
ကာတာကမ္ဘာ့ဖလားကတော့ ပြိုင်ပွဲစဖို့ နီးကပ်လာလေလေ ကမောက်ကမ အခြေအနေတွေနဲ့ အိုးနင်းခွက်နင်း အခြေအနေတွေ ပိုပြီး ဖြစ်လာနေတယ်လို့ ဆိုရပါတော့မယ်။





ဘာကြောင့်လဲဆိုတော့ အဆင်မပြေမှုတွေကို လိုင်းပေါ် တင်တဲ့ ပရိသတ်တွေရဲ့ ဖုန်းတွေကို ရိုက်ခွဲပစ်မယ်လို့ ကာတာအာဏာပိုင် တွေက ခြိမ်းခြောက်လိုက်လို့ ဖြစ်ပါတယ်။





ပရိသတ်တွေ တည်းခိုဖို့အတွက် နေရာထိုင်ခင်းတွေနဲ့ စုရပ်တွေမှာ အဆင်မပြေမှုတွေ၊ စီမံခန့်ခွဲမှု အလွဲအမှား တွေနဲ့ ပတ်သက်ပြီး ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေကို တွစ်တာ၊
ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ တစ်တော့စတဲ့ လူမှုကွန်ရက်တွေပေါ် တင်ကြတဲ့ ပရိသတ်တွေရဲ့ ဖုန်း တွေကို ရိုက်ခွဲပစ်တာတွေ၊ သိမ်းဆည်းတာတွေ လုပ်မယ်ဆိုပြီး
ကာတာအာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ Daily Mail သတင်းစာက ရေးသား ဖော်ပြပါတယ်။ မနက်ဖြန်ဆိုရင် အိမ်ရှင် ကာတာနဲ့ အီကွေဒေါတို့ရဲ့ အဖွင့်ပွဲစဉ်ကို





ခမ်းခမ်းနားနားနဲ့ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပေမဲ့ ကန့်လန့်ကာနောက် ကွယ်ဖြစ်တဲ့ ပရိသတ် စုဝေးရာနေရာတွေ၊ နေရာထိုင်ခင်းတွေနဲ့ ယာယီ တည်းခိုရေးစခန်း
တွေမှာဆိုရင်တော့ အခုအချိန်အထိကို ပြင်ဆင်နေမှုတွေ လုပ်နေရတုန်းပဲ ဖြစ်ပါတယ်။ ကာတာကို ရောက်ရှိနေပြီဖြစ်တဲ့ ပရိသတ်တွေ ရဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ရတာတော့





အဆင်ပြေချောမွေ့မှု လုံး၀ မရှိသလို ထိုက်သင့်သလောက်တောင် ပြည့်စုံမှု မရှိဘူးလို့ သိရပါတယ်။ ကွန်တိန်နာ ပုံစံလို နှစ်ယောက်အိပ်ခန်းတွေမှာဆိုရင် ခုတင်နှစ်လုံး
ပါပေမဲ့ ခေါင်းအုံး မရှိ တာမျိုးတွေ၊ လေအေးပေးစနစ် အလုပ်မလုပ်တာမျိုးတွေ၊ ဝန်နဲ့အား မမျှတာကြောင့် ရာသီဥတုပူပြင်းတဲ့ ဒဏ်ကို ခံနေရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပရိသတ်တစ်ယောက်စာအတွက် တည်းခိုစရိတ်ဟာ တစ်နေ့ တာကို ၁၈၅ ပေါင်အထိ ပေးနေရတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အခု လိုမျိုး အခြေအနေတွေကို ခွင့်ပြုချက်မရဘဲ





ရိုက်ကူး လွှင့်တင်ခဲ့မယ်ဆိုရင် တော့ မလိုလားအပ်တဲ့ ပြစ်ဒဏ်ပေးမှုမျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကာတာ အာဏာပိုင်တွေဆီကနေပြီး ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်
ပရိသတ်တွေက လိုင်းပေါ်တက်ပြီး ပေါက်ကွဲကုန်ကြပါပြီ။ ‘’ကွာရန်တင်းဝင်တဲ့ စခန်းထက်တောင်မှ ဆိုးပါသေးတယ်ကွာ’’ ဆိုပြီး ပရိသတ်တစ်ယောက်က ပို့စ်တင်ခဲ့ပါတယ်။





နောက်ထပ် တစ်ယောက်ကတော့ ‘’ကွာရန်တင်း ဝင်ဖို့များ ကွာ ပိုက်ဆံတွေ အများကြီး ပေးပြီး လာရတယ်လို့’’ ဆိုပြီး လိုင်းပေါ်မှာ ရေး သားခဲ့ပါတယ်။
‘’ဆွီဒင်က အချုပ်ခန်းတွေ ကျနေတာပဲကွာ’’ လို့ နောက်ထပ် တစ်ယောက်ကလည်း ရေးသားခဲ့ပါတယ်။





(Zawgyi)
ပရိသတ္ေတြရဲ႕ဖုန္းေတြကို ႐ိုက္ခြဲပစ္မယ္ဆိုၿပီး ကာတာအာဏာပိုင္ေတြ ၿခိမ္းေျခာက္





ကာတာကမာၻ႔ဖလားကေတာ့ ၿပိဳင္ပြဲစဖို႔ နီးကပ္လာေလေလ ကေမာက္ကမ အေျခအေနေတြနဲ႔ အိုးနင္းခြက္နင္း အေျခအေနေတြ ပိုၿပီး ျဖစ္လာေနတယ္လို႔ ဆိုရပါေတာ့မယ္။
ဘာေၾကာင့္လဲဆိုေတာ့ အဆင္မေျပမႈေတြကို လိုင္းေပၚ တင္တဲ့ ပရိသတ္ေတြရဲ႕ ဖုန္းေတြကို ႐ိုက္ခြဲပစ္မယ္လို႔ ကာတာအာဏာပိုင္ ေတြက ၿခိမ္းေျခာက္လိုက္လို႔ ျဖစ္ပါတယ္။
ပရိသတ္ေတြ တည္းခိုဖို႔အတြက္ ေနရာထိုင္ခင္းေတြနဲ႔ စုရပ္ေတြမွာ အဆင္မေျပမႈေတြ၊ စီမံခန႔္ခြဲမႈ အလြဲအမွား ေတြနဲ႔ ပတ္သက္ၿပီး ႐ုပ္သံဖိုင္ေတြ၊ ဓာတ္ပုံေတြကို တြစ္တာ၊ ေဖ့စ္ဘြတ္၊





အင္စတာဂရမ္၊ တစ္ေတာ့စတဲ့ လူမႈကြန္ရက္ေတြေပၚ တင္ၾကတဲ့ ပရိသတ္ေတြရဲ႕ ဖုန္း ေတြကို ႐ိုက္ခြဲပစ္တာေတြ၊ သိမ္းဆည္းတာေတြ လုပ္မယ္ဆိုၿပီး ကာတာအာဏာပိုင္ေတြက ၿခိမ္းေျခာက္ခဲ့တယ္လို႔
Daily Mail သတင္းစာက ေရးသား ေဖာ္ျပပါတယ္။ မနက္ျဖန္ဆိုရင္ အိမ္ရွင္ ကာတာနဲ႔ အီေကြေဒါတို႔ရဲ႕ အဖြင့္ပြဲစဥ္ကို ခမ္းခမ္းနားနားနဲ႔ စတင္ဖြင့္လွစ္ေတာ့မွာ ျဖစ္ေပမဲ့





ကန႔္လန႔္ကာေနာက္ ကြယ္ျဖစ္တဲ့ ပရိသတ္ စုေဝးရာေနရာေတြ၊ ေနရာထိုင္ခင္းေတြနဲ႔ ယာယီ တည္းခိုေရးစခန္း ေတြမွာဆိုရင္ေတာ့ အခုအခ်ိန္အထိကို ျပင္ဆင္ေနမႈေတြ လုပ္ေနရတုန္းပဲ ျဖစ္ပါတယ္။
ကာတာကို ေရာက္ရွိေနၿပီျဖစ္တဲ့ ပရိသတ္ေတြ ရဲ႕ ဗီဒီယိုဖိုင္ေတြကို ၾကည့္ရတာေတာ့ အဆင္ေျပေခ်ာေမြ႕မႈ လုံး၀ မရွိသလို ထိုက္သင့္သေလာက္ေတာင္ ျပည့္စုံမႈ မရွိဘူးလို႔ သိရပါတယ္။
ကြန္တိန္နာ ပုံစံလို ႏွစ္ေယာက္အိပ္ခန္းေတြမွာဆိုရင္ ခုတင္ႏွစ္လုံး ပါေပမဲ့ ေခါင္းအုံး မရွိ တာမ်ိဳးေတြ၊ ေလေအးေပးစနစ္ အလုပ္မလုပ္တာမ်ိဳးေတြ၊ ဝန္နဲ႔အား မမွ်တာ ေၾကာင့္





ရာသီဥတုပူျပင္းတဲ့ ဒဏ္ကို ခံေနရတာမ်ိဳးေတြ ရွိေနတယ္လို႔ သိရပါ တယ္။ ဒါေပမဲ့ ပရိသတ္တစ္ေယာက္စာအတြက္ တည္းခိုစရိတ္ဟာ တစ္ေန႔ တာကို ၁၈၅ ေပါင္အထိ ေပးေနရတယ္လို႔ သိရပါတယ္။
ဒါေပမဲ့လည္း အခု လိုမ်ိဳး အေျခအေနေတြကို ခြင့္ျပဳခ်က္မရဘဲ ႐ိုက္ကူး လႊင့္တင္ခဲ့မယ္ဆိုရင္ ေတာ့ မလိုလားအပ္တဲ့ ျပစ္ဒဏ္ေပးမႈမ်ိဳးေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ကာတာ အာဏာပိုင္ေတြဆီကေနၿပီး





ၿခိမ္းေျခာက္မႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ပရိ သတ္ေတြက လိုင္းေပၚတက္ၿပီး ေပါက္ကြဲကုန္ၾကပါၿပီ။ ‘’ကြာရန္တင္းဝင္တဲ့ စခန္းထက္ေတာင္မွ ဆိုးပါေသးတယ္ကြာ’’ ဆိုၿပီး
ပရိသတ္တစ္ေယာက္က ပို႔စ္တင္ခဲ့ပါတယ္။ ေနာက္ထပ္ တစ္ေယာက္ကေတာ့ ‘’ကြာရန္တင္း ဝင္ဖို႔မ်ား ကြာ ပိုက္ဆံေတြ အမ်ားႀကီး ေပးၿပီး လာရတယ္လို႔’’ ဆိုၿပီး လိုင္းေပၚမွာ ေရး သားခဲ့ပါတယ္။
‘’ဆြီဒင္က အခ်ဳပ္ခန္းေတြ က်ေနတာပဲကြာ’’ လို႔ ေနာက္ထပ္ တစ္ေယာက္ကလည္း ေရးသားခဲ့ပါတယ္။




