ပရိသတ်တွေ သဘောကြနေတဲ့ အသင်းရဲ့ လူငယ် ကြယ်ပွင့်ဂါနာချိုကိုနှစ်ရှည် စာချုပ်ချုပ်နိုင်ဖို့ ယူနိုက်တက်ကြိုးစားနေ

မန်ယူဟာ အသင်းပရိသတ်တွေ အထူးအားပေးကြတဲ့ ကစားသမားတစ်ယောက်ဖြစ်သူ

လူငယ်ကြယ်ပွင့်ဂါနာချိုကို ၅ နှစ်စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ဂါနာချိုရဲ့လက်ရှိစာချုပ်က ၂၀၂၅ မှာ သက်တမ်းကုန်မှာဖြစ်ပြီး ယူနိုက်တက်က

သူ့ကို ၅ နှစ်စာချုပ်သစ်ချုပ်ဆိုချင်နေတာလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ဆိုခဲ့တာပါ။

အက်သလက်တီကိုလူငယ်မှာ ကစားခဲ့တဲ့ ဂါနာချိုဟာ ၂၀၂၀ မှာ ယူနိုက်တက်အကယ်ဒမီကိုရောက်လာတာ ဖြစ်ပါတယ်။

လူငယ်အဆင့်မှာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ ပြီးခဲ့တဲ့ရာသီကုန်မှာ ပထမအသင်းကြီးထဲ စတင်ပါဝင်လာပြီး ပရီးမီးယားလိဂ် ၂ ပွဲကစားခွင့်ရထားတာပါ။

သူဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ယူရဲ့လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

အခုချိန်ထိတော့ ၁၈ နှစ်အရွယ် ကစားသမားဟာ အသင်းကြီးမှာ ၄ ပွဲကစားထားတာပါ။

ပြီးခဲ့တဲ့ကြားရက်က ရှရစ်ဖ်နဲ့ယူရိုပါလိဂ်ပွဲမှာမှ ပထမဆုံးအကြိမ်အဖြစ် စီနီယာပွဲထွက်စာရင်းထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ဂါနာချိုဟာ ဂိုးသွင်း၊ ဂိုးဖန်တီး မရှိခဲ့ပေမယ့် တစ်ပွဲလုံးမှာ ပြိုင်ဘက်နောက်တန်းကို ခြိမ်းခြောက်မှုလုပ်နိုင်ခဲ့လို့

အသင်းဝက်ဘ်ဆိုဒ်မှာ ပရိသတ်တွေက ရွေးတဲ့ man of the match ကို ရရှိခဲ့တာပါ။

စကေးပိုင်းကောင်းတဲ့ အဲဒီတောင်ပံကစားသမားဟာ ဝက်စ်ဟမ်းနဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ

လူစားဝင်ပါဝင်နိုင်ပြီး တောက်ပတဲ့အနာဂါတ်ရှိသူလို့လည်း တစ်ပေးခံထားရပါတယ်။

သူ့ရဲ့စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေလုပ်လာတာ တစ်လကျော်ရှိလာခဲ့ပါပြီ။

ယူနိုက်တက်ဂန္ထဝင်ဟောင်းပေါလ်စခိုးကတော့ ဂါနာချိုကိုကြည့်ပြီး ငယ်ရွယ်တဲ့စီရော်နယ်ဒိုကို သတိရမိကြောင်း ချီးကျူးထားပါတယ်။

zawgyi















