ပရီးမီးယားလိဂ်ကို အံ့ဖွယ်ပြန်လာဖို့ ကွန်တီနဲ့ ဆွေးနွေးတော့မယ့် တေဗက်ဇ်

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလို့စ်တေဗက်ဇ်ဟာ

ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ်ပြန်လာရေးအတွက်
လာမယ့်အပတ်အတွင်း စပါးအသင်းနည်းပြ ကွန်တီနဲ့
ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မန်စီးတီး၊ ယူနိုက်တက်နဲ့
ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း တေဗက်ဇ်ဟာ ဇူလိုင်လက

ဘိုကာဂျူနီယာနဲ့ လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့
ဖြစ်နေခဲ့ပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ
တရားဝင်အနားယူတာမျိုး မလုပ်ရသေးပါဘူး။
တေဗက်ဇ်ဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့
ဝက်စ်ဟမ်း၊ ယူနိုက်တက်နဲ့ မန်စီးတီးတို့မှာ ကစားခဲ့ဖူးပေမယ့်

၂၀၁၃ ခုနှစ်က မန်စီးတီးကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း
ပရီးမီးယားလိဂ်ရပ်ဝန်းနဲ့ ဝေးကွာနေရခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ အီတလီသတင်းဌာန Corriere dello Sport ရဲ့ဖော်ပြချက်အရ
တေဗက်ဇ်ဟာ ပရီးမီးယားလိဂ်ကို မထင်မှတ်ဘဲ ပြန်ရောက်လာနိုင်ပြီး
နောက်တစ်ပတ်ထဲကျရင် စပါးအသင်းရဲ့ ထရိန်နင်စင်တာမှာ

နည်းပြ ကွန်တီပါဝင်တဲ့ စပါးအသင်းနည်းပြအဖွဲ့နဲ့
တွေ့ဆုံဖွယ်ရှိနေကြောင်း သိရပါတယ်။
ကွန်တီဟာ ဂျူဗင်တပ်စ်နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်
၂၀၁၃ မှာ တေဗက်ဇ်ကို မန်စီးတီးကနေ
ခေါ်ယူခဲ့သူဖြစ်ပြီး တူရင်မှာ သူတို့နှစ်ယောက်

တစ်ရာသီပဲ လက်တွဲခဲ့ရကာ ကွန်တီက
အီတလီအသင်းကို ပြောင်းလဲတာဝန်ယူခဲ့တာပါ။
တေဗက်ဇ်ဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား
၂ကြိမ်၊ မန်စီးတီးနဲ့အတူ ၁ကြိမ် ရရှိခဲ့ဖူးပြီး အခုတော့
စပါးနဲ့အတူ ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားဖွယ်ရှိနေပါတယ်။

တေဗက်ဇ်ဟာ အီတလီကလပ်အသင်းအများစုရဲ့
ထရိန်နင်စင်တာတွေကိုလည်း သွားရောက်ခဲ့ရာ
စီးရီးအေကို ပြန်ရောက်လာနိုင်တယ်လို့လည်း တချို့သတင်းတွေက သုံးသပ်နေပါတယ်။
တေဗက်ဇ်ဟာ ဂျူဗင်တပ်စ်၊ အင်တာနဲ့ အေစီမီလန်အသင်းတွေဆီ
သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး မေဂျာလိဂ်ကိုလည်း

ရောက်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အနက်
ဒီစီယူနိုက်တက်၊ မင်နီဆိုးတားနဲ့ အော်လန်ဒိုစီးတီးအသင်းတို့က
သူ့ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ကို အံ့ဖြယ္ျပန္လာဖို႔ ကြန္တီနဲ႔ ေဆြးေႏြးေတာ့မယ့္ ေတဗက္ဇ္
အာဂ်င္တီးနားတုိက္စစ္မွဴးေဟာင္း ကားလုိ႔စ္ေတဗက္ဇ္ဟာ
ပရီးမီးယားလိဂ္ကို အံ့အားသင့္ဖြယ္ျပန္လာေရးအတြက္
လာမယ့္အပတ္အတြင္း စပါးအသင္းနည္းျပ ကြန္တီနဲ႔

ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အသက္ ၃၈ ႏွစ္အရြယ္ရွိ မန္စီးတီး၊ ယူႏုိက္တက္နဲ႔
၀က္စ္ဟမ္းတုိက္စစ္မွဴးေဟာင္း ေတဗက္ဇ္ဟာ ဇူလိုင္လက
ဘိုကာဂ်ဴနီယာနဲ႔ လမ္းခြဲခဲ့ၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့
ျဖစ္ေနခဲ့ေပမယ့္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန

တရား၀င္အနားယူတာမ်ိဳး မလုပ္ရေသးပါဘူး။
ေတဗက္ဇ္ဟာ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့
၀က္စ္ဟမ္း၊ ယူႏုိက္တက္နဲ႔ မန္စီးတီးတုိ႔မွာ ကစားခဲ့ဖူးေပမယ့္
၂၀၁၃ ခုႏွစ္က မန္စီးတီးကေန ထြက္ခြာခဲ့ၿပီးေနာက္ပိုင္း
ပရီးမီးယားလိဂ္ရပ္၀န္းနဲ႔ ေ၀းကြာေနရခဲ့ရတာျဖစ္ပါတယ္။

ဒါေပမဲ့ အီတလီသတင္းဌာန Corriere dello Sport ရဲ႕ေဖာ္ျပခ်က္အရ
ေတဗက္ဇ္ဟာ ပရီးမီးယားလိဂ္ကို မထင္မွတ္ဘဲ ျပန္ေရာက္လာႏိုင္ၿပီး
ေနာက္တစ္ပတ္ထဲက်ရင္ စပါးအသင္းရဲ႕ ထရိန္နင္စင္တာမွာ
နည္းျပ ကြန္တီပါ၀င္တဲ့ စပါးအသင္းနည္းျပအဖြဲ႕နဲ႔
ေတြ႕ဆုံဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ကြန္တီဟာ ဂ်ဴဗင္တပ္စ္နည္းျပအျဖစ္ တာ၀န္ယူခဲ့စဥ္
၂၀၁၃ မွာ ေတဗက္ဇ္ကို မန္စီးတီးကေန
ေခၚယူခဲ့သူျဖစ္ၿပီး တူရင္မွာ သူတို႔ႏွစ္ေယာက္
တစ္ရာသီပဲ လက္တြဲခဲ့ရကာ ကြန္တီက
အီတလီအသင္းကို ေျပာင္းလဲတာ၀န္ယူခဲ့တာပါ။

ေတဗက္ဇ္ဟာ ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလား
၂ႀကိမ္၊ မန္စီးတီးနဲ႔အတူ ၁ႀကိမ္ ရရွိခဲ့ဖူးၿပီး အခုေတာ့
စပါးနဲ႔အတူ ပရီးမီးယားလိဂ္မွာ ျပန္လည္ကစားဖြယ္ရွိေနပါတယ္။
ေတဗက္ဇ္ဟာ အီတလီကလပ္အသင္းအမ်ားစုရဲ႕
ထရိန္နင္စင္တာေတြကိုလည္း သြားေရာက္ခဲ့ရာ

စီးရီးေအကို ျပန္ေရာက္လာႏုိင္တယ္လုိ႔လည္း တခ်ိဳ႕သတင္းေတြက သုံးသပ္ေနပါတယ္။
ေတဗက္ဇ္ဟာ ဂ်ဴဗင္တပ္စ္၊ အင္တာနဲ႔ ေအစီမီလန္အသင္းေတြဆီ
သြားေရာက္လည္ပတ္ခဲ့တာျဖစ္ၿပီး ေမဂ်ာလိဂ္ကိုလည္း
ေရာက္ႏိုင္တယ္လုိ႔ သတင္းေတြထြက္ေပၚေနတဲ့အနက္
ဒီစီယူႏုိက္တက္၊ မင္နီဆုိးတားနဲ႔ ေအာ္လန္ဒုိစီးတီးအသင္းတုိ႔က

သူ႔ကို ေခၚယူဖုိ႔ အၿပိဳင္စိတ္၀င္စားေနပါတယ္။