ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ဒီဘရိုင်းနား ရွေးချယ်ခံရ

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ

ယခုရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး
ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံလိုက်ရပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းနားဟာ
ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်
အကောင်းဆုံးရာသီအဖြစ် ယခုရာသီမှာ ၁၅ဂိုးသွင်းယူကာ

ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဒီဘရိုင်းနားဟာ ၂၀၂၀ ခုနှစ်ကလည်း တစ်နှစ်တာ
အကောင်းဆုံးကစားသမားဆုရရှိခဲ့သလို ယမန်နှစ်ကလည်း
မန်စီးတီးနောက်ခံလူ ဒီယက်စ် အကောင်းဆုံးဆုရရှိခဲ့ရာ
တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နောက်ဆုံး ၃နှစ်ဆက်

စီးတီးအသင်းသားတွေပဲ ရရှိခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ
ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်ဖြစ်နေတဲ့
လီဗာပူးတိုက်စစ်မှူး ဆာလာနဲ့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်တို့
ပါဝင်ခဲ့ပြီး ဆာလာက ဆွန်ဟောင်မင်ထက် ၁ဂိုးအသာနဲ့

ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
ဆန်ခါတင် ၈ ဦးစာရင်းမှာ သူတို့ ၃ယောက်အပြင်
နောက်ခံအစွန်လူတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ အာနိုးလ်၊
ကွင်းလယ်နဲ့ တိုက်စစ်အားသန်ကစားသမားတွေဖြစ်တဲ့
ဘိုဝင်၊ ဆာကာနဲ့ ဝက်ပရောက်စ်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

အကောင်းဆုံးဆုကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်ဒ်ကနေ
ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှု၊ ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်
၂၀ ဦးနဲ့ ဘောလုံးရေးရာကျွမ်းကျင်သူအဖွဲ့တို့က ပူးပေါင်းရွေးချယ်ခဲ့တာပါ။
ဒီဘရိုင်းနားဟာ ယခုလအစောပိုင်းက ဝုဗ်ဘက်ကို
တစ်ဦးတည်း ၄ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အကောင်းဆုံးဆု

ရဖို့ ရေပန်းစားလာတာဖြစ်ပြီး ဒီဘရိုင်းနားက
ပွဲကစားချိန် ၂၄ မိနစ်အတွင်း ၃ဂိုးသွင်းယူခဲ့တာပါ။
မန်စီးတီးကွင်းလယ်တိုက်စစ်သမား ဖိုဒန်ကလည်း
ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး
လူငယ်ကစားသမားဆုကို ၂နှစ်ဆက် ရရှိသွားပါတယ်။

၂၀၂၀-၂၁ ရာသီကလည်း အကောင်းဆုံးလူငယ်ဆု
ရရှိခဲ့တဲ့ ဖိုဒန်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာလည်း
မနှစ်ကအတိုင်း ၉ဂိုးသွင်းကာ၊ ၅ဂိုး ဖန်တီးထားပါတယ်။
ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအတွက်
ဆန်ခါတင်စာရင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့

လီဗာပူးနည်းပြ ကလော့ပ်တို့လည်း ပါဝင်နေပြီး
ဗီအဲရာ၊ အက်ဒီဟိုဝီနဲ့ သောမတ်စ်ဖရန့်ခ်တို့လည်း ပါဝင်ပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပြီး
တကယ်လို့ ချန်ပီယံဖြစ်ခဲ့ရင် ၂၀၀၆-၀၇၊ ၂၀၀၇-၀၈နဲ့
၂၀၀၈-၀၉ရာသီတွေက ယူနိုက်တက် ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း

ပရီးမီးယားလိဂ်မှာ ၃ရာသီဆက် ချန်ပီယံဖြစ်တဲ့
ပထမဆုံးအသင်းအဖြစ် စံချိန်တင်နိုင်မှာပါ။

Zawgyi

ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ဒီဘရိုင္းနား ေရြးခ်ယ္ခံရ
မန္စီးတီးအသင္းကြင္းလယ္လူ ဒီဘရိုင္းနားဟာ
ယခုရာသီ ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံး
ကစားသမားအျဖစ္ ေရြးခ်ယ္ျခင္း ခံလိုက္ရပါတယ္။
ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဒီဘရိုင္းနားဟာ

ကစားသမားဘ၀တစ္ေလွ်ာက္ ပရီးမီးယားလိဂ္
အေကာင္းဆုံးရာသီအျဖစ္ ယခုရာသီမွာ ၁၅ဂိုးသြင္းယူကာ
ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးထားပါတယ္။
ဒီဘရိုင္းနားဟာ ၂၀၂၀ ခုႏွစ္ကလည္း တစ္ႏွစ္တာ
အေကာင္းဆုံးကစားသမားဆုရရွိခဲ့သလို ယမန္ႏွစ္ကလည္း

မန္စီးတီးေနာက္ခံလူ ဒီယက္စ္ အေကာင္းဆုံးဆုရရွိခဲ့ရာ
တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေနာက္ဆုံး ၃ႏွစ္ဆက္
စီးတီးအသင္းသားေတြပဲ ရရွိခဲ့တာျဖစ္ပါတယ္။
အေကာင္းဆုံးဆုအတြက္ ဆန္ခါတင္စာရင္းမွာ
ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဆုအတြက္ အၿပိဳင္ျဖစ္ေနတဲ့

လီဗာပူးတုိက္စစ္မွဴး ဆာလာနဲ႔ စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္တုိ႔
ပါ၀င္ခဲ့ၿပီး ဆာလာက ဆြန္ေဟာင္မင္ထက္ ၁ဂိုးအသာနဲ႔
ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။
ဆန္ခါတင္ ၈ ဦးစာရင္းမွာ သူတုိ႔ ၃ေယာက္အျပင္
ေနာက္ခံအစြန္လူေတြျဖစ္တဲ့ ကန္ဆယ္လုိနဲ႔ အာႏိုးလ္၊

ကြင္းလယ္နဲ႔ တုိက္စစ္အားသန္ကစားသမားေတြျဖစ္တဲ့
ဘို၀င္၊ ဆာကာနဲ႔ ၀က္ပေရာက္စ္တုိ႔လည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။
အေကာင္းဆုံးဆုကို ပရီးမီးယားလိဂ္၀က္ဘ္ဆုိက္ဒ္ကေန
ပရိသတ္ေတြရဲ႕မဲေပးေရြးခ်ယ္မႈ၊ ပရီးမီးယားလိဂ္အသင္းေခါင္းေဆာင္
၂၀ ဦးနဲ႔ ေဘာလုံးေရးရာကၽြမ္းက်င္သူအဖြဲ႕တုိ႔က ပူးေပါင္းေရြးခ်ယ္ခဲ့တာပါ။

ဒီဘရိုင္းနားဟာ ယခုလအေစာပိုင္းက ၀ုဗ္ဘက္ကို
တစ္ဦးတည္း ၄ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ အေကာင္းဆုံးဆု
ရဖုိ႔ ေရပန္းစားလာတာျဖစ္ၿပီး ဒီဘရိုင္းနားက
ပြဲကစားခ်ိန္ ၂၄ မိနစ္အတြင္း ၃ဂိုးသြင္းယူခဲ့တာပါ။
မန္စီးတီးကြင္းလယ္တုိက္စစ္သမား ဖိုဒန္ကလည္း

ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံး
လူငယ္ကစားသမားဆုကို ၂ႏွစ္ဆက္ ရရွိသြားပါတယ္။
၂၀၂၀-၂၁ ရာသီကလည္း အေကာင္းဆုံးလူငယ္ဆု
ရရွိခဲ့တ့ဲ ဖိုဒန္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာလည္း
မႏွစ္ကအတုိင္း ၉ဂိုးသြင္းကာ၊ ၅ဂိုး ဖန္တီးထားပါတယ္။

ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံး နည္းျပဆုအတြက္
ဆန္ခါတင္စာရင္းမွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔
လီဗာပူးနည္းျပ ကေလာ့ပ္တို႔လည္း ပါ၀င္ေနၿပီး
ဗီအဲရာ၊ အက္ဒီဟုိ၀ီနဲ႔ ေသာမတ္စ္ဖရန္႔ခ္တို႔လည္း ပါ၀င္ပါတယ္။
မန္စီးတီးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အေျခအေနေကာင္းေနၿပီး

တကယ္လုိ႔ ခ်န္ပီယံျဖစ္ခဲ့ရင္ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈နဲ႔
၂၀၀၈-၀၉ရာသီေတြက ယူႏုိက္တက္ ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပုိင္း
ပရီးမီးယားလိဂ္မွာ ၃ရာသီဆက္ ခ်န္ပီယံျဖစ္တဲ့
ပထမဆုံးအသင္းအျဖစ္ စံခ်ိန္တင္ႏိုင္မွာပါ။