ပရိသတ်တွေ နှလုံးဖောက်လုနီးပါးဖြစ်အောင် ဒဏ်ရာရသလိုဟန်ဆောင်ပြခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းနဲ့ အတူလေ့ကျင့်ရေးမှာ မက်ဆီလုပ်ပြနေတဲ့ပုံစံက တစ်ကမ္ဘာလုံးကို ထိတ်လန့်စေခဲ့ပါတယ်။ ဒါပေမဲ့ သူဟာအသင်းဖော်တွေကိုဟာသသဘောနဲ့ စနောက်ခဲ့တာဖြစ်ပြီး

ဒဏ်ရာရသလိုဟန်ဆောင်ပြခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် လပိုင်းအလိုလောက်မှာ ကလပ်အသင်းအတွက်ကစားရင်း ဒဏ်ရာရခဲ့ဖူးတာကြောင့်

ကာတာကမ္ဘာ့ဖလားကျင်းပဖို့တစ်ပတ်အလိုမှာ မက်ဆီကြံ့ခိုင်မှုမပြည့်မှာကို စိုးရိမ်နေကြပါတယ်။ နည်းပြဂယ်တီရာဟာ မက်ဆီကို အော်ဇေးနဲ့နောက်ဆုံးပွဲစဉ်အထိအသုံးပြုသွားခဲ့ပေမဲ့

ပွဲချိန် ၇၅ မိနစ် အရောက်မှာအနားပေးခဲ့တာဖြစ်တယ်။ တနင်္လာနေ့လည်ပိုင်းမှာတော့ မက်ဆီဟာ နိုင်ငံတကာအသင်းဖော်တွေနဲ့ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်သွားခဲ့ပါတယ်။

လေ့ကျင့်ရေးမှာရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ခြေထောက် အနောက်ဘက်ကိုဆုပ်ကိုင်နေပြီးနောက်တော့ အသင်းဖော် ဒီပေါလ်နဲ့အတူရယ်မောခဲ့လို့ဒဏ်ရာ

အတုဟန်ဆောင်ခဲ့တယ်လို့ အားလုံးသိသွားကြတာဖြစ်တယ်။ ဒါနဲ့ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “နှလုံဖောက်လုနီးပါးဖြစ်နေပြီ။ အဆင်မပြေဘူးနော်၊ အဲ့လိုတော့မနောက်နဲ့” လို့

ဆိုရှယ်မီဒီယာပေါ်မှာရေးသားခဲ့ပါတယ်။ ဒုတိယတစ်ယောက်က “လီယို ငါ့ကိုမနောက်ပါနဲ့” လို့ မှတ်ချက်ပေးခဲ့ပြီး တတိယတစ်ယောက်ကတော့ “‘ဒီလူကတော့ ငါတို့ရဲ့နှလုံးသားတွေကို

လာပြီးလှည့်စားနေတယ်” လို့ တုံ့ပြန်သွားခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားမတိုင်ခင် ယူအေအီးနဲ့ခြေစမ်းကစားဖို့အတွက် အသင်းဖော်တွေနဲ့အတူ အဘူဒါဘီကို ရောက်ရှိနေတာဖြစ်တယ်။

(Zawgyi)

အာဂျင်တီးနားပရိသတ်တွေ နှလုံးဖောက်လုနီးပါးဖြစ်အောင် ဒဏ်ရာရသလိုဟန်ဆောင်ပြခဲ့တဲ့ မက်ဆီ








