ပရီးမီးယားလိဂ်ထိပ်ဆုံးရောက်ဖို့ ဂီယာတစ်ချက်ထိုးပြီး အရှိန်မြှင့် လိုက်တဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ချဲလ်ဆီးဟာ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေ ဝယ်ယူပိုင်ဆိုင်ပြီးတဲ့နောက်ပိုင်း အင်အားဖြည့်တင်းမှုတွေ အတိုင်းအတာတစ်ခုအထိ လုပ်ခဲ့တာ အားလုံးအသိ ပါ။

ဒါပေမဲ့ လက်ရှိမှာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၇ မှတ်ကွာဟနေပြီး မန်စီးတီးနဲ့ ၅ မှတ် ကွာနေတဲ့အတွက် ပရီးမီးယားလိဂ် ထိပ်ဆုံးက အသင်းတွေကို ခြေရာတိုင်းနိုင်ဖို့ ကြိုးစားလာပါတယ်။

ဒါကြောင့် ချဲလ်ဆီးဟာ အရှိန်ပြင်းပြင်း မောင်းနှင်ဖို့အတွက် ဂီယာတစ်ချက် တင်လိုက်ပြီး မိုနာကိုရဲ့ နည်းစနစ်ဒါရိုက်တာ လောရင့်စတီးဝပ်ကို ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ The Athletic သတင်း ဌာနရဲ့ အဆိုအရ သိရပါတယ်။

ဒါကြောင့် အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်း မှာ အတွေ့အကြုံရင့်ကျက်ပြီးသား နည်းစနစ်ဒါရိုက်တာတစ်ယောက်ကို လန်ဒန်ကလပ်နဲ့အတူ တွဲဖက်ပြီး မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

စတီးဝပ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝကို ဟူးလ်စီးတီးအသင်းရဲ့ စွမ်းဆောင်ရည် လေ့လာဆန်းစစ်ရေး အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပြီး အဲဒီနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဒီအင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဂျာမန်ကလပ် လစ်ပ်ဇစ်အသင်းဆီကို မပြောင်းရွှေ့ခင်ကာလတွေမှာ မန်စီးတီး၊ အဲဗာတန်တို့နဲ့အတူ ဘော လုံးရေးရာ ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သူဖြစ်လို့ ပရီးမီးယား လိဂ်အကြောင်းကို နောကြေနေတဲ့ လူတစ်ယောက် ဖြစ်နေပါတယ်။

ဒီအ တွက်ကြောင့်လည်း ချဲလ်ဆီးက သူ့ကို ယုံယုံကြည်ကြည်နဲ့ တာဝန် အပ်နှင်း ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပြီး စတီးဝပ်ဟာ အရင်တုန်းက ချဲလ်ဆီးအသင်း စိတ်ဝင်စားမှုရှိခဲ့တဲ့ အားကစားဒါရိုက်တာ ပေါလ်မစ်ချဲလ်နဲ့လည်း အတူတွဲ ဖက်ပြီး အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

လက်ရှိမှာ စတီးဝပ်ရဲ့ ကိစ္စနဲ့ပတ် သက်ပြီး ချဲလ်ဆီးအသင်းက တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အင်္ဂလန်အခြေစိုက် သတင်းဌာန အများစုက အကျယ်တဝင့် ဖော်ပြနေပြီဖြစ် လို့ မကြာခင်မှာ မြင်တွေ့ရဖို့ ရှိနေပြီဖြစ်ပါတယ်။

(Zawgyi)

ပရီးမီးယားလိဂ္ထိပ္ဆုံးေရာက္ဖို႔ ဂီယာတစ္ခ်က္ထိုးၿပီး အရွိန္ျမႇင့္ လိုက္တဲ့ ခ်ဲလ္ဆီး

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ခ်လ္ ဆီးဟာ အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ဘိုေလ ဝယ္ယူပိုင္ဆိုင္ၿပီးတဲ့ေနာက္ပိုင္း အင္အားျဖည့္တင္းမႈေတြ အတိုင္းအတာတစ္ခုအထိ လုပ္ခဲ့တာ အားလုံးအသိပါ။

ဒါေပမဲ့ လက္ရွိမွာ ထိပ္ဆုံးက အာဆင္နယ္နဲ႔ ၇ မွတ္ကြာဟေနၿပီး မန္စီး တီးနဲ႔ ၅ မွတ္ ကြာေနတဲ့အတြက္ ပရီးမီးယားလိဂ္ ထိပ္ဆုံးက အသင္းေတြကို ေျခရာတိုင္းႏိုင္ဖို႔ ႀကိဳးစားလာပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးဟာ အရွိန္ျပင္းျပင္း ေမာင္းႏွင္ဖို႔အတြက္ ဂီယာတစ္ခ်က္ တင္လိုက္ၿပီး မိုနာကိုရဲ႕ နည္းစနစ္ဒါ႐ိုက္ တာ ေလာရင့္စတီးဝပ္ကို ေခၚယူလိုက္ၿပီျဖစ္တယ္လို႔ The Athletic သတင္း ဌာနရဲ႕ အဆိုအရ သိရပါတယ္။

ဒါေၾကာင့္ အဂၤလန္ေဘာလုံးအသိုင္းအဝိုင္း မွာ အေတြ႕အႀကဳံရင့္က်က္ၿပီးသား နည္းစနစ္ဒါ႐ိုက္တာတစ္ေယာက္ကို လန္ဒန္ကလပ္နဲ႔အတူ တြဲဖက္ၿပီး ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

စတီးဝပ္ ဟာ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ဘဝကို ဟူးလ္စီးတီးအသင္းရဲ႕ စြမ္းေဆာင္ရည္ ေလ့လာဆန္းစစ္ေရး အႀကီးအကဲအျဖစ္ စတင္တာဝန္ယူခဲ့တာျဖစ္ၿပီး အဲဒီ ေနာက္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

ဒီအဂၤလန္သားဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ ဂ်ာမန္ကလပ္ လစ္ပ္ဇစ္အသင္း ဆီကို မေျပာင္းေ႐ႊ႕ခင္ကာလေတြမွာ မန္စီးတီး၊ အဲဗာတန္တို႔နဲ႔အတူ ေဘာ လုံးေရးရာ ကိစၥေတြမွာ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ခဲ့သူျဖစ္လို႔ ပရီးမီးယား လိဂ္အေၾကာင္းကို ေနာေၾကေနတဲ့ လူတစ္ေယာက္ ျဖစ္ေနပါတယ္။ ဒီအ တြက္ေၾကာင့္လည္း ခ်ဲလ္ဆီးက သူ႔ကို ယုံယုံၾကည္ၾကည္နဲ႔ တာဝန္ အပ္ႏွင္း ခဲ့တာပဲ ျဖစ္ပါတယ္။

ေနာက္ၿပီး စတီးဝပ္ဟာ အရင္တုန္းက ခ်ဲလ္ဆီးအသင္း စိတ္ဝင္စားမႈရွိခဲ့တဲ့ အားကစားဒါ႐ိုက္တာ ေပါလ္မစ္ခ်ဲလ္နဲ႔လည္း အတူတြဲ ဖက္ၿပီး အလုပ္လုပ္ခဲ့ဖူးသူျဖစ္ပါတယ္။

လက္ရွိမွာ စတီးဝပ္ရဲ႕ ကိစၥနဲ႔ပတ္ သက္ၿပီး ခ်ဲလ္ဆီးအသင္းက တရားဝင္ ထုတ္ျပန္တာမ်ိဳး မရွိေသးေပမယ့္ အဂၤလန္အေျခစိုက္ သတင္းဌာန အမ်ားစုက အက်ယ္တဝင့္ ေဖာ္ျပေနၿပီျဖစ္ လို႔ မၾကာခင္မွာ ျမင္ေတြ႕ရဖို႔ ရွိေနၿပီျဖစ္ပါတယ္။