ပရီးမီးယားလိဂ်က လာလီဂါထက်သာကြောင်း ဗာရန်းပြောဆို

ယူနိုက်တက်မှာ ၁၂ပွဲတည်းကစားရပြီးတဲ့နောက် ပရီးမီးယားလိဂ်ဟာ

ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ကြောင်းရာဖေးလ်ဗာရန်းက ဝန်ခံခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလား ၄လုံး၊ လာလီဂါချန်ပီယံ ၃ကြိမ်ရခဲ့တဲ့

ရီးရဲလ်မက်ဒရစ်အသင်းကနေ လွန်ခဲ့တဲ့နွေရာသီဈေးကွက်တုန်းက

ပေါင် ၃၅ သန်းတန်အပြောင်းအရွှေ့နဲ့

ယူနိုက်တက်ကို ဗာရန်းရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး၊

အခက်အခဲအကြမ်းတမ်းဆုံးဖြစ်တယ်ဆိုတာ၊

လာလီဂါထက်သာတယ်ဆိုတာ ဗာရန်းက လက်ခံခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းက ယူနိုက်တက်တို့ဟာ

ပွဲပြီးခါနီး ၁၃မိနစ်အလိုအထိ အက်စ်တန်ဗီလာတို့ကို ၂-၀ နဲ့ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမဲ့ ပွဲအပြီးမှာတော့ ၂-၂ နဲ့သရေကျသွားခဲ့ပါတယ်။

အာရုံစူးစိုက်မှုအပိုင်းမှာ အသင်းလိုက်ပျက်ကွက်ခြင်းက

ပရီးမီးယားလိဂ်မှာ အန္တရာယ်များကြောင်း ဗာရန်းက ယုံကြည်ပါတယ်။

“ပွဲတွေက အရမ်းကိုကွဲပြားခြားနားပါတယ်။

ခင်ဗျားက သက်သောင့်သက်သာနေလို့မရနိုင်ပါဘူး။

ခင်ဗျားက ပွဲတစ်ပွဲကိုနိုင်နေနိုင်ပြီး ကစားဖို့

ဆယ်မိနစ်လောက်ကျန်နေသေးတယ်ဆိုရင် ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်”

“ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာအကောင်းဆုံးလိဂ်ဖြစ်တယ်လို့

ကျွန်တော်ထင်ပြီး သူ့ရဲ့ပြင်းထန်မှုက လုံးဝကိုအမေးဇင်းပါပဲ။

ထိပ်တန်းအရည်အသွေးနဲ့ကစားသမားတွေ အသင်းတိုင်းမှာရှိနေကြတယ်။

နည်းစနစ်ပိုင်းအားဖြင့်လည်း၊ သူက အရမ်းကိုမြင့်မားတဲ့လယ်ဗယ်တစ်ခုဖြစ်ပြီး

နေရာအစုံက ကစားသမားနဲ့နည်းပြအများအပြား ဒီမှာရှိနေကြတယ်။”

“ဒီတော့ ဒါက မတူကွဲပြားတဲ့ယဉ်ကျေးမှုများနဲ့ မတူညီတဲ့ကစားသမားများနဲ့

စိတ်ဓါတ်ရေးရာစတိုင်တွေ ရာနှောမှုတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီလိဂ်ကထိပ်ဆုံးမှာဖြစ်နေတာလို့ ကျွန်တော်ထင်ပါတယ်။

ဘာလို့လဲဆိုတော့ သူက နေရာတိုင်းက

အကောင်းဆုံးတွေရှိနေတာကိုး” လို့ ဗာရန်းက ပြောဆိုပါတယ်။

zawgyi

ပရီးမီးယားလိဂ္က လာလီဂါထက္သာေၾကာင္း ဗာရန္းေျပာဆို

ယူႏိုက္တက္မွာ ၁၂ပြဲတည္းကစားရၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္ဟာ

ကမာၻ႔အေကာင္းဆုံးလိဂ္ျဖစ္ေၾကာင္းရာေဖးလ္ဗာရန္းက ဝန္ခံခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဖလား ၄လုံး၊ လာလီဂါခ်န္ပီယံ ၃ႀကိမ္ရခဲ့တဲ့

ရီးရဲလ္မက္ဒရစ္အသင္းကေန လြန္ခဲ့တဲ့ေႏြရာသီေဈးကြက္တုန္းက

ေပါင္ ၃၅ သန္းတန္အေျပာင္းအေ႐ႊ႕နဲ႔

ယူႏိုက္တက္ကို ဗာရန္းေရာက္လာခဲ့ပါတယ္။

ဒါေပမဲ့ ပရီးမီးယားလိဂ္ဟာ ကမာၻ႔အေကာင္းဆုံး၊

အခက္အခဲအၾကမ္းတမ္းဆုံးျဖစ္တယ္ဆိုတာ၊

လာလီဂါထက္သာတယ္ဆိုတာ ဗာရန္းက လက္ခံခဲ့ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္တုန္းက ယူႏိုက္တက္တို႔ဟာ

ပြဲၿပီးခါနီး ၁၃မိနစ္အလိုအထိ အက္စ္တန္ဗီလာတို႔ကို ၂-၀ နဲ႔ဦးေဆာင္ေနခဲ့ပါတယ္။

ဒါေပမဲ့ ပြဲအၿပီးမွာေတာ့ ၂-၂ နဲ႔သေရက်သြားခဲ့ပါတယ္။

အာ႐ုံစူးစိုက္မႈအပိုင္းမွာ အသင္းလိုက္ပ်က္ကြက္ျခင္းက

ပရီးမီးယားလိဂ္မွာ အႏၲရာယ္မ်ားေၾကာင္း ဗာရန္းက ယုံၾကည္ပါတယ္။

“ပြဲေတြက အရမ္းကိုကြဲျပားျခားနားပါတယ္။

ခင္ဗ်ားက သက္ေသာင့္သက္သာေနလို႔မရႏိုင္ပါဘူး။

ခင္ဗ်ားက ပြဲတစ္ပြဲကိုႏိုင္ေနႏိုင္ၿပီး ကစားဖို႔

ဆယ္မိနစ္ေလာက္က်န္ေနေသးတယ္ဆိုရင္ ဘာမဆိုျဖစ္သြားႏိုင္ပါေသးတယ္”

“ပရီးမီးယားလိဂ္က ကမာၻေပၚမွာအေကာင္းဆုံးလိဂ္ျဖစ္တယ္လို႔

ကြၽန္ေတာ္ထင္ၿပီး သူ႔ရဲ႕ျပင္းထန္မႈက လုံးဝကိုအေမးဇင္းပါပဲ။

ထိပ္တန္းအရည္အေသြးနဲ႔ကစားသမားေတြ အသင္းတိုင္းမွာရွိေနၾကတယ္။

နည္းစနစ္ပိုင္းအားျဖင့္လည္း၊ သူက အရမ္းကိုျမင့္မားတဲ့လယ္ဗယ္တစ္ခုျဖစ္ၿပီး

ေနရာအစုံက ကစားသမားနဲ႔နည္းျပအမ်ားအျပား ဒီမွာရွိေနၾကတယ္။”

“ဒီေတာ့ ဒါက မတူကြဲျပားတဲ့ယဥ္ေက်းမႈမ်ားနဲ႔ မတူညီတဲ့ကစားသမားမ်ားနဲ႔

စိတ္ဓါတ္ေရးရာစတိုင္ေတြ ရာေႏွာမႈတစ္ခုျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဒီလိဂ္ကထိပ္ဆုံးမွာျဖစ္ေနတာလို႔ ကြၽန္ေတာ္ထင္ပါတယ္။

ဘာလို႔လဲဆိုေတာ့ သူက ေနရာတိုင္းက

အေကာင္းဆုံးေတြရွိေနတာကိုး” လို႔ ဗာရန္းက ေျပာဆိုပါတယ္။