ပရိသတ်တွေ အရမ်းထောက်ခံအားပေးတဲ့အကြောင်းကို သူကိုယ်တိုင်တောင် မသိဘူးလို့ ဗာနာ ဝန်ခံ

တိုက်စစ်မှူး တီမိုဗာနာဟာ ချဲလ်ဆီးကို ရောက်လာပြီးနောက်

၁၈ လအတွင်း ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရငိဆိုင်နေရပေမယ့်
ချဲလ်ဆီးပရိသတ်တွေရဲ့ အားပေးထောက်ခံမှု အပြည့်ရရှိနေပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၀ ဇွန်လက ဗာနာကို
လိုက်ပ်ဇစ်ကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၇.၅သန်းနဲ့
ခေါ်ယူခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်ကစားသမားဘဝ

ဘွန်ဒက်စ်လီဂါနောက်ဆုံးရာသီမှာ ၃၈ပွဲကစား
၂၄ ဂိုးသွင်းယူကာ ဂိုးသွင်းကောင်းသူအဖြစ် နာမည်ကျော်ခဲ့ပါတယ်။


ဒါပေမဲ့ ချဲလ်ဆီးမှာတော့ မျှော်လင့်ထားသလို

အစမကောင်းခဲ့ဘဲ အခွင့်အရေးကောင်းတွေ
ဖြုန်းတီးမှုနဲ့အတူ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ
၆ဂိုးပဲ သွင်းယူနိုင်ခဲ့ရာ ပရိသတ်တွေပါ
ဝင်ကြည့်ခွင့်ပေးတဲ့ ထရိန်နင်တစ်ခုမှာ
သူ့ကို ရောင်းထုတ်ဖို့ ပရိသတ်တစ်ဦးက

အော်ဟစ်တိုက်တွန်းခဲ့ပါတယ်။


ဒီလို စော်ကားခံခဲ့ရပေမယ့် ပရိသတ်အများစုကတော့
ဗာနာကို သဘောကျနေဆဲဖြစ်ပါတယ်။

”တစ်ခါတလေ ချဲလ်ဆီးပရိသတ်တွေက
ဘာလို့များ ကျွန်တော့်ကို ဒီလောက်
အားပေးလဲဆိုတာ ကိုယ်တိုင်လည်း မသိပါဘူး။
ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ပါ။
ဒီတော့ ဂိုးတွေသွင်းချင်တယ်။ ဒါပေမဲ့

အခွင့်အရေးတွေ လွဲချော်ဖြုန်းတီးမိခဲ့တယ်”လို့ ဗာနာက ပြောပါတယ်။