ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ တစ်ရာသီ ဂိုး၁၀၀ လောက်သွင်းနိုင်ရလိမ့်မယ်လို့ အာတီတာ တိုက်တွန်း

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေနဲ့

တန်းတူယှဉ်ပြိုင်နိုင်ရေးအတွက် တစ်ရာသီ အနည်းဆုံး
သွင်းဂိုး ၉၀ ကနေ ၁၀၀ ကြားသွင်းယူနိုင်ဖို့ လိုအပ်ကြောင်း
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ အခုနောက်ပိုင်းမှာ ရလဒ်တွေကောင်းမွန်လာပေမယ့်
ဗုဒ္ဓဟူးနေ့က ချန်ပီယံဆုစိန်ခေါ်နေတဲ့ လီဗာပူးကို

ဝ-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရာ ချန်ပီယံဆုစိန်ခေါ်နေတဲ့အသင်းနဲ့
အာဆင်နယ်ကြား ကွာဟချက်က ကြီးမားနေဆဲဖြစ်တာကို တွေ့မြင်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံး ၃သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးနဲ့
ချဲလ်ဆီးတို့က အာတီတာ လိုချင်တဲ့ဂိုးအရေအတွက်ကို
ကျော်သွားပြီဖြစ်ပေမယ့် အာဆင်နယ်ကတော့ ပြိုင်ပွဲစုံ

၅၉ ဂိုးပဲ သွင်းယူထားနိုင်ပြီး အဲဒီထဲမှာ
ပရီးမီးယားလိဂ်သွင်းဂိုးက ၄၃ဂိုး ပါဝင်ပါတယ်။
လက်ရှိဂိုးသွင်းနှုန်းအတိုင်းဆိုရင် အာဆင်နယ်ဟာ
ရာသီအကုန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆၀ပဲ
ရှိလာနိုင်ပြီး လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ

လီဗာပူးက ၇၅ဂိုး၊ မန်စီးတီးက ၆၈ဂိုးနဲ့
ချဲလ်ဆီးက ၅၇ ဂိုးသွင်းယူထားပါတယ်။
အာတီတာရဲ့မှတ်ချက်နဲ့အတူ အာဆင်နယ်ဟာ
လာမယ့်နွေရာသီမှာ တိုက်စစ်ပိုင်းဖြည့်တင်းဖို့
ပြင်ဆင်နေပြီး အဲဗာတန်တိုက်စစ်မှူး

ကယ်လ်ဗက်လီဝင်နဲ့ ဆိုစီဒက်တိုက်စစ်မှူး
အီဆက်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
”ဒီရာသီမှာ ထိပ်တန်းအသင်းတွေနဲ့ အားပြိုင်ချင်ရင်
တိုက်စစ်ပိုင်းက အနည်းဆုံးသွင်းဂိုး ၉၀ ကနေ ၁၀၀ ကြား
သွင်းနိုင်ဖို့ လိုအပ်ပါတယ်။

ဘယ်လိုဖြစ်လို့ လိုတာလဲဆိုတာ ကျွန်တော့်ကို
မမေးပါနဲ့။ ဒါပေမဲ့ လိုအပ်တာကတော့ အမှန်ပါပဲ”လို့
စပိန်နိုင်ငံသား အာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ ကယ်လ်ဗက်လီဝင်နဲ့ အီဆက်တို့အပြင်
လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်၊ လီယွန်တိုက်စစ်မှူး

မူဆာဒမ်ဘီလီနဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာ
(ဆောက်သမ်တန်မှာ အငှားကစားနေ)တို့ကို
ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းရဲ့လက်ရှိထိပ်တန်းဂိုးသွင်းဘုရင်က
၁၀ ဂိုးသွင်းထားတဲ့ ကွင်းလယ်တိုက်စစ်သမား စမစ်ရိုဖြစ်ပြီး

ဆာကာက ၉ဂိုး၊ လာကာဇက်က ၆ဂိုးနဲ့ အန်ကီတီးယား၊ မာတင်နယ်လီနဲ့
အိုဒီဂတ်တို့က ၅ဂိုးစီ သွင်းယူထားပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏုိင္ဖို႔ တစ္ရာသီ ဂိုး၁၀၀ ေလာက္သြင္းႏိုင္ရလိမ့္မယ္လို႔ အာတီတာ တုိက္တြန္း
အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြနဲ႔
တန္းတူယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ တစ္ရာသီ အနည္းဆုံး
သြင္းဂိုး ၉၀ ကေန ၁၀၀ ၾကားသြင္းယူႏိုင္ဖို႔ လိုအပ္ေၾကာင္း
အာဆင္နယ္အသင္းနည္းျပ အာတီတာက ေျပာပါတယ္။

အာဆင္နယ္ဟာ အခုေနာက္ပိုင္းမွာ ရလဒ္ေတြေကာင္းမြန္လာေပမယ့္
ဗုဒၶဟူးေန႔က ခ်န္ပီယံဆုစိန္ေခၚေနတဲ့ လီဗာပူးကို
၀-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရာ ခ်န္ပီယံဆုစိန္ေခၚေနတဲ့အသင္းနဲ႔
အာဆင္နယ္ၾကား ကြာဟခ်က္က ႀကီးမားေနဆဲျဖစ္တာကို ေတြ႕ျမင္ခဲ့ရပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ထိပ္ဆုံး ၃သင္းျဖစ္တဲ့ လီဗာပူး၊ မန္စီးတီးနဲ႔

ခ်ဲလ္ဆီးတုိ႔က အာတီတာ လုိခ်င္တဲ့ဂိုးအေရအတြက္ကို
ေက်ာ္သြားၿပီျဖစ္ေပမယ့္ အာဆင္နယ္ကေတာ့ ၿပိဳင္ပြဲစုံ
၅၉ ဂိုးပဲ သြင္းယူထားႏိုင္ၿပီး အဲဒီထဲမွာ
ပရီးမီးယားလိဂ္သြင္းဂိုးက ၄၃ဂိုး ပါ၀င္ပါတယ္။
လက္ရွိဂိုးသြင္းႏႈန္းအတုိင္းဆုိရင္ အာဆင္နယ္ဟာ

ရာသီအကုန္မွာ ပရီးမီးယားလိဂ္သြင္းဂိုး ၆၀ပဲ
ရွိလာႏိုင္ၿပီး လက္ရွိအခ်ိန္ ပရီးမီးယားလိဂ္မွာ
လီဗာပူးက ၇၅ဂိုး၊ မန္စီးတီးက ၆၈ဂိုးနဲ႔
ခ်ဲလ္ဆီးက ၅၇ ဂိုးသြင္းယူထားပါတယ္။
အာတီတာရဲ႕မွတ္ခ်က္နဲ႔အတူ အာဆင္နယ္ဟာ

လာမယ့္ေႏြရာသီမွာ တုိက္စစ္ပိုင္းျဖည့္တင္းဖို႔
ျပင္ဆင္ေနၿပီး အဲဗာတန္တုိက္စစ္မွဴး
ကယ္လ္ဗက္လီ၀င္နဲ႔ ဆုိစီဒက္တုိက္စစ္မွဴး
အီဆက္တုိ႔ကို ေခၚယူဖုိ႔ ပစ္မွတ္ထားေနပါတယ္။
”ဒီရာသီမွာ ထိပ္တန္းအသင္းေတြနဲ႔ အားၿပိဳင္ခ်င္ရင္

တုိက္စစ္ပိုင္းက အနည္းဆုံးသြင္းဂိုး ၉၀ ကေန ၁၀၀ ၾကား
သြင္းႏိုင္ဖို႔ လိုအပ္ပါတယ္။
ဘယ္လုိျဖစ္လို႔ လိုတာလဲဆုိတာ ကၽြန္ေတာ့္ကို
မေမးပါနဲ႔။ ဒါေပမဲ့ လိုအပ္တာကေတာ့ အမွန္ပါပဲ”လုိ႔
စပိန္ႏိုင္ငံသား အာတီတာက ေျပာပါတယ္။

အာဆင္နယ္ဟာ ကယ္လ္ဗက္လီ၀င္နဲ႔ အီဆက္တုိ႔အျပင္
လုိင္လီတုိက္စစ္မွဴး ဂ်ိဳနသန္ေဒးဗစ္၊ လီယြန္တုိက္စစ္မွဴး
မူဆာဒမ္ဘီလီနဲ႔ ခ်ဲလ္ဆီးတုိက္စစ္မွဴး ဘရိုဂ်ာ
(ေဆာက္သမ္တန္မွာ အငွားကစားေန)တုိ႔ကို
ေခၚယူဖုိ႔ ဆက္သြယ္ခ်ဥ္းကပ္ေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။

အာဆင္နယ္အသင္းရဲဲ႕လက္ရွိထိပ္တန္းဂိုးသြင္းဘုရင္က
၁၀ ဂိုးသြင္းထားတဲ့ ကြင္းလယ္တုိက္စစ္သမား စမစ္ရိုျဖစ္ၿပီး
ဆာကာက ၉ဂိုး၊ လာကာဇက္က ၆ဂိုးနဲ႔ အန္ကီတီးယား၊ မာတင္နယ္လီနဲ႔
အုိဒီဂတ္တုိ႔က ၅ဂိုးစီ သြင္းယူထားပါတယ္။