ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းနှစ်ဦးအတွက် အလွမ်းပြေဒိုင်ယာရီ

ဒီရက်ပိုင်း ပရီးမီးယားလိဂ်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့

တိုက်စစ်မှူးဟောင်းတွေအကြောင်း ခေါင်းထဲ
ခဏခဏရောက်နေမိတယ်။
တိတိကျကျဆိုရရင် စပိန်တိုက်စစ်မှူးဟောင်းတွေဖြစ်ပါတယ်။
ဒါကလည်း ဒီရက်ပိုင်း သူတို့ရဲ့မွေးနေ့တွေဆိုတော့
ခေါင်းထဲ သူတို့အကြောင်း ရောက်နေတာဖြစ်နိုင်ပါတယ်။

ဖာနန်ဒိုတောရက်စ်နဲ့ မီချူးတို့ဖြစ်ပါတယ်။
တောရက်စ်က မနေ့ကမှ အသက် ၃၈ နှစ်
ပြည့်ခဲ့တာဖြစ်ပြီး မီချုးဆိုရင် ဒီနေ့မှာ
အသက် ၃၆ နှစ်ပြည့်သွားခဲ့ပါပြီ။
တောရက်စ်ထက်စာရင် မီချုးက နာမည်သိပ်မကြီးပေမယ့်

ဆွမ်ဆီးလို့ ဆိုလိုက်တာနဲ့ မီချုးကို အရင်ဆုံး
ပြေးမြင်ရတဲ့အထိ မီချူးက ပရီးမီးယားလိဂ်ကို ကိုင်လှုပ်ခဲ့ဖူးပါတယ်။
တောရက်စ်က ချဲလ်ဆီး၊ အေစီမီလန်၊ အက်သလက်(ဒုတိယအကြိမ်)နဲ့
ဆာဂန်တိုဆု(ဂျေလိဂ်ကလပ်)တွေမှာ အကောင်းဆုံးပုံစံ
မရခဲ့တာမှန်ပေမယ့် လီဗာပူးမှာတော့ ကမ္ဘာ့အကောင်းဆုံး

တိုက်စစ်မှူးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။
ပြောရရင် တောရက်စ်ဟာ မော်ဒန်ဘောလုံးလောကရဲ့
မြင့်မားတဲ့ Demand ကြောင့် ကောင်းကောင်းမနားရဘဲ
ဒဏ်ရာအကင်းမသေသေးချိန် ကစားရတော့
ခြေစွမ်းတွေပါ လျော့ကျပျောက်ကွယ်သွားပါတယ်။

ဒါပေမဲ့ လီဗာပူးမှာတော့ တောရက်စ်က
ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဆိုတာ
အထင်ရှားဆုံးသက်သေပြခဲ့ပြီး သူ့ရဲ့အတိုးအလှုပ်တွေ၊
သွင်းဂိုးတွေက ဘောလုံးပရိသတ်တွေရဲ့ရင်ထဲ
အခုချိန်အထိ အမှတ်ရနေဆဲပါပဲ။

မီချုးကို အများစုက တစ်ရာသီထတောက်တဲ့
ကောက်ရိုးမီးအဖြစ် သတ်မှတ်ထားပေမယ့်
ဆွမ်ဆီးနဲ့အတူ အောင်မြင်မှုပါ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
မီချူးဟာ ၂၀၁၂ ဇူလိုင်လမှာ ဗယ်လက်ကာနိုကနေ
ဆွမ်ဆီးကို ပေါင် ၂သန်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုကာ

ရောက်လာခဲ့ပြီး ပွဲဦးထွက်မှာပဲ ၂ဂိုးသွင်းကာ ၁ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ အဲဒီရာသီမှာ လိဂ်ဖလားချန်ပီယံဖြစ်စေဖို့
အဓိကနေရာကနေ ခြေစွမ်းပြနိုင်ခဲ့ပြီး ဆွမ်ဆီးအသင်းသမိုင်းတစ်လျှောက်
ပထမဆုံးလိဂ်ဖလားလည်းဖြစ်ခဲ့ပါတယ်။
သူဟာ အဲဒီရာသီမှာ ပြိုင်ပွဲစုံ ၂၂ဂိုးအထိ သွင်းယူကာ

အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ရာသီမှာတော့
ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်
သူလည်း ကမ္ဘာ့ဘောလုံးစင်မြင့်ထက် ပြန်လည်မတက်လှမ်းနိုင်တော့ပါဘူး။

Zawgyi

ပရီးမီးယားလိဂ္တုိက္စစ္မွဴးေဟာင္းႏွစ္ဦးအတြက္ အလြမ္းေျပဒုိင္ယာရီ
ဒီရက္ပိုင္း ပရီးမီးယားလိဂ္မွာ ထင္ေပၚေက်ာ္ၾကားခဲ့တဲ့
တုိက္စစ္မွဴးေဟာင္းေတြအေၾကာင္း ေခါင္းထဲ
ခဏခဏေရာက္ေနမိတယ္။

တိတိက်က်ဆုိရရင္ စပိန္တိုက္စစ္မွဴးေဟာင္းေတြျဖစ္ပါတယ္။
ဒါကလည္း ဒီရက္ပိုင္း သူတုိ႔ရဲ႕ေမြးေန႔ေတြဆိုေတာ့
ေခါင္းထဲ သူတို႔အေၾကာင္း ေရာက္ေနတာျဖစ္ႏိုင္ပါတယ္။
ဖာနန္ဒိုေတာရက္စ္နဲ႔ မီခ်ဴးတို႔ျဖစ္ပါတယ္။
ေတာရက္စ္က မေန႔ကမွ အသက္ ၃၈ နွစ္

ျပည့္ခဲ့တာျဖစ္ၿပီး မီခ်ဳးဆိုရင္ ဒီေန႔မွာ
အသက္ ၃၆ ႏွစ္ျပည့္သြားခဲ့ပါၿပီ။
ေတာရက္စ္ထက္စာရင္ မီခ်ဳးက နာမည္သိပ္မႀကီးေပမယ့္
ဆြမ္ဆီးလုိ႔ ဆုိလုိက္တာနဲ႔ မီခ်ဳးကို အရင္ဆုံး
ေျပးျမင္ရတဲ့အထိ မီခ်ဴးက ပရီးမီးယားလိဂ္ကို ကိုင္လႈပ္ခဲ့ဖူးပါတယ္။

ေတာရက္စ္က ခ်ဲလ္ဆီး၊ ေအစီမီလန္၊ အက္သလက္(ဒုတိယအႀကိမ္)နဲ႔
ဆာဂန္တုိဆု(ေဂ်လိဂ္ကလပ္)ေတြမွာ အေကာင္းဆုံးပုံစံ
မရခဲ့တာမွန္ေပမယ့္ လီဗာပူးမွာေတာ့ ကမၻာ့အေကာင္းဆုံး
တိုက္စစ္မွဴးအျဖစ္ ထင္ေပၚေက်ာ္ၾကားခဲ့ပါတယ္။
ေျပာရရင္ ေတာရက္စ္ဟာ ေမာ္ဒန္ေဘာလုံးေလာကရဲ႕

ျမင့္မားတဲ့ Demand ေၾကာင့္ ေကာင္းေကာင္းမနားရဘဲ
ဒဏ္ရာအကင္းမေသေသးခ်ိန္ ကစားရေတာ့
ေျခစြမ္းေတြပါ ေလ်ာ့က်ေပ်ာက္ကြယ္သြားပါတယ္။
ဒါေပမဲ့ လီဗာပူးမွာေတာ့ ေတာရက္စ္က
ကမၻာ့အေကာင္းဆုံးတိုက္စစ္မွဴးတစ္ေယာက္ဆုိတာ

အထင္ရွားဆုံးသက္ေသျပခဲ့ၿပီး သူ႕ရဲ႕အတုိးအလႈပ္ေတြ၊
သြင္းဂိုးေတြက ေဘာလုံးပရိသတ္ေတြရဲ႕ရင္ထဲ
အခုခ်ိန္အထိ အမွတ္ရေနဆဲပါပဲ။
မီခ်ဳးကို အမ်ားစုက တစ္ရာသီထေတာက္တဲ့
ေကာက္ရိုးမီးအျဖစ္ သတ္မွတ္ထားေပမယ့္

ဆြမ္ဆီးနဲ႔အတူ ေအာင္ျမင္မႈပါ ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။
မီခ်ဴးဟာ ၂၀၁၂ ဇူလိုင္လမွာ ဗယ္လက္ကာႏိုကေန
ဆြမ္ဆီးကို ေပါင္ ၂သန္းနဲ႔ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ
ေရာက္လာခဲ့ၿပီး ပြဲဦးထြက္မွာပဲ ၂ဂိုးသြင္းကာ ၁ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။
သူဟာ အဲဒီရာသီမွာ လိဂ္ဖလားခ်န္ပီယံျဖစ္ေစဖို႔

အဓိကေနရာကေန ေျခစြမ္းျပႏုိင္ခဲ့ၿပီး ဆြမ္ဆီးအသင္းသမိုင္းတစ္ေလွ်ာက္
ပထမဆုံးလိဂ္ဖလားလည္းျဖစ္ခဲ့ပါတယ္။
သူဟာ အဲဒီရာသီမွာ ၿပိဳင္ပြဲစုံ ၂၂ဂိုးအထိ သြင္းယူကာ
အထူးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေနာက္ရာသီမွာေတာ့
ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္

သူလည္း ကမၻာ့ေဘာလုံးစင္ျမင့္ထက္ ျပန္လည္မတက္လွမ္းႏိုင္ေတာ့ပါဘူး။