ပရိသတ်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ တိုက်စစ်မှူးကိုခေါ်ယူဖို့ တန်ဟတ် ပစ်မှတ်ထားနေ

ယူနိုက်တက်အသင်းဟာ ကလပ်အသင်းကစားသမားဘဝမှာ

၁၄၇ ဂိုးအထိသွင်းယူထားတဲ့ ဝက်စ်ဟော့ရဲ့အသင်းဖော်ကို

ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာပါတယ်။ နည်းပြတန်ဟတ်က

သူ့ရဲ့အပြောင်းအရွှေ့နောက်ဆုံးပစ်မှတ်ကိုဖော်ထုတ်ခဲ့ပြီး

နောက်မှာတော့ သရဲနီပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်လို့

သတင်းတွေထွက်ပေါ်နေတာဖြစ်တယ်။ လက်ရှိမှာ အိုးလ်ထရက်ဖို့ဒ်ကို

ရောက်လာနိုင်တဲ့ တိုက်စစ်မှူးအဖြစ် ဝက်စ်ဟော့ရဲ့ ဇာတ်လမ်းက

ပိုပြီးပြင်းထန်နေပေမဲ့ တန်ဟတ်ကတော့ သူ့ရဲ့လက်ရွေးစင်

အသင်းဖော် ဒီပေးကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့

ယူဆရပါတယ်။ ဘာစီလိုနာဟာ ရာသီကုန်မှာအသင်းနဲ့

စာချုပ်ပြည့်တော့မယ့် ဒီပေးကိုအလွတ်နဲ့ထွက်ခွာခွင့်

ပေးခြင်းထက် ဇန်နဝါရီမှာရောင်းချဖို့ဦးစားပေးနေပြီး

အသက် ၂၈ နှစ်အရွယ်ကြယ်ပွင့်ကို ယူနိုက်တက်ခေါ်ယူ

လိမ့်မယ်လို့ စပိန်သတင်းစာ Mundo Deportivo က

ဖော်ပြလိုက်တာဖြစ်တယ်။ ၂၀၁၅ မှာ ပီအက်ဗွီကနေ ပေါင် ၂၅ သန်းနဲ့

အိုးလ်ထရက်ဖို့ဒ်ပြောင်းရွှေ့လာခဲ့တဲ့ ဒီပေးဟာ ယူနိုက်တက်

ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်နေပါတယ်။ နယ်သာလန်သားဟာ

ယူနိုက်တက်ကစားသမားဘဝမှာ မအောင်မြင်ခဲ့တာကြောင့်

၂နှစ် ဝန်းကျင်ကစားပြီးတဲ့နောက် လိုင်ယွန်ကိုပြောင်းရွှေ့

သွားခဲ့ရတာပါ။ ၇နှစ် ကြာအဖြစ်အပျက်တစ်ခုအပြီးမှာတော့

ဒီပေးဟာ အိုးလ်ထရက်ဖို့ဒ်ပြန်လာဖို့နီးစပ်တယ်လို့ စပိန်သတင်းစာ

Sport က အသိပေးထားပါတယ်။ ဒီပေးဟာ ယူနိုက်တက်

ကစားသမားဘ၀ အစောပိုင်းနေ့ရက်တွေကတည်းက

ရော်နယ်ဒိုရဲ့ ကျော်နံပတ် ၇ ကိုနေရာကို အစားထိုးနိုင်လိမ့်မယ်လို့

ပရိသတ်တွေယူဆခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ သရဲနီကစားသမားဘ၀

ပထမဆုံးရာသီ ၂၉ ပွဲမှာ ၂ဂိုး သာသွင်းနိုင်ခဲ့သလို ဒုတိယရာသီမှာလည်း

အရန်ခုံထိုင်ခဲ့ရပြီး ၄ပွဲ သာကစားခွင့်ရခဲ့တဲ့နောက် လိုင်ယွန်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်တယ်။

zawgyi

ပရိသတ္နဲ႔ရင္းႏွီးၿပီးသားျဖစ္တဲ့ တိုက္စစ္မႉးကိုေခၚယူဖို႔ တန္ဟတ္ ပစ္မွတ္ထားေန

ယူႏိုက္တက္အသင္းဟာ ကလပ္အသင္းကစားသမားဘဝမွာ

၁၄၇ ဂိုးအထိသြင္းယူထားတဲ့ ဝက္စ္ေဟာ့ရဲ႕အသင္းေဖာ္ကို

ေခၚယူဖို႔အတြက္ ပစ္မွတ္ထားလာပါတယ္။ နည္းျပတန္ဟတ္က

သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ေနာက္ဆုံးပစ္မွတ္ကိုေဖာ္ထုတ္ခဲ့ၿပီး

ေနာက္မွာေတာ့ သရဲနီပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားျဖစ္လိမ့္မယ္လို႔

သတင္းေတြထြက္ေပၚေနတာျဖစ္တယ္။ လက္ရွိမွာ အိုးလ္ထရက္ဖို႔ဒ္ကို

ေရာက္လာႏိုင္တဲ့ တိုက္စစ္မႉးအျဖစ္ ဝက္စ္ေဟာ့ရဲ႕ ဇာတ္လမ္းက

ပိုၿပီးျပင္းထန္ေနေပမဲ့ တန္ဟတ္ကေတာ့ သူ႔ရဲ႕လက္ေ႐ြးစင္

အသင္းေဖာ္ ဒီေပးကိုေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔

ယူဆရပါတယ္။ ဘာစီလိုနာဟာ ရာသီကုန္မွာအသင္းနဲ႔

စာခ်ဳပ္ျပည့္ေတာ့မယ့္ ဒီေပးကိုအလြတ္နဲ႔ထြက္ခြာခြင့္

ေပးျခင္းထက္ ဇန္နဝါရီမွာေရာင္းခ်ဖို႔ဦးစားေပးေနၿပီး

အသက္ ၂၈ ႏွစ္အ႐ြယ္ၾကယ္ပြင့္ကို ယူႏိုက္တက္ေခၚယူ

လိမ့္မယ္လို႔ စပိန္သတင္းစာ Mundo Deportivo က

ေဖာ္ျပလိုက္တာျဖစ္တယ္။ ၂၀၁၅ မွာ ပီအက္ဗြီကေန ေပါင္ ၂၅ သန္းနဲ႔

အိုးလ္ထရက္ဖို႔ဒ္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဒီေပးဟာ ယူႏိုက္တက္

ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားျဖစ္ေနပါတယ္။ နယ္သာလန္သားဟာ

ယူႏိုက္တက္ကစားသမားဘဝမွာ မေအာင္ျမင္ခဲ့တာေၾကာင့္

၂ႏွစ္ ဝန္းက်င္ကစားၿပီးတဲ့ေနာက္ လိုင္ယြန္ကိုေျပာင္းေ႐ႊ႕

သြားခဲ့ရတာပါ။ ၇ႏွစ္ ၾကာအျဖစ္အပ်က္တစ္ခုအၿပီးမွာေတာ့

ဒီေပးဟာ အိုးလ္ထရက္ဖို႔ဒ္ျပန္လာဖို႔နီးစပ္တယ္လို႔ စပိန္သတင္းစာ

Sport က အသိေပးထားပါတယ္။ ဒီေပးဟာ ယူႏိုက္တက္

ကစားသမားဘ၀ အေစာပိုင္းေန႔ရက္ေတြကတည္းက

ေရာ္နယ္ဒိုရဲ႕ ေက်ာ္နံပတ္ ၇ ကိုေနရာကို အစားထိုးႏိုင္လိမ့္မယ္လို႔

ပရိသတ္ေတြယူဆခဲ့ၾကတာျဖစ္တယ္။ ဒါေပမဲ့ သရဲနီကစားသမားဘ၀

ပထမဆုံးရာသီ ၂၉ ပြဲမွာ ၂ဂိုး သာသြင္းႏိုင္ခဲ့သလို ဒုတိယရာသီမွာလည္း

အရန္ခုံထိုင္ခဲ့ရၿပီး ၄ပြဲ သာကစားခြင့္ရခဲ့တဲ့ေနာက္ လိုင္ယြန္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္တယ္။