ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ အမြန်ဆုံးနှုန်းကို ပြသလိုက်တဲ့ နူနက်ဇ်

ရာသီမစခင် ဗြိတိန်သတင်းစာတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးတိုက်စစ်မှူးသစ် နူနက်ဇ်ဟာ ရာသီသစ်အဖွင့်ပွဲစဉ်မှာပဲ အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ပွဲစဉ်တစ်လျှောက် အမြန်ဆုံးပြေးနှုန်းစံချိန်ကို

တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့အဖွင့်ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကို လီဗာပူးအတွက်သွင်းယူပေးနိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်ရဲ့အမြန်ဆုံးကစားသမားစံချိန်ကိုပါရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘတ် ကတော့

တစ်နာရီကို ၃၅ . ၂၈ ကီလိုမီတာနှုန်းနဲ့ပြေးပြီး ဒုတိယနေရာမှာ ရပ်တည်သွားခဲ့တာတွေ့ရပါတယ်။ လီဗာပူးတိုက်စစ်မှူး နူနက်ဇ်ဟာ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ တစ်နာရီကို ၃၆.၅၃ ကီလိုမီတာနှုန်းပြေးပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တစ်လျှောက် အမြန်ဆုံးကစားသမားစံချိန်ကိုရရှိခဲ့တာပါ။

ဒါ့အပြင် နူနက်ဇ်ဟာ ဒီရာသီပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ အရပ် ၆ ပေ ၁ လက်မနဲ့ အရပ်အမြင့်ဆုံးကစားသမားအဖြစ်လည်းရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ရှည်လျားတဲ့အရပ်ကြောင့် ဒီလောက်အထိပြေးနိုင်လိမ့်မယ်လိုလည်း ဘယ်သူမှထင်ထားခဲ့ကြာတာ မဟုတ်ပါ ဘူး။

အခုတော့ သူ့ရဲ့မြန်နှုန်းနဲ့ ရှည်လျားတဲ့အရပ်အမောင်းဟာ နည်းပြကလော့ပ်အတွက် တန်ဖိုးရှိတဲ့ လက်နက် တစ်ခုဖြစ်လာတော့မှာသေချာပါတယ်။ လီဗာပူးတိုက်စစ်အတွက် မြန်ပါတယ်ဆိုတဲ့ မာနေးနဲ့ဆာလက်တိုတောင် နူနက်ဇ်ရဲ့ အမြန်နှုန်းနောက်မှာ ကျန်ခဲ့ပြီလိုဆိုရမှာပါ။

ဒါပေမယ့် လီဗာပူးတိုက်စစ်အတွက် နည်းပြစိတ်တိုင်းကျ တိုက်စစ်မှူးတစ်ယောက်ဖြစ်လာဖိုတော့ နူနက်ဇ်အနေနဲ့ အချိန်အနည်းငယ်ယူရဖို ရှိနေပါတယ်။ လက်ရှိမှာ နူနက်ဇ်အနေနဲ့ နည်းပြကလော့ပ်ရဲ့ အရန်စာရင်းမှာသာရှိနေဆဲဖြစ်ပြီး

ပုံမှန်ပွဲထွက်ခွင့်ရဖိုအတွက်ကြိုးစားရဦး မယ့်အခြေအနေပါ။ နည်းပြကလော့ပ်ရဲ့ နည်းဗျူဟာတွေနဲ့ ပုံစံကျပြီး လီဗာပူးတိုက်စစ်အတွက်ပုံမှန်ပွဲထွက်ခွင့် ရလာမယ်ဆိုရင်တော့ ပြိုင်ဘက်တွေအတွက် နူနက်ဇ်ဟာ ကြောက်စရာကောင်းတဲ့တိုက်စစ်မှူးဖြစ်လာမယ်လို တော့ ဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။

မန်စီးတီး၊ ဖူလ်ဟမ်တိုနဲ့ပွဲစဉ်တွေမှာ ဆက်တိုက်ဂိုးတွေသွင်း လာနိုင်တဲ့ နူနက်ဇ်ဟာ လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို ထိုက်တန်ကြောင်းကိုသက် သေပြထားနိုင်ခဲ့ပြီလိုတော့ဆိုရပါမယ်။

(zawgyi)

ရာသီမစခင္ ၿဗိတိန္သတင္းစာေတြရဲ႕ ျပင္းျပင္းထန္ထန္ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတဲ့ လီဗာပူးတိုက္စစ္မႉးသစ္ ႏူနက္ဇ္ဟာ ရာသီသစ္အဖြင့္ပြဲစဥ္မွာပဲ အားလုံးကိုအံ့အားသင့္ေစခဲ့ပါတယ္။ အဲဒါကေတာ့ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ ပြဲစဥ္တစ္ေလွ်ာက္ အျမန္ဆုံးေျပးႏႈန္းစံခ်ိန္ကို တင္ျပလိုက္တာပဲ ျဖစ္ပါတယ္။

ဖူလ္ဟမ္နဲ႔ကစားခဲ့တဲ့အဖြင့္ပြဲစဥ္မွာ အသင္းအတြက္အေရးပါတဲ့ ေခ်ပဂိုးတစ္ဂိုးကို လီဗာပူးအတြက္သြင္းယူေပးႏိုင္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္အဖြင့္ ပြဲစဥ္ရဲ႕အျမန္ဆုံးကစားသမားစံခ်ိန္ကိုပါရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္တိုက္စစ္မႉး ဝဲလ္ဘတ္ ကေတာ့ တစ္နာရီကို ၃၅ . ၂၈ ကီလိုမီတာႏႈန္းနဲ႔ေျပးၿပီး

ဒုတိယေနရာမွာ ရပ္တည္သြားခဲ့တာေတြ႕ရပါတယ္။ လီဗာပူးတိုက္စစ္မႉး ႏူနက္ဇ္ဟာ ဖူလ္ဟမ္နဲ႔ပြဲစဥ္မွာ တစ္နာရီကို ၃၆.၅၃ ကီလိုမီတာႏႈန္းေျပးၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္တစ္ေလွ်ာက္ အျမန္ဆုံးကစားသမားစံခ်ိန္ကိုရရွိခဲ့တာပါ။ ဒါ့အျပင္ ႏူနက္ဇ္ဟာ ဒီရာသီပရီးမီးယားလိဂ္ ကစားသမားေတြထဲမွာ အရပ္ ၆ ေပ ၁ လက္မနဲ႔

အရပ္အျမင့္ဆုံးကစားသမားအျဖစ္လည္းရွိေနတာျဖစ္ပါတယ္။ သူ႔ရဲ႕ရွည္လ်ားတဲ့အရပ္ေၾကာင့္ ဒီေလာက္အထိေျပးႏိုင္လိမ့္မယ္လိုလည္း ဘယ္သူမွထင္ထားခဲ့ၾကာတာ မဟုတ္ပါ ဘူး။ အခုေတာ့ သူ႔ရဲ႕ျမန္ႏႈန္းနဲ႔ ရွည္လ်ားတဲ့အရပ္အေမာင္းဟာ နည္းျပကေလာ့ပ္အတြက္ တန္ဖိုးရွိတဲ့

လက္နက္ တစ္ခုျဖစ္လာေတာ့မွာေသခ်ာပါတယ္။ လီဗာပူးတိုက္စစ္အတြက္ ျမန္ပါတယ္ဆိုတဲ့ မာေနးနဲ႔ဆာလက္တိုေတာင္ ႏူနက္ဇ္ရဲ႕ အျမန္ႏႈန္းေနာက္မွာ က်န္ခဲ့ၿပီလိုဆိုရမွာပါ။ ဒါေပမယ့္ လီဗာပူးတိုက္စစ္အတြက္ နည္းျပစိတ္တိုင္းက် တိုက္စစ္မႉးတစ္ေယာက္ျဖစ္လာဖိုေတာ့ ႏူနက္ဇ္အေနနဲ႔ အခ်ိန္အနည္းငယ္ယူရဖို

ရွိေနပါတယ္။ လက္ရွိမွာ ႏူနက္ဇ္အေနနဲ႔ နည္းျပကေလာ့ပ္ရဲ႕ အရန္စာရင္းမွာသာရွိေနဆဲျဖစ္ၿပီး ပုံမွန္ပြဲထြက္ခြင့္ရဖိုအတြက္ႀကိဳးစားရဦး မယ့္အေျခအေနပါ။ နည္းျပကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာေတြနဲ႔ ပုံစံက်ၿပီး လီဗာပူးတိုက္စစ္အတြက္ပုံမွန္ပြဲထြက္ခြင့္ ရလာမယ္ဆိုရင္ေတာ့ ၿပိဳင္ဘက္ေတြအတြက္ ႏူနက္ဇ္ဟာ

ေၾကာက္စရာေကာင္းတဲ့တိုက္စစ္မႉးျဖစ္လာမယ္လို ေတာ့ ၿဗိတိန္မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။ မန္စီးတီး၊ ဖူလ္ဟမ္တိုနဲ႔ပြဲစဥ္ေတြမွာ ဆက္တိုက္ဂိုးေတြသြင္း လာႏိုင္တဲ့ ႏူနက္ဇ္ဟာ လာမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲအတြက္ ပုံမွန္ပြဲထြက္ခြင့္ရဖို ထိုက္တန္ေၾကာင္းကိုသက္ ေသျပထားႏိုင္ခဲ့ၿပီလိုေတာ့ဆိုရပါမယ္။