ပရိသတ်တွေ စိတ်လှုပ်ရှားစေဖို့ အမ်ပိုလီကို ၂ ဂိုးသွင်းခွင့်ပြုလိုက်တာလို့ မော်ရင်ညိုနောက်ပြောင်

ရိုးမားအသင်းနည်းပြ မော်ရင်ညိုက မိမိတို့အသင်းအနေနဲ့
ယမန်နေ့ညက အမ်ပိုလီကို ၂-၄ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ပွဲကြည့်ပရိသတ်တွေ စိတ်လှုပရှားစေဖို့
အိမ်ရှင်အသင်းကို ၂ ဂိုးသွင်းခွင့်
ပြုလိုက်တာဖြစ်ကြောင်း နောက်ပြောင်လိုက်ပါတယ်။
ရိုးမားဟာ ပထမပိုင်းမှာ အေဘရာဟမ်(၂ဂိုး)၊
ဇာနီယိုလိုနဲ့ ဆာဂျီယိုအိုလီဗီအဲရာတို့ရဲ့
ဂိုးတွေကြောင့် ဝ-၄ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။


ဒါပေမဲ့ ဒုတိယပိုင်းမှာ အမ်ပိုလီအသင်းက
ချေပဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့လို့
ပွဲအပြီးမှာ ၂-၄ ဂိုးနဲ့ပဲ အနိုင်ရခဲ့တာပါ။
မော်ရင်ညိုက အသင်းရဲ့စွမ်းဆောင်ရည်အပေါ်
ပျော်ရွှင်ကျေနပ်မိပြီး အိမ်မှာ တီဗီၤွကနေ
ကြည့်ရှုနေတဲ့ပရိသတ်တွေကို ပွဲမပြီးခင်
တီဗွီပိတ်လိုက်တာမျိုး မဖြစ်စေချင်ခဲ့ဘူးလို့ နောက်ပြောင်ပါတယ်။
”ကျွန်တော်တု့ိအသင်း ပွဲကို ထိန်းချုပ်
ကစားနိုင်ခဲ့ပြီး အမ်ပိုလီကွင်းမှာ
၂-၄ ဂိုးနဲ့အနိုင်ရဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။
ဒီကွင်းမှာ လာဇီယို၊ အတ္တလန္တာနဲ့ ဖီအိုရင်တီးနားတို့အားလုံး
အမှတ်တွေ လျော့ကျခဲ့တာပါ။ ဒုတိယပိုင်းကတော့
ပွဲကြည့်ပရိသတ်တွေအတွက် လုပ်ဆောင်ခဲ့တာပါ။


တကယ်လို့ ကျွန်တော်တို့အသင်း
ဝ-၅ဂိုးနဲ့ ဦးဆောင်နိုင်ရင် ပရိသတ်တွေလည်း
အိမ်က တီဗွီကို ပိတ်လိုက်ကြမှာပါ”လို့ မော်ရင်ညိုက ပြောပါတယ်။
ရိုးမားဟာ အဆင့် ၆ နေရာ
တက်လှမ်းလာပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ
တန်းဆင်းဇုန်ထဲက ဂျီနိုအာနဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်ပါတယ်။