဆုံးပြိုင်ဘက်ဖြစ်နေရာ
အိုးထရက်ဖို့ဒ်ကို ရောက်ဖို့ကတော့

ရာခိုင်နှုန်း အတော်လေးနည်းပါးနေပြီး
ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်
ပုံမှန်ရဖို့ ရုန်းကန်နေရတာကလည်း ဆာလာအတွက်
အဆင်ပြေမှာမဟုတ်ပါဘူး။
ဆာလာကတော့ ယခုနွေရာသီအတွင်း

အသင်းကနေ ထွက်ခွာမှာမဟုတ်ကြောင်း
အတည်ပြုထားပြီးဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းတစ္သင္းထံ ဆာလာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ဖြယ္ရွိ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးတုိက္စစ္မွဴး
ဆာလာဟာ တကယ္လုိ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔
သေဘာတူညီခ်က္မရခဲ့ရင္ အသင္းရဲ႕
ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းတစ္သင္းထံ

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ဖို႔
အသင့္ရွိေနတယ္လုိ႔ သိရပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ရွိ အီဂ်စ္လက္ေရြးစင္
ဆာလာဟာ ၂၀၂၃ ေႏြရာသီမွာ
စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး

စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ေဆြးေႏြးမႈေတြကလည္း
အခုခ်ိန္အထိ အဆင္မေျပျဖစ္ေနပါတယ္။
ဆာလာဟာ ယခုရာသီမွာလည္း
ဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္
စာခ်ဳပ္သစ္ကိစၥ အဆင္မေျပမႈေတြေၾကာင့္

လီဗာပူးမွာရွိတဲ့ သူ႕ရဲ႕ေရရွည္အနာဂတ္က
ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။
The Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဆာလာဟာ
လီဗာပူးနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆိုျဖစ္ရင္

ဘယ္အသင္း ေျပာင္းမလဲဆုိတာ
အခုကတည္းက စဥ္းစားေနၿပီလုိ႔ သိရပါတယ္။
ဆာလာဟာ လီဗာပူးပရိသတ္ေတြရဲ႕
အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ေနေပမယ့္
အသင္းရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းတစ္သင္းဆီ

ေျပာင္းေရႊ႕ဖုိ႔လည္း အဆင္ေျပတယ္လုိ႔ သိရပါတယ္။
အဓိကအခ်က္ကေတာ့ သူ႕အေနနဲ႔
တျခားနိုင္ငံေတြဆီထြက္မကစားခ်င္ေတာ့ဘဲ
ပရီးမီးယားလိဂ္မွာသာ ဆက္ကစားခ်င္တာေၾကာင့္
ဒီလုိစဥ္းစားေနတာျဖစ္ေၾကာင္း သိရပါတယ္။

လီဗာပူးရဲ႕ခ်န္ပီယံလုဘက္ မန္စီးတီးက
ဆာလာကို လုပ္ခလစာျမင့္မားစြာ ေပးေခ်ႏိုင္စြမ္းရွိသလုိ
အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ယူႏုိက္တက္တုိ႔ကလည္း
ဆာလာ ေရာက္ႏိုင္တဲ့အသင္းေတြအျဖစ္ ေရပန္းစားေနပါတယ္။
ဒါေပမဲ့ ယူႏုိက္တက္က လီဗာပူးရဲ႕

အခါးသီးဆုံးၿပိဳင္ဘက္ျဖစ္ေနရာ
အုိးထရက္ဖုိ႔ဒ္ကို ေရာက္ဖို႔ကေတာ့
ရာခိုင္ႏႈန္း အေတာ္ေလးနည္းပါးေနၿပီး
ယူႏုိက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္
ပုံမွန္ရဖုိ႔ ရုန္းကန္ေနရတာကလည္း ဆာလာအတြက္

အဆင္ေျပမွာမဟုတ္ပါဘူး။
ဆာလာကေတာ့ ယခုေႏြရာသီအတြင္း
အသင္းကေန ထြက္ခြာမွာမဟုတ္ေၾကာင္း
အတည္ျပဳထားၿပီးျဖစ္ပါတယ္။