ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့် ကော်တင်ဟို

အဲဗာတန်အသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း

ဖလိပီ ကော်တင်ညိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့

အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားအနေနဲ့ ၂၀၁၈ ခုနှစ်

တုန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် အန်ဖီးလ်ကို စွန့်ခွါသွားခဲ့

တာဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့မှာ သူ့ရဲ့ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၀၅ သန်းက

ဘောလုံးသမိုင်းမှာ တတိယမြောက် ဈေးအကြီးဆုံးအပြောင်းအရွှေ့အဖြစ်

မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။

ဘရာဇီးလ်သားအနေနဲ့ နူးကမ့်မှာ ၃ ရာသီခွဲကျော်ကြာတဲ့အထိ ကစားခဲ့တဲ့

ကာလအတွင်း သူ့အတွက် ပေးချေခဲ့ရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုး

ပြသနိုင်ဖို့အတွက် ပျက်ကွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့မြင့်မားတဲ့

လုပ်ခလစာက အသင်းအတွက် ဝန်ပိစေတာပဲ အဖတ်တင်နေတာပါ။
ဘာစီလိုနာအသင်းရဲ့ နည်းပြချုပ် ရှာဗီအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့

ကာလမှာ အသင်းရဲ့တိုက်စစ်အတွက် ရွေးချယ်စရာတွေကို တိုးမြှင့်လိုနေပေမယ့်

ကာတာလန်ကလပ်အနေနဲ့ လာလီဂါရဲ့ လစာငွေပေးချေမှု စည်းမျဉ်းတွေကြောင့်

အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်မှဖြစ်မယ့် အနေအထားတွေကို

ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ညိုကို ရောင်းထုတ်သွားဖို့အတွက် ဆန္ဒရှိ

နေပြီး ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမားအနေနဲ့ ကာတာလန်ကလပ်နဲ့

စာချုပ်သက်တမ်းက ၂ နှစ်အထိ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေအများကြီးအနေနဲ့ ကော်တင်ညိုကို ခေါ်ယူဖို့အတွက်

လိုက်လံချိတ်ဆက်နေကြပြီး အဆိုပါအသင်းတွေထဲမှာ စပါးစ်အသင်းနဲ့ မကြာ

သေးမီကမှ ပိုင်ရှင်သစ်ကြောင့် ငွေကြေးအင်အားတောင့်တင်းလာခဲ့တဲ့ နယူးကာဆဲလ်

အသင်းတို့ပါ ပါဝင်နေတယ်လို့ သိရပါတယ်။
AS သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစား

သမားကို ခေါ်ယူဖို့အတွက် အပြိုင်ကြိုးစားနေကြတဲ့ထဲမှာ အဲဗာတန်အသင်းပါ

ပါဝင်လာခဲ့တယ်လို့ သိရပြီး ကော်တင်ညိုရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အဲဗာတန်

အသင်းနဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။

အဲဗာတန်အသင်းက ကော်တင်ညိုရဲ့ အသင်းဟောင်း လီဗာပူးလ်အသင်းရဲ့ ခါးသီး

မြို့ခံပြိုင်ဘက်ဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ်အသင်းရဲ့ မန်နေဂျာဟောင်း

ရာဖဲလ် ဘန်နီတက်ဇ်အနေနဲ့ မန်နေဂျာအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့

အသင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား

ဖာရန်း‌ တောရက်စ်နဲ့ အပြောင်းအရွှေ့ကိစ္စကို လာမယ့်ရက်ပိုင်းအတွင်း အပြီး

သတ်ဖို့အတွက် မျှော်လင့်နေပေမယ့် သူတို့အနေနဲ့ အသင်းရဲ့ ကစားသမားတွေကို

မရောင်းချဘဲနဲ့ တောရက်စ်ကို အသင်းရဲ့ လူစာရင်းထဲ ထည့်လို့ရမှာမဟုတ်ဘူးလို့

BBC Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ တောရက်စ်အတွက် မန်ချက်စတာစီးတီးအသင်းကို

ယူရို ၅၅ သန်း (ပေါင် ၄၆.၇)သန်းအပြင် အပိုဆုကြေး ယူရို ၁၀ သန်း(ပေါင် ၈.၅)သန်း

ပေးချေဖို့အတွက် သဘောတူညီခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ အဆိုပါ

ပမာဏကို ပေးချေနိုင်မယ့် တစ်နည်းတည်းသောနည်းလမ်းကတော့ ဘဏ်ချေးငွေနဲ့

ပေးချေဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ဘာစီလိုနာအသင်းအနေနဲ့ ပထမအသင်းက ကစားသမား ၇ ယောက်

ကျော်အထိ ရောင်းထုတ်ပြီး ငွေကြေးပြန်လည်ရရှိအောင် ဖန်တီးလိုနေတာလည်း

ဖြစ်သလို ကော်တင်ညိုအပြင် နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစား

သမား ဖရန်ကီ ဒီယွန်းကို ရောင်းချဖို့အတွက် စီစဉ်နေတာလည်း ဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ကို ျပန္လာေတာ့မယ့္ ေကာ္တင္ဟို

အဲဗာတန္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း

ဖလိပီ ေကာ္တင္ညိဳကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူဖို႔

အတြက္ စိတ္ဝင္စားမႈေတြ ရွိေနတယ္လို႔ စပိန္သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္တိုက္စစ္ကစားသမားအေနနဲ႔ ၂၀၁၈ ခုႏွစ္

တုန္းက ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ အန္ဖီးလ္ကို စြန႔္ခြါသြားခဲ့

တာျဖစ္ၿပီး အဆိုပါအေျပာင္းအေ႐ႊ႕မွာ သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၁၀၅ သန္းက

ေဘာလုံးသမိုင္းမွာ တတိယေျမာက္ ေဈးအႀကီးဆုံးအေျပာင္းအေ႐ႊ႕အျဖစ္

မွတ္တမ္းဝင္သြားေစခဲ့ပါတယ္။
ဘရာဇီးလ္သားအေနနဲ႔ ႏူးကမ့္မွာ ၃ ရာသီခြဲေက်ာ္ၾကာတဲ့အထိ ကစားခဲ့တဲ့

ကာလအတြင္း သူ႔အတြက္ ေပးေခ်ခဲ့ရတဲ့ ေဈးႏႈန္းနဲ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး

ျပသႏိုင္ဖို႔အတြက္ ပ်က္ကြက္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ျမင့္မားတဲ့

လုပ္ခလစာက အသင္းအတြက္ ဝန္ပိေစတာပဲ အဖတ္တင္ေနတာပါ။
ဘာစီလိုနာအသင္းရဲ႕ နည္းျပခ်ဳပ္ ရွာဗီအေနနဲ႔ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ကာလမွာ အသင္းရဲ႕တိုက္စစ္အတြက္ ေ႐ြးခ်ယ္စရာေတြကို တိုးျမႇင့္လိုေနေပမယ့္

ကာတာလန္ကလပ္အေနနဲ႔ လာလီဂါရဲ႕ လစာေငြေပးေခ်မႈ စည္းမ်ဥ္းေတြေၾကာင့္

အသင္းရဲ႕ ကစားသမားေတြကို ေရာင္းထုတ္မွျဖစ္မယ့္ အေနအထားေတြကို

ရင္ဆိုင္ေနရတာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ေကာ္တင္ညိဳကို ေရာင္းထုတ္သြားဖို႔အတြက္ ဆႏၵရွိ

ေနၿပီး ဘရာဇီးလ္ကြင္းလယ္တိုက္စစ္ကစားသမားအေနနဲ႔ ကာတာလန္ကလပ္နဲ႔

စာခ်ဳပ္သက္တမ္းက ၂ ႏွစ္အထိ က်န္ရွိေနေသးတာလည္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြအမ်ားႀကီးအေနနဲ႔ ေကာ္တင္ညိဳကို ေခၚယူဖို႔အတြက္

လိုက္လံခ်ိတ္ဆက္ေနၾကၿပီး အဆိုပါအသင္းေတြထဲမွာ စပါးစ္အသင္းနဲ႔ မၾကာ

ေသးမီကမွ ပိုင္ရွင္သစ္ေၾကာင့္ ေငြေၾကးအင္အားေတာင့္တင္းလာခဲ့တဲ့ နယူးကာဆဲလ္

အသင္းတို႔ပါ ပါဝင္ေနတယ္လို႔ သိရပါတယ္။
AS သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစား

သမားကို ေခၚယူဖို႔အတြက္ အၿပိဳင္ႀကိဳးစားေနၾကတဲ့ထဲမွာ အဲဗာတန္အသင္းပါ

ပါဝင္လာခဲ့တယ္လို႔ သိရၿပီး ေကာ္တင္ညိဳရဲ႕ ကိုယ္စားလွယ္ေတြအေနနဲ႔ အဲဗာတန္

အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြရွိေနတယ္လို႔ သတင္းေတြထြက္လာခဲ့ပါတယ္။
အဲဗာတန္အသင္းက ေကာ္တင္ညိဳရဲ႕ အသင္းေဟာင္း လီဗာပူးလ္အသင္းရဲ႕ ခါးသီး

ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္ၿပီး လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းရဲ႕ မန္ေနဂ်ာေဟာင္း

ရာဖဲလ္ ဘန္နီတက္ဇ္အေနနဲ႔ မန္ေနဂ်ာအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတဲ့

အသင္းလည္း ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္ကစားသမား

ဖာရန္း‌ ေတာရက္စ္နဲ႔ အေျပာင္းအေ႐ႊ႕ကိစၥကို လာမယ့္ရက္ပိုင္းအတြင္း အၿပီး

သတ္ဖို႔အတြက္ ေမွ်ာ္လင့္ေနေပမယ့္ သူတို႔အေနနဲ႔ အသင္းရဲ႕ ကစားသမားေတြကို

မေရာင္းခ်ဘဲနဲ႔ ေတာရက္စ္ကို အသင္းရဲ႕ လူစာရင္းထဲ ထည့္လို႔ရမွာမဟုတ္ဘူးလို႔

BBC Sport သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ေတာရက္စ္အတြက္ မန္ခ်က္စတာစီးတီးအသင္းကို

ယူ႐ို ၅၅ သန္း (ေပါင္ ၄၆.၇)သန္းအျပင္ အပိုဆုေၾကး ယူ႐ို ၁၀ သန္း(ေပါင္ ၈.၅)သန္း

ေပးေခ်ဖို႔အတြက္ သေဘာတူညီခဲ့တာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းအေနနဲ႔ အဆိုပါ

ပမာဏကို ေပးေခ်ႏိုင္မယ့္ တစ္နည္းတည္းေသာနည္းလမ္းကေတာ့ ဘဏ္ေခ်းေငြနဲ႔

ေပးေခ်ဖို႔ပဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္လည္း ဘာစီလိုနာအသင္းအေနနဲ႔ ပထမအသင္းက ကစားသမား ၇ ေယာက္

ေက်ာ္အထိ ေရာင္းထုတ္ၿပီး ေငြေၾကးျပန္လည္ရရွိေအာင္ ဖန္တီးလိုေနတာလည္း

ျဖစ္သလို ေကာ္တင္ညိဳအျပင္ နယ္သာလန္လက္ေ႐ြးစင္အသင္းရဲ႕ ကြင္းလယ္ကစား

သမား ဖရန္ကီ ဒီယြန္းကို ေရာင္းခ်ဖို႔အတြက္ စီစဥ္ေနတာလည္း ျဖစ္ပါတယ္။