ပရိသတ်တွေအကိုင်များလို့ လုံးပါးပါးနေပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ရွှေပန်း

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မွေးရပ်မြေပေါ်တူဂီနိုင်ငံ၊ဖန်ချဲလ်ရှိ

ပေါ်တူဂီစူပါစတားရဲ့ရုပ်ထုမှပစ္စည်းဧရိယာဝန်းကျင်မှာပ

ရိသတ်အကိုင်များမှုကြောင့်လုံးပါးပါးလျက်ရှိကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကြေးရုပ်ထုကို၂၀၁၄ခုနှစ်တုန်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီး

တစ်နှစ်ပြီးတစ်နှစ်ကြာလာတာနဲ့အမျှရုပ်ထုမှပစ္စည်းနေရာက

တဖြည်းဖြည်းလုံးပါးပါးလာနေပါတယ်။

အထူးသဖြင့်ခရီးသွားဧည့်သည်များဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့

ပစ္စည်းဧရိယာဝန်းကျင်ကိုကိုင်ကာဓာတ်ပုံရိုက်ကူးနေမှုနဲ့အတူ

ယင်းဧရိယာကလည်းလုံးပါးပါးသလိုပြောင်လက်လျက်ရှိနေပါတယ်။

ပေါ်တူဂီသို့လာရောက်တဲ့ခရီးသွားဧည့်သည်တစ်ဦးက

“မိသားစုဆီပို့မယ်ဆိုပြီးဓာတ်ပုံရိုက်တာ။ WhataApp ကနေ

ဓာတ်ပုံကိုလည်းပို့လိုက်ရောအားလုံးကဝိုင်းရယ်ကြတယ်။

ပေါင်ကြားနေရာကအရမ်းပြောင်လက်နေတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရုပ်ထုကပေါ်တူဂီမှာ

ယင်းတစ်နေရာတည်းမှာရှိတာမဟုတ်ပါဘူး။

မိုဒိုင်ရာနိုင်ငံတကာလေဆိပ်မှာလည်းရော်နယ်ဒိုရဲ့ရုပ်ထုရှိပြီး

ယင်းရုပ်ထုကရယ်စရာကောင်းအောင် မတူညီမှုနဲ့အတူ

ပရိသတ်များရဲ့လှောင်ပြောင်ခံလာခဲ့ရပါတယ်။

zawgyi

ပရိသတ္ေတြအကိုင္မ်ားလို႔ လုံးပါးပါးေနၿပီျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ ေ႐ႊပန္း

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေမြးရပ္ေျမေပၚတူဂီႏိုင္ငံ၊ဖန္ခ်ဲလ္ရွိ

ေပၚတူဂီစူပါစတားရဲ႕႐ုပ္ထုမွပစၥည္းဧရိယာဝန္းက်င္မွာပ

ရိသတ္အကိုင္မ်ားမႈေၾကာင့္လုံးပါးပါးလ်က္ရွိေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေၾကး႐ုပ္ထုကို၂၀၁၄ခုႏွစ္တုန္းကဖြင့္လွစ္ခဲ့တာျဖစ္ၿပီး

တစ္ႏွစ္ၿပီးတစ္ႏွစ္ၾကာလာတာနဲ႔အမွ်႐ုပ္ထုမွပစၥည္းေနရာက

တျဖည္းျဖည္းလုံးပါးပါးလာေနပါတယ္။

အထူးသျဖင့္ခရီးသြားဧည့္သည္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕

ပစၥည္းဧရိယာဝန္းက်င္ကိုကိုင္ကာဓာတ္ပုံ႐ိုက္ကူးေနမႈနဲ႔အတူ

ယင္းဧရိယာကလည္းလုံးပါးပါးသလိုေျပာင္လက္လ်က္ရွိေနပါတယ္။

ေပၚတူဂီသို႔လာေရာက္တဲ့ခရီးသြားဧည့္သည္တစ္ဦးက

“မိသားစုဆီပို႔မယ္ဆိုၿပီးဓာတ္ပုံ႐ိုက္တာ။ WhataApp ကေန

ဓာတ္ပုံကိုလည္းပို႔လိုက္ေရာအားလုံးကဝိုင္းရယ္ၾကတယ္။

ေပါင္ၾကားေနရာကအရမ္းေျပာင္လက္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒို႐ုပ္ထုကေပၚတူဂီမွာ

ယင္းတစ္ေနရာတည္းမွာရွိတာမဟုတ္ပါဘူး။

မိုဒိုင္ရာႏိုင္ငံတကာေလဆိပ္မွာလည္းေရာ္နယ္ဒိုရဲ႕႐ုပ္ထုရွိၿပီး

ယင္း႐ုပ္ထုကရယ္စရာေကာင္းေအာင္ မတူညီမႈနဲ႔အတူ

ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္ခံလာခဲ့ရပါတယ္။