
အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီး
လေ့ကျင့်ခန်းဆင်းတဲ့နေ့မှာတင် အသင်းကနေထွက်ခွာခြင်တယ်လို့ပြောခဲ့တာကြောင့်
ယူနိုက်တက်ပရိသတ်တွေရဲ့ ခါးခါးသီးသီးအမုန်းကိုခံရခဲ့
ဆန်ချက်ဇ်ကတော့ ပရီမီးယားလိဂ်ကို တစ်ကြောင့်ပြန်ခြေချဖို့ အကြောင်းဖန်လာခဲ့ပါပြီ။
အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို
အလွတ်ကြေးနဲ့ခေါ်ယူဖို့ အဲဗာတန်အသင်းဆီကမ်းလှမ်းထား တယ်လို့သိရပါတယ်။
အဲဗာတန်နည်းပြ ဘင်နီတက်ဇ်ဟာ အခုဇန်နဝါရီဈေးကွက်ထဲမှာ ကယ်လ်ဗက်လီဝန်နဲ့
ရီချာလီဆန် တို့နှစ်ဦးထဲကတစ်ဦးကို ဆုံးရှုံးရဖို့ရှိနေတဲ့အတွက်
ဆန်းချက်ဇ်ကိုရရင် ခေါ်ယူလိုနေပါတယ်။
လက်ရှိမှာ တန်းဆင်းဇုန်နဲ့ ဝေးရာရောက်စေဖို့ကြိုးစားနေတဲ့ အဲဗာတန်အတွက်
လီဝန်နဲ့ ရီချာလီဆန် တို့နှစ်ဦးစလုံးကို အသင်းမှာဆက်ရှိစေဖို့
ဘင်နီတက်ဇ်ကအလိုရှိနေတာပါ။
ဒါပေမယ့်နှစ်ဦးထဲက တစ်ဦးထွက်သွားမယ်ဆိုရင် အဆင်သင့်ဖြစ်နေစေဖို့အတွက်
ဆန်းချက်ဇ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။
ဒါပေမယ့်ဒီချီလီသားရဲ့ လစာကမြင့်မားမှာဖြစ်လို့ မေဂျာလိဂ်မှာ
ဂိုးသွင်းအများဆုံးသူဖြစ်နေတဲ့ နယူးယော့ခ်စီးတီးအသင်းက
အာဂျင်တီးနားယူ-၂၃ အသင်းတိုက်စစ်မှူး ကက်စတယ်လာနို့စ်ကို
ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း
ဆန်းချက်ဇ်ဟာ အသက်ကြီးလာတဲ့အပြင်
အာဆင်နယ်ကနေထွက် ပြီးနောက် ခြေစွမ်းမပြနိုင်တော့တဲ့အတွက်
ပရိသတ်တွေကသူ့ကိုအကြိုက်မတွေ့ကြဘူးလို့လည်း သိရပါတယ်။
ဆန်းချက်ဇ်ဟာ အာဆင်နယ်မှာ ၃ နှစ်ခွဲကြာနေခဲ့ပြီး ၁၆၆ ပွဲမှာ ၈၀ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၈ ဇန်နဝါရီမှာ မန်ယူကိုရောက်ရှိပြီး
နောက်ပိုင်းခြေစွမ်းပျောက်ဆုံးသွားပြီး ၄၅ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့တာပါ။
ဒါကြောင့် ဩဂုတ် ၂၉ မှာအင်တာမီလန်ကိုအငှားနဲ့
ရောက်ရှိပြီးနောက်တစ်နှစ်အကြာမှာ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။
စီးရီးအေမှာလည်း ဆန်းချက်ဇ်ဟာဆက်လက်ရုန်း ကန်နေရပြီး
ပြိုင်ပွဲအရပ်ရပ် ၈၆ ပွဲမှာ ၁၄ ဂိုးသာသွင်းနိုင်ခဲ့တာပါ။
ဆန်းချက်ဟာမန်ယူမှာရှိတုန်းက တစ်ပတ်လစာပေါင် ၅ သိန်း ကျော်ရရှိခဲ့သူဖြစ်ပြီး
လက်ရှိမှာတော့အင်တာမှာတစ်ပတ်ကိုပေါင် ၁၃၀၀၀၀ သာရရှိနေပါတယ်။
ကက်စတယ်လာနို့စ် ကိုတော့ပေါင် ၁၄ သန်းဝန်းကျင်အထိ
ပေးချေရမှာဖြစ်ပေမယ့် လစာအများကြီးပေးစရာမလိုတဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်သူကတော့ ပရီးမီးယားလိဂ်နဲ့အံမဝင်မှာ
စိုးရိမ်ရတဲ့အချက်တော့ရှိနေပါတယ်။
အသက် ၂၃ နှစ်ရှိတဲ့ ကက်စတယ် လာနို့စ်ဟာပြီးခဲ့တဲ့
မေဂျာလိဂ်ရာသီမှာ ၂၃ ဂိုးအထိသွင်းယူထားနိုင်တဲ့သူဖြစ်ပါတယ်။
zawgyi
ပရီမီးယားလိဂ္ကို တစ္ေၾကာင့္ျပန္ေျခခ်ဖို႔ အေၾကာင္းဖန္လာတဲ့ ယူႏိုက္တက္ပရိသတ္ေတြ ခါးခါးသီးသီးမုန္းတဲ့ ဆန္းခ်က္ဇ္
အာဆင္နယ္ကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး
ေလ့က်င့္ခန္းဆင္းတဲ့ေန႔မွာတင္ အသင္းကေနထြက္ခြာျခင္တယ္လို႔ေျပာခဲ့တာေၾကာင့္
ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ခါးခါးသီးသီးအမုန္းကိုခံရခဲ့
ဆန္ခ်က္ဇ္ကေတာ့ ပရီမီးယားလိဂ္ကို တစ္ေၾကာင့္ျပန္ေျခခ်ဖို႔ အေၾကာင္းဖန္လာခဲ့ပါၿပီ။
အင္တာမီလန္အသင္းဟာ တိုက္စစ္မႉး အလက္ဆစ္ဆန္းခ်က္ဇ္ကို
အလြတ္ေၾကးနဲ႔ေခၚယူဖို႔ အဲဗာတန္အသင္းဆီကမ္းလွမ္းထား တယ္လို႔သိရပါတယ္။
အဲဗာတန္နည္းျပ ဘင္နီတက္ဇ္ဟာ အခုဇန္နဝါရီေဈးကြက္ထဲမွာ ကယ္လ္ဗက္လီဝန္နဲ႔
ရီခ်ာလီဆန္ တို႔ႏွစ္ဦးထဲကတစ္ဦးကို ဆုံးရႈံးရဖို႔ရွိေနတဲ့အတြက္
ဆန္းခ်က္ဇ္ကိုရရင္ ေခၚယူလိုေနပါတယ္။
လက္ရွိမွာ တန္းဆင္းဇုန္နဲ႔ ေဝးရာေရာက္ေစဖို႔ႀကိဳးစားေနတဲ့ အဲဗာတန္အတြက္
လီဝန္နဲ႔ ရီခ်ာလီဆန္ တို႔ႏွစ္ဦးစလုံးကို အသင္းမွာဆက္ရွိေစဖို႔
ဘင္နီတက္ဇ္ကအလိုရွိေနတာပါ။
ဒါေပမယ့္ႏွစ္ဦးထဲက တစ္ဦးထြက္သြားမယ္ဆိုရင္ အဆင္သင့္ျဖစ္ေနေစဖို႔အတြက္
ဆန္းခ်က္ဇ္ကိုေခၚယူဖို႔စိတ္ဝင္စားေနတာပါ။
ဒါေပမယ့္ဒီခ်ီလီသားရဲ႕ လစာကျမင့္မားမွာျဖစ္လို႔ ေမဂ်ာလိဂ္မွာ
ဂိုးသြင္းအမ်ားဆုံးသူျဖစ္ေနတဲ့ နယူးေယာ့ခ္စီးတီးအသင္းက
အာဂ်င္တီးနားယူ-၂၃ အသင္းတိုက္စစ္မႉး ကက္စတယ္လာႏို႔စ္ကို
ေခၚယူဖို႔လည္း ပစ္မွတ္ထားေနပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ယူတိုက္စစ္မႉးေဟာင္း
ဆန္းခ်က္ဇ္ဟာ အသက္ႀကီးလာတဲ့အျပင္
အာဆင္နယ္ကေနထြက္ ၿပီးေနာက္ ေျခစြမ္းမျပႏိုင္ေတာ့တဲ့အတြက္
ပရိသတ္ေတြကသူ႔ကိုအႀကိဳက္မေတြ႕ၾကဘူးလို႔လည္း သိရပါတယ္။
ဆန္းခ်က္ဇ္ဟာ အာဆင္နယ္မွာ ၃ ႏွစ္ခြဲၾကာေနခဲ့ၿပီး ၁၆၆ ပြဲမွာ ၈၀ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ၂၀၁၈ ဇန္နဝါရီမွာ မန္ယူကိုေရာက္ရွိၿပီး
ေနာက္ပိုင္းေျခစြမ္းေပ်ာက္ဆုံးသြားၿပီး ၄၅ ပြဲမွာ ၅ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။
ဒါေၾကာင့္ ဩဂုတ္ ၂၉ မွာအင္တာမီလန္ကိုအငွားနဲ႔
ေရာက္ရွိၿပီးေနာက္တစ္ႏွစ္အၾကာမွာ အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။
စီးရီးေအမွာလည္း ဆန္းခ်က္ဇ္ဟာဆက္လက္႐ုန္း ကန္ေနရၿပီး
ၿပိဳင္ပြဲအရပ္ရပ္ ၈၆ ပြဲမွာ ၁၄ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။
ဆန္းခ်က္ဟာမန္ယူမွာရွိတုန္းက တစ္ပတ္လစာေပါင္ ၅ သိန္း ေက်ာ္ရရွိခဲ့သူျဖစ္ၿပီး
လက္ရွိမွာေတာ့အင္တာမွာတစ္ပတ္ကိုေပါင္ ၁၃၀၀၀၀ သာရရွိေနပါတယ္။
ကက္စတယ္လာႏို႔စ္ ကိုေတာ့ေပါင္ ၁၄ သန္းဝန္းက်င္အထိ
ေပးေခ်ရမွာျဖစ္ေပမယ့္ လစာအမ်ားႀကီးေပးစရာမလိုတဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္သူကေတာ့ ပရီးမီးယားလိဂ္နဲ႔အံမဝင္မွာ
စိုးရိမ္ရတဲ့အခ်က္ေတာ့ရွိေနပါတယ္။
အသက္ ၂၃ ႏွစ္ရွိတဲ့ ကက္စတယ္ လာႏို႔စ္ဟာၿပီးခဲ့တဲ့
ေမဂ်ာလိဂ္ရာသီမွာ ၂၃ ဂိုးအထိသြင္းယူထားႏိုင္တဲ့သူျဖစ္ပါတယ္။