
အဲဗာတန်က လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ
ယူနိုက်တက်က အငှားနဲ့လာကစားနေတဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ဟာ
ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရရှိသွားခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ်
လိဂ်ပွဲတစ်ပွဲကို ပွဲချိန်ပြည့်ကစားခဲ့ရတာဖြစ်ပြီး
ဟော်လန်သားအတွက်တော့ ပရီးမီးယားလိဂ်အရသာကို
အပြည့်အဝခံစားနိုင်ခဲ့ရတာဖြစ်ပါတယ်။
လမ်းပတ်ရဲ့ ခေါ်ယူမှုနဲ့အတူ အဲဗာတန်ကို ရောက်ရှိခဲ့တဲ့
ဗန်ဒီဘိခ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ နာရီဝက်ကြာကစားခွင့်ရခဲ့ပေမယ့်
မနေ့ကပွဲကိုတော့ ပွဲချိန်ပြည့်ကစားခဲ့ရတာဖြစ်ပါတယ်။
အသင်းကလည်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်လို့ ဗန်ဒီဘိခ်အတွက်
စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပြီး ပွဲအပြီးမှာတော့ အားမာန်အပြည့်နဲ့
အောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အဲဗာတန် ၃-၀ လိဒ်ပွဲက ဒွန်နီရဲ့စွမ်းဆောင်ရည်တွေကတော့
ဘောလုံးဖြတ်ထုတ်မှု အများဆုံး ကစားသမား၊
ဘောလုံးထိချက် အများဆုံး ကစားသမား၊
ဘောလုံးပေးပို့မှု အများဆုံး ကစားသမား၊
ဘောလုံးယှဉ်လုမှု အအောင်မြင်ဆုံး ကစားသမားဖြစ်ကာ၊
အဖွင့်ဂိုးအတွက် အဓိကပေးပို့မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
“ဗန်ဒီဘိခ်ကတော့ ရှယ်ပဲဗျာ၊ သူ့အိမ်မှာသူ ကစားနေသလိုကို
ကစားသွားတာ၊ စိတ်အေးအေးထားတယ်။လုပ်အားနှုန်းနဲ့
ဉာဏ်ရည်ဉာဏ်သွေးကလည်း ရှယ်ဗျာ။မတူညီတဲ့နေရာတွေမှာ
သူ ကစားနိုင်တယ်လို့လည်း ကျွန်တော်ထင်တယ်။
ဒါကြောင့်လည်း သူ့ကိုရဖို့ ကျွန်တော်တို့ မြန်မြန်လေးလှုပ်ရှားခဲ့တာ၊
သူက နံပါတ် ၆ နေရာမှာ ဒီနေ့ကစားသွားပြီး
ကျွန်တော်တို့ကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
ဂိုးရဖို့လည်း ခြိမ်းခြောက်နိုင်ခဲ့ပါသေးတယ်။
ဒါတွေက သူ့ကို ကျွန်တော် ခေါ်ယူဖို့အတွက်
ကြီးမားတဲ့ တွန်းအားတစ်ခုပဲ”လို့ လမ်းပတ် ကပြောပါတယ်။
zawgyi
ပရီးမီးယားလိဂ္ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ လိဂ္ပြဲတစ္ပြဲကို ပြဲခ်ိန္ျပည့္ကစားခဲ့ရတဲ့ ဗန္ဒီဘိခ္
အဲဗာတန္က လိဒ္ယူႏိုက္တက္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ
ယူႏိုက္တက္က အငွားနဲ႔လာကစားေနတဲ့ ကြင္းလယ္လူဗန္ဒီဘိခ္ဟာ
ပြဲခ်ိန္ျပည့္ပါဝင္ကစားခြင့္ရရွိသြားခဲ့ပါတယ္။
ဒါဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္
လိဂ္ပြဲတစ္ပြဲကို ပြဲခ်ိန္ျပည့္ကစားခဲ့ရတာျဖစ္ၿပီး
ေဟာ္လန္သားအတြက္ေတာ့ ပရီးမီးယားလိဂ္အရသာကို
အျပည့္အဝခံစားႏိုင္ခဲ့ရတာျဖစ္ပါတယ္။
လမ္းပတ္ရဲ႕ ေခၚယူမႈနဲ႔အတူ အဲဗာတန္ကို ေရာက္ရွိခဲ့တဲ့
ဗန္ဒီဘိခ္ဟာ နယူးကာဆယ္နဲ႔ပြဲမွာ နာရီဝက္ၾကာကစားခြင့္ရခဲ့ေပမယ့္
မေန႔ကပြဲကိုေတာ့ ပြဲခ်ိန္ျပည့္ကစားခဲ့ရတာျဖစ္ပါတယ္။
အသင္းကလည္း ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့တာျဖစ္လို႔ ဗန္ဒီဘိခ္အတြက္
စိတ္ေက်နပ္စရာ ျဖစ္ခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ အားမာန္အျပည့္နဲ႔
ေအာင္ပြဲခံခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။
အဲဗာတန္ ၃-၀ လိဒ္ပြဲက ဒြန္နီရဲ႕စြမ္းေဆာင္ရည္ေတြကေတာ့
ေဘာလုံးျဖတ္ထုတ္မႈ အမ်ားဆုံး ကစားသမား၊
ေဘာလုံးထိခ်က္ အမ်ားဆုံး ကစားသမား၊
ေဘာလုံးေပးပို႔မႈ အမ်ားဆုံး ကစားသမား၊
ေဘာလုံးယွဥ္လုမႈ အေအာင္ျမင္ဆုံး ကစားသမားျဖစ္ကာ၊
အဖြင့္ဂိုးအတြက္ အဓိကေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
“ဗန္ဒီဘိခ္ကေတာ့ ရွယ္ပဲဗ်ာ၊ သူ႔အိမ္မွာသူ ကစားေနသလိုကို
ကစားသြားတာ၊ စိတ္ေအးေအးထားတယ္။လုပ္အားႏႈန္းနဲ႔
ဉာဏ္ရည္ဉာဏ္ေသြးကလည္း ရွယ္ဗ်ာ။မတူညီတဲ့ေနရာေတြမွာ
သူ ကစားႏိုင္တယ္လို႔လည္း ကြၽန္ေတာ္ထင္တယ္။
ဒါေၾကာင့္လည္း သူ႔ကိုရဖို႔ ကြၽန္ေတာ္တို႔ ျမန္ျမန္ေလးလႈပ္ရွားခဲ့တာ၊
သူက နံပါတ္ ၆ ေနရာမွာ ဒီေန႔ကစားသြားၿပီး
ကြၽန္ေတာ္တို႔ကို ခ်ိတ္ဆက္ေပးႏိုင္ခဲ့ပါတယ္။
ဂိုးရဖို႔လည္း ၿခိမ္းေျခာက္ႏိုင္ခဲ့ပါေသးတယ္။
ဒါေတြက သူ႔ကို ကြၽန္ေတာ္ ေခၚယူဖို႔အတြက္
ႀကီးမားတဲ့ တြန္းအားတစ္ခုပဲ”လို႔ လမ္းပတ္ ကေျပာပါတယ္။