ပရိသတ်တွေရဲ့ဝေဖန်မှုတွေထဲက မက်ဆီဟာ Ballon d’Or ဆုနဲ့မထိုက်တန်ဘူးဆိုတာကို စီရော်နယ်လ်ဒိုထောက်ခံ

စီရော်နယ်လ်ဒိုရဲ့ပရိသတ်တွေစုစည်းဖန်တီးထားတဲ့ Fan Page က

အခုနှစ် Ballon d’Or ဆုကို မက်ဆီဟာ စီရော်နယ်လ်ဒို၊

လီဝန်ဒေါစကီးတို့ဆီကနေ ခိုးယူခဲ့တာဖြစ်တယ်လို့ ဝေဖန်ရေးသားခဲ့တဲ့အပေါ်

ထောက်ခံတဲ့မှတ်ချက်ပေးခဲ့ပါတယ်။ အာဂျင်တီးနားနာမည်ကျော်ကစားသမား

မက်ဆီဟာ ၂၀၂၁ Ballon d’Or ဆုကို လီဝန်ဒေါစကီးထက် (၃၃)မှတ်အသာနဲ့သာ

ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး (၇)ကြိမ်မြောက် Ballon d’Or ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုကတော့ အဆင့်(၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး

ဒါက Ballon d’Or ဆုအဆင့်သတ်မှတ်ချက်မှာ (၁၁)နှစ်အတွင်း

ပထမဆုံးအကြိမ်အဖြစ် စီရော်နယ်လ်ဒိုဟာ ထိပ်ဆုံး(၃)ဦးပြင်ပမှ

ာရပ်တည်နိုင်ခဲ့တာပါ။ အဲဒါကြောင့် စီရော်နယ်လ်ဒိုပရိသတ်တွေက

၂၀၂၁ ခုနှစ်အတွင်း စီရော်နယ်လ်ဒိုရရှိခဲ့တဲ့ သမိုင်းဝင်သွင်းဂိုးစံချိန်တွေ၊

တစ်ဦးချင်းစံချိန်မှတ်တမ်းတွေနဲ့ ဆုဖလားအောင်မြင်မှုကို Instagram မှာ

Post တင်ပြီးတော့ မက်ဆီဟာ စီရော်နယ်လ်ဒိုလောက်

မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုပရိသတ်တွေက ‘သူခိုး၊ ကလိမ်ကကျစ်၊ ရှက်စရာကောင်းပြီး

မဖြစ်သင့်တဲ့ဆု။ ဦးနှောက်ရှိတဲ့သူတိုင်း ဒီဆုက ဘယ်သူနဲ့အထိုက်တန်ဆုံးလဲဆိုတာ

ကောင်းကောင်းသိပါလိမ့်မယ်။ ဘာမှစွမ်းဆောင်နိုင်မှုမရှိဘဲနဲ့ ဆုရခဲ့တာက

ဂုဏ်ယူစရာမကောင်းသလို အဲဒီအတွက် ဝမ်းသာနေဖို့မလိုပါဘူး။

ဆုရရ၊ မရရ စီရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက်

အကောင်းဆုံးကစားသမားတစ်ဦးပါပဲ’လို့ ရေးသားခဲ့ပြီး အဲဒီ Post အောက်မှာ

စီရော်နယ်လ်ဒိုက လက်မထောင်ထားတဲ့ Emoji နဲ့အတူ

“Facts👍👀. “ဆိုပြီးတော့ Comment ရေးသားခဲ့တာပါ။

စီရော်နယ်လ်ဒိုရဲ့ Comment ကို Like ပေးတဲ့သူအရေအတွက်က

(၃၀,၀၀၀)ကျော်ရှိခဲ့သလို Reply လုပ်ကြတဲ့အရေအတွက်က 10 K ကျော်အထိ

ရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒိုပရိသတ်တွေပြောသလို မက်ဆီဟာ

ဒီနှစ် Ballon d’Or ဆုနဲ့တကယ်ပဲမထိုက်တန်ဘူးလား ..

ဒီဆုကို ဘယ်သူရသင့်လဲဆိုတာ ပရိသတ်တွေရဲ့အမြင်ကိုပြောခဲ့ပါလား . . .

zawgyi

ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြထဲက မက္ဆီဟာ Ballon d’Or ဆုနဲ႔မထိုက္တန္ဘူးဆိုတာကို စီေရာ္နယ္လ္ဒိုေထာက္ခံ

စီေရာ္နယ္လ္ဒိုရဲ႕ပရိသတ္ေတြစုစည္းဖန္တီးထားတဲ့ Fan Page က

အခုႏွစ္ Ballon d’Or ဆုကို မက္ဆီဟာ စီေရာ္နယ္လ္ဒို၊

လီဝန္ေဒါစကီးတို႔ဆီကေန ခိုးယူခဲ့တာျဖစ္တယ္လို႔ ေဝဖန္ေရးသားခဲ့တဲ့အေပၚ

ေထာက္ခံတဲ့မွတ္ခ်က္ေပးခဲ့ပါတယ္။ အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမား

မက္ဆီဟာ ၂၀၂၁ Ballon d’Or ဆုကို လီဝန္ေဒါစကီးထက္ (၃၃)မွတ္အသာနဲ႔သာ

ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး (၇)ႀကိမ္ေျမာက္ Ballon d’Or ဆုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုကေတာ့ အဆင့္(၆)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီး

ဒါက Ballon d’Or ဆုအဆင့္သတ္မွတ္ခ်က္မွာ (၁၁)ႏွစ္အတြင္း

ပထမဆုံးအႀကိမ္အျဖစ္ စီေရာ္နယ္လ္ဒိုဟာ ထိပ္ဆုံး(၃)ဦးျပင္ပမွ

ာရပ္တည္ႏိုင္ခဲ့တာပါ။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုပရိသတ္ေတြက

၂၀၂၁ ခုႏွစ္အတြင္း စီေရာ္နယ္လ္ဒိုရရွိခဲ့တဲ့ သမိုင္းဝင္သြင္းဂိုးစံခ်ိန္ေတြ၊

တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေတြနဲ႔ ဆုဖလားေအာင္ျမင္မႈကို Instagram မွာ

Post တင္ၿပီးေတာ့ မက္ဆီဟာ စီေရာ္နယ္လ္ဒိုေလာက္

မစြမ္းေဆာင္ႏိုင္ခဲ့ဘူးဆိုၿပီး ေဝဖန္ေနၾကတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုပရိသတ္ေတြက ‘သူခိုး၊ ကလိမ္ကက်စ္၊ ရွက္စရာေကာင္းၿပီး

မျဖစ္သင့္တဲ့ဆု။ ဦးေႏွာက္ရွိတဲ့သူတိုင္း ဒီဆုက ဘယ္သူနဲ႔အထိုက္တန္ဆုံးလဲဆိုတာ

ေကာင္းေကာင္းသိပါလိမ့္မယ္။ ဘာမွစြမ္းေဆာင္ႏိုင္မႈမရွိဘဲနဲ႔ ဆုရခဲ့တာက

ဂုဏ္ယူစရာမေကာင္းသလို အဲဒီအတြက္ ဝမ္းသာေနဖို႔မလိုပါဘူး။

ဆုရရ၊ မရရ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္

အေကာင္းဆုံးကစားသမားတစ္ဦးပါပဲ’လို႔ ေရးသားခဲ့ၿပီး အဲဒီ Post ေအာက္မွာ

စီေရာ္နယ္လ္ဒိုက လက္မေထာင္ထားတဲ့ Emoji နဲ႔အတူ

“Facts👍👀. “ဆိုၿပီးေတာ့ Comment ေရးသားခဲ့တာပါ။

စီေရာ္နယ္လ္ဒိုရဲ႕ Comment ကို Like ေပးတဲ့သူအေရအတြက္က

(၃၀,၀၀၀)ေက်ာ္ရွိခဲ့သလို Reply လုပ္ၾကတဲ့အေရအတြက္က 10 K ေက်ာ္အထိ

ရွိခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုပရိသတ္ေတြေျပာသလို မက္ဆီဟာ

ဒီႏွစ္ Ballon d’Or ဆုနဲ႔တကယ္ပဲမထိုက္တန္ဘူးလား ..

ဒီဆုကို ဘယ္သူရသင့္လဲဆိုတာ ပရိသတ္ေတြရဲ႕အျမင္ကိုေျပာခဲ့ပါလား . . .