ပရီးမီးယားလိဂ်ကလပ်တွေရဲ့တန်ဖိုးဘယ်လောက်ရှိသလဲ၊ ဘယ်အသင်းတန်ဖိုးအမြင့်ဆုံးလဲ

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အင်္ဂလိပ်ဘောလုံးလောကနဲ့ဗဟိုချက်တစ်ခုအဖြစ်အရမ်းကို တိုးတက်လာခဲ့ပါပြီ။ အခြားသော ထိပ်တန်းလိဂ်တွေရဲ့ ဇယားထိပ်နားကအသင်းအချို့ဟာ ပရီးမီးယားလိဂ်ကလပ်တွေကို ရင်ပေါင်တန်းနိုင်ပေမဲ့ အသင်း ၂၀ စာပြိုင်ပွဲတစ် ခုလုံးနဲ့တွက်ချက်ရင်တော့ ခြေရာတိုင်းလို့မရပါဘူး။ ဒါကိုသေချာစေဖို့အတွက် ကိန်းဂဏန်းတွေက ဇာတ်လမ်းတစ်ပုဒ်လိုပုံဖော်ပေးထားပါတယ်။

အင်္ဂလိပ်ကမ်းရိုးတန်းမှာရှိတဲ့ ဘောလုံးစီးပွားရေးလုပ်ငန်းအရွယ်အစားကို နားလည်ဖို့အတွက်ဆိုရင်တော့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ တန်ဖိုးကိုတစ်ချက် ကြည့်လိုက်တာနဲ့တင်လုံလောက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဘယ် လောက်တန်ဖိုးရှိလဲ၊ ဘယ်အသင်းတန်ဖိုးအရှိဆုံးလဲ၊ ဒါကိုသိဖို့ဘယ်လိုတွက်ချက်ရ မလဲ ကြည့်လိုက်ကြရအောင်…။

ပရီးမီးယားလိဂ်ကလပ်တစ်သင်းရဲ့ ပျမ်းမျှတန်ဖိုး ကပေါင်သန်း ၉၆၀ပါ။

ထိပ်တန်းကလပ်တွေနဲ့ အသင်းငယ်တွေကြား ကွာဟချက်ကတော့အလွန်ကြီးမားပါတယ်။

ကြီး ၆ကြီးလို့ဆိုနိုင်တဲ့ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူးနဲ့ စပါးတို့ရဲ့ပျမ်းမျှတန်ဖိုးက ပေါင် ၂.၇၄၇ ဘီလီယံ ဖြစ်တယ်။ ကျန်ကလပ် ၁၄သင်း ပေါင်းစပ်ထားတဲ့ ပမာဏဟာ ထိပ်သီး ၆သင်းပေါင်းစပ်မှုနဲ့ ထပ်တူနီးပါးကျနေပြီး ပေါင် ၂.၇၇ ဘီလီယံ ရှိပါတယ်။

၂၀၂၀-၂၁ ရာသီအတွင်းထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ ပရီးမီးယားလိဂ်အသင်း ၂၀ရဲ့ စုစုပေါင်းတန်ကြေးက ပေါင် ၁၈.၇ ဘီလီယံ တန်ကြေးရှိနေပါတယ်။

ကလပ်အသင်းတိုင်းရဲ့ တန်ဖိုးကိုအတိအကျတွက်ချက်ဖို့တော့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ၂၀၁၃ခုနှစ်မှာ တွမ်မက်ခ်ဟမ်းတီထွင်ခဲ့တဲ့ Multivariate Model ဟာ တွက်ချက်မှုမှာအတိကျဆုံးနဲ့အသိမှတ်ပြုအခံရဆုံးဖြစ်ခဲ့ပါတယ်။

ဒီစနစ်ဟာ ကလပ်တွေရဲ့ ဝင်ငွေ၊ ငွေလွှဲပြောင်းခနဲ့ ပိုင်ဆိုင်မှုတွေအပေါ်အခြေခံထားတာပါ။

Sportico ရဲ့ ၂၀၂၀-၂၁ ရာသီအတွင်းဖော်ပြချက်အရ မန်ယူက ပေါင် ၃၄၇၆ မီလီယံနဲ့ တန်ဖိုးအရှိဆုံးကလပ်အဖြစ်ရပ်တည်ခဲ့ပြီး ဒုတိယနေရာမှာလီဗာပူး(ပေါင် ၃၀၉၅ မီလီယံ)၊ တတိယနေရာမှာ မန်စီးတီး(၂၉၉၀ မီလီယံ)၊ စတုတ္ထနေရာမှာ ချဲလ်ဆီး(၂၅၀၄ မီလီယံ) တို့ကအသီးသီးရပ်တည်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်မှာ တန်ဖိုးအနည်းဆုံးလို့ဆိုနိုင်တဲ့ ကြမ်းခင်းအသင်းရဲ့ တန်ဖိုးဟာ ပေါင်၄၅ မီလီယံ ရှိနေတာတွေ့ရပါတယ်။ ဒီအချက်အလက်တွေကြောင့်ပဲ အင်္ဂလိပ်ကလပ်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ဆွဲဆောင်ထားနိုင်တာဖြစ်တယ်။

(Zawgyi)

ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕တန္ဖိုးဘယ္ေလာက္ရွိသလဲ၊ ဘယ္အသင္းတန္ဖိုးအျမင့္ဆုံးလဲ

ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ အဂၤလိပ္ေဘာလုံးေလာကနဲ႔ဗဟိုခ်က္တစ္ခုအျဖစ္အရမ္းကို တိုးတက္လာခဲ့ပါၿပီ။

အျခားေသာ ထိပ္တန္းလိဂ္ေတြရဲ႕ ဇယားထိပ္နားကအသင္းအခ်ိဳ႕ဟာ ပရီးမီးယားလိဂ္ကလပ္ေတြကို ရင္ေဘာင္တန္းႏိုင္ေပမဲ့ အသင္း ၂၀ စာၿပိဳင္ပြဲတစ္ ခုလုံးနဲ႔တြက္ခ်က္ရင္ေတာ့ ေျခရာတိုင္းလို႔မရပါဘူး။

ဒါကိုေသခ်ာေစဖို႔အတြက္ ကိန္းဂဏန္းေတြက ဇာတ္လမ္းတစ္ပုဒ္လိုပုံေဖာ္ေပးထားပါတယ္။ အဂၤလိပ္ကမ္း႐ိုးတန္းမွာရွိတဲ့ ေဘာလုံးစီးပြားေရးလုပ္ငန္းအ႐ြယ္အစားကို နားလည္ဖို႔အတြက္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ တန္ဖိုးကိုတစ္ခ်က္ ၾကည့္လိုက္တာနဲ႔တင္လုံေလာက္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဘယ္ ေလာက္တန္ဖိုးရွိလဲ၊ ဘယ္အသင္းတန္ဖိုးအရွိဆုံးလဲ၊ ဒါကိုသိဖို႔ဘယ္လိုတြက္ခ်က္ရ မလဲ ၾကည့္လိုက္ၾကရေအာင္…။

ပရီးမီးယားလိဂ္ကလပ္တစ္သင္းရဲ႕ ပ်မ္းမွ်တန္ဖိုး ကေပါင္သန္း ၉၆၀ပါ။ ထိပ္တန္းကလပ္ေတြနဲ႔ အသင္းငယ္ေတြၾကား ကြာဟခ်က္ကေတာ့အလြန္ႀကီးမားပါတယ္။

ႀကီး ၆ႀကီးလို႔ဆိုႏိုင္တဲ့ မန္ယူ၊ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ မန္စီးတီး၊ လီဗာပူးနဲ႔ စပါးတို႔ရဲ႕ပ်မ္းမွ်တန္ဖိုးက ေပါင္ ၂.၇၄၇ ဘီလီယံ ျဖစ္တယ္။

က်န္ကလပ္ ၁၄သင္း ေပါင္းစပ္ထားတဲ့ ပမာဏဟာ ထိပ္သီး ၆သင္းေပါင္းစပ္မႈနဲ႔ ထပ္တူနီးပါးက်ေနၿပီး ေပါင္ ၂.၇၇ ဘီလီယံ ရွိပါတယ္။ ၂၀၂၀-၂၁ ရာသီအတြင္းထုတ္ျပန္ခဲ့တဲ့အခ်က္အလက္အရ ပရီးမီးယားလိဂ္အသင္း ၂၀ရဲ႕ စုစုေပါင္းတန္ေၾကးက ေပါင္ ၁၈.၇ ဘီလီယံ တန္ေၾကးရွိေနပါတယ္။ ကလပ္အသင္းတိုင္းရဲ႕ တန္ဖိုးကိုအတိအက်တြက္ခ်က္ဖို႔ေတာ့မျဖစ္ႏိုင္ပါဘူး။

ဒါေပမဲ့ ၂၀၁၃ခုႏွစ္မွာ တြမ္မက္ခ္ဟမ္းတီထြင္ခဲ့တဲ့ Multivariate Model ဟာ တြက္ခ်က္မႈမွာအတိက်ဆုံးနဲ႔အသိမွတ္ျပဳအခံရဆုံးျဖစ္ခဲ့ပါတယ္။

ဒီစနစ္ဟာ ကလပ္ေတြရဲ႕ ဝင္ေငြ၊ ေငြလႊဲေျပာင္းခနဲ႔ ပိုင္ဆိုင္မႈေတြအေပၚအေျခခံထားတာပါ။

Sportico ရဲ႕ ၂၀၂၀-၂၁ ရာသီအတြင္းေဖာ္ျပခ်က္အရ မန္ယူက ေပါင္ ၃၄၇၆ မီလီယံနဲ႔ တန္ဖိုးအရွိဆုံးကလပ္အျဖစ္ရပ္တည္ခဲ့ၿပီး ဒုတိယေနရာမွာလီဗာပူး(ေပါင္ ၃၀၉၅ မီလီယံ)၊ တတိယေနရာမွာ မန္စီးတီး(၂၉၉၀ မီလီယံ)၊ စတုတၳေနရာမွာ ခ်ဲလ္ဆီး(၂၅၀၄မီလီယံ) တို႔ကအသီးသီးရပ္တည္ခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္မွာ တန္ဖိုးအနည္းဆုံးလို႔ဆိုႏိုင္တဲ့ ၾကမ္းခင္းအသင္းရဲ႕ တန္ဖိုးဟာ ေပါင္၄၅ မီလီယံ ရွိေနတာေတြ႕ရပါတယ္။ ဒီအခ်က္အလက္ေတြေၾကာင့္ပဲ အဂၤလိပ္ကလပ္ေတြဟာ ကမာၻေပၚမွာရွိတဲ့အခ်မ္းသာဆုံးပုဂၢိဳလ္ေတြကို ဆြဲေဆာင္ထားႏိုင္တာျဖစ္တယ္။