
စစ်တမ်းတွေအရ ပြည်ပက ဘောလုံးဝါသနာအိုးပရိသတ်တွေဟာ သူတို့
အသင်းတစ်ရာသီစာလက်မှတ်ဖိုးထက် အသင်းရဲ့အဝေးကွင်းပွဲတွေကို
ကွင်းထဲအထိလိုက်ကြည့်အားပေးရလို့ ဓာတ်ဆီဖိုးအတွက်အသုံးပြုရတဲ့ငွေက
ပိုများနေပါတယ်။ အခုလောလောဆယ် ကမ္ဘာတစ်ဝန်းမှာ လောင်စာဆီ
ရှားပါးမှုကြောင့် နိုင်ငံတော်တော်များ အခက်ကြုံနေရပြီး ဓာတ်ဆီစျေးနှုန်းက
တစ်ရက်ထက်တစ်ရက်မြင့်တက်နေသလို လာမယ့်ဒီဇင်ဘာလနှောင်းပိုင်းအထိ
စျေးကျမယ့်အနေအထားမရှိပါဘူး။ ဒီပြဿနာရဲ့ရိုက်ခတ်မှုကို
ပရီးမီးယားလိဂ်ပရိသတ်တွေကလည်း ခံစားနေရပြီး Saxo Markets ဝက်ဘ်ဆိုက်က
ပရိသတ်တွေအနေနဲ့ ဓာတ်ဆီဖိုးပဏမာက ပြီးခဲ့တဲ့နှစ်ကထက်
ပေါင်(၁၀၀)နီးပါးပိုများလာဖို့ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ကိုယ့်အသင်းကစားမယ့် အဝေးကွင်းပွဲတွေကို ကားနဲ့သွားကြည့်မယ့်
ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် ဆီဖိုးက တစ်ဦးကို ပျမ်းမျှပေါင်
(၅၀၀)ကျော်အထိ ကျသင့်မှာဖြစ်ပါတယ်။ ဒီပမာဏက ပရီးမီးယားလိဂ်
ကလပ်အသင်းတွေရဲ့တစ်ရာသီစာပျမ်းမျှလက်မှတ်တန်ဖိုးဖြစ်တဲ့
ပေါင်(၄၉၀)ထက်ပိုများနေတာဖြစ်ပြီး တချို့ကလပ်တွေကတော့
ဓာတ်ဆီစျေးနှုန်းတွေမြင့်တက်လာတဲ့အတွက် တခြားအသင်းတွေထက်
ရိုက်ခတ်မှုပိုကြီးမားတဲ့အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ မကြာသေးခင်က
နယူးကာဆယ်အသင်းကို ဆော်ဒီသန်းကြွယ်သူဌေးတွေက ပေါင်သန်
(၃၀၀)နဲ့ဝယ်ယူခဲ့ပြီး ဘောလုံးလောကရဲ့အချမ်းသာဆုံးကလပ်ပိုင်ရှင်တွေအဖြစ်
ရပ်တည်နေပေမယ့် အသင်းပရိသတ်တွေကတော့ ဝင်ငွေနည်းပါးမှုကြောင့်
နယူးကာဆယ်အသင်းရဲ့ ရာသီလက်ကျန်အဝေးကွင်းပွဲတွေကို
အားပေးဖို့အခက်ကြုံနေရပါတယ်။ ၂၀၂၁-၂၂ ရာသီလက်ကျန်အဝေးကွင်းပွဲတွေ
အားလုံးကို နယူးကာဆယ်ပရိသတ်တွေ လိုက်ကြည့်မယ်ဆိုရင်
ဓာတ်ဆီဖိုးတစ်ခုတည်း ပေါင်(၇၆၁.၁၈)အထိ ကျသင့်မှာဖြစ်ပြီး
ဒါက ပြီးခဲ့တဲ့ရာသီကထက် ပေါင်(၉၃.၁၃)ပိုမြင့်တက်လာတာဖြစ်ပါတယ်။
လက်မှတ်ဖိုးထက် ဓာတ်ဆီဖိုးပိုကုန်မယ့်အသင်းပရိသတ်တွေထဲမှာ
နယူးကာဆယ်အပြင် အဲဗာတန်၊ ဘရိုက်တန်၊ နောဝစ်ချ်၊ လိဒ်စ်တို့က
အများဆုံးအဖြစ်ရပ်တည်နေပါတယ်။ အဲဒါကြောင့် အခုအချိန်မှာတော့
ပရီးမီးယားလိဂ်ပရိသတ်တွေအနေနဲ့ ‘ဆင်ဖိုးထက် ချွန်းဖိုးပိုကုန်’နေရတဲ့
အနေအထားနဲ့ ရင်ဆိုင်နေရပြီလို့ပဲပြောရတော့မှာပါ။
zawgyi
ပရီးမီးယားလိဂ္ပရိသတ္မ်ား တစ္ရာသီစာလက္မွတ္ဖိုးထက္ ‘ဆီဖိုး’အတြက္ ေငြပိုကုန္ေန
စစ္တမ္းေတြအရ ျပည္ပက ေဘာလုံးဝါသနာအိုးပရိသတ္ေတြဟာ သူတို႔
အသင္းတစ္ရာသီစာလက္မွတ္ဖိုးထက္ အသင္းရဲ႕အေဝးကြင္းပြဲေတြကို
ကြင္းထဲအထိလိုက္ၾကည့္အားေပးရလို႔ ဓာတ္ဆီဖိုးအတြက္အသုံးျပဳရတဲ့ေငြက
ပိုမ်ားေနပါတယ္။ အခုေလာေလာဆယ္ ကမာၻတစ္ဝန္းမွာ ေလာင္စာဆီ
ရွားပါးမႈေၾကာင့္ ႏိုင္ငံေတာ္ေတာ္မ်ား အခက္ႀကဳံေနရၿပီး ဓာတ္ဆီေစ်းႏႈန္းက
တစ္ရက္ထက္တစ္ရက္ျမင့္တက္ေနသလို လာမယ့္ဒီဇင္ဘာလေႏွာင္းပိုင္းအထိ
ေစ်းက်မယ့္အေနအထားမရွိပါဘူး။ ဒီျပႆနာရဲ႕႐ိုက္ခတ္မႈကို
ပရီးမီးယားလိဂ္ပရိသတ္ေတြကလည္း ခံစားေနရၿပီး Saxo Markets ဝက္ဘ္ဆိုက္က
ပရိသတ္ေတြအေနနဲ႔ ဓာတ္ဆီဖိုးပဏမာက ၿပီးခဲ့တဲ့ႏွစ္ကထက္
ေပါင္(၁၀၀)နီးပါးပိုမ်ားလာဖို႔ရွိတယ္လို႔ သုံးသပ္ခဲ့ပါတယ္။
ကိုယ့္အသင္းကစားမယ့္ အေဝးကြင္းပြဲေတြကို ကားနဲ႔သြားၾကည့္မယ့္
ပရီးမီးယားလိဂ္ပရိသတ္ေတြအတြက္ ဆီဖိုးက တစ္ဦးကို ပ်မ္းမွ်ေပါင္
(၅၀၀)ေက်ာ္အထိ က်သင့္မွာျဖစ္ပါတယ္။ ဒီပမာဏက ပရီးမီးယားလိဂ္
ကလပ္အသင္းေတြရဲ႕တစ္ရာသီစာပ်မ္းမွ်လက္မွတ္တန္ဖိုးျဖစ္တဲ့
ေပါင္(၄၉၀)ထက္ပိုမ်ားေနတာျဖစ္ၿပီး တခ်ိဳ႕ကလပ္ေတြကေတာ့
ဓာတ္ဆီေစ်းႏႈန္းေတြျမင့္တက္လာတဲ့အတြက္ တျခားအသင္းေတြထက္
႐ိုက္ခတ္မႈပိုႀကီးမားတဲ့အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။ မၾကာေသးခင္က
နယူးကာဆယ္အသင္းကို ေဆာ္ဒီသန္းႂကြယ္သူေဌးေတြက ေပါင္သန္
(၃၀၀)နဲ႔ဝယ္ယူခဲ့ၿပီး ေဘာလုံးေလာကရဲ႕အခ်မ္းသာဆုံးကလပ္ပိုင္ရွင္ေတြအျဖစ္
ရပ္တည္ေနေပမယ့္ အသင္းပရိသတ္ေတြကေတာ့ ဝင္ေငြနည္းပါးမႈေၾကာင့္
နယူးကာဆယ္အသင္းရဲ႕ ရာသီလက္က်န္အေဝးကြင္းပြဲေတြကို
အားေပးဖို႔အခက္ႀကဳံေနရပါတယ္။ ၂၀၂၁-၂၂ ရာသီလက္က်န္အေဝးကြင္းပြဲေတြ
အားလုံးကို နယူးကာဆယ္ပရိသတ္ေတြ လိုက္ၾကည့္မယ္ဆိုရင္
ဓာတ္ဆီဖိုးတစ္ခုတည္း ေပါင္(၇၆၁.၁၈)အထိ က်သင့္မွာျဖစ္ၿပီး
ဒါက ၿပီးခဲ့တဲ့ရာသီကထက္ ေပါင္(၉၃.၁၃)ပိုျမင့္တက္လာတာျဖစ္ပါတယ္။
လက္မွတ္ဖိုးထက္ ဓာတ္ဆီဖိုးပိုကုန္မယ့္အသင္းပရိသတ္ေတြထဲမွာ
နယူးကာဆယ္အျပင္ အဲဗာတန္၊ ဘ႐ိုက္တန္၊ ေနာဝစ္ခ်္၊ လိဒ္စ္တို႔က
အမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။ အဲဒါေၾကာင့္ အခုအခ်ိန္မွာေတာ့
ပရီးမီးယားလိဂ္ပရိသတ္ေတြအေနနဲ႔ ‘ဆင္ဖိုးထက္ ခြၽန္းဖိုးပိုကုန္’ေနရတဲ့
အေနအထားနဲ႔ ရင္ဆိုင္ေနရၿပီလို႔ပဲေျပာရေတာ့မွာပါ။